♪ “Huawei P9” ကိုစိတ်ဝင်စားသူများလေ့လာနိုင်ဖို့ ♫


P9 အရွယ်အစားဟာ 145×71×7mm ရှိမှာဖြစ်ပြီး အလေးချိန်ကတော့ ၁၄၄ ဂရမ်ရှိပါတယ်။ 3000mAh ဘက်ထရီထည့်ထားတယ်ဆိုပေမယ့် 7mm ဟာ သိပ်အထူကြီးတော့ မဟုတ်ပါဘူး။ SIM, SD card slot တွေကတော့ ဖုန်း ကိုယ်ထည်မှာရှိတဲ့ Tray ကို ထုတ်ယူပြီး ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ ၅.၂လက်မရှိ တဲ့ ဖန်သားမှာ FHD LCD panel ကို သုံးထားပါတယ်။ ပုံရိပ် တွေကိုဖော်ပြနိုင်စွမ်းကောင်း မွန်ပြီး နေ့အလင်းရောင်၊ နေရောင် တိုက်ရိုက် ကျတဲ့ အချိန်မှာတောင် ဖန်သားက ပြတ်သားမှုရှိရှိ ဖော်ပြနိုင် တယ်လို့ဆိုပါ တယ်။

ကင်မရာရဲ့စွမ်းဆောင်ချက်နဲ့ OS တစ်ခုရဲ့လုပ်ဆောင်မှုတွေကို အသား ကျစွာ ထိန်းချုပ်နိုင်စေဖို့အတွက် သူ့မှာသုံးစွဲထားတဲ့ ပရိုဆက်ဆာကတော့ ကိုယ်တိုင်ထုတ်လုပ်တဲ့ Hisilicon Kirin 955 ဖြစ်ပါ တယ်။ P9 မှာ သုံးစွဲသူတွေ စိတ်ကြိုက်လိုအပ်တဲ့သိုလှောင်မှုနဲ့ ၀ယ်နိုင်စေဖို့ 3GB RAM (32GB Storage), 4GB RAM (64GB storage) တွေနဲ့ဖြစ်ပါတယ်။ ဆော့ဝဲပိုင်းနဲ့ ပတ်သက်ရင် တော့ Android ရဲ့ နောက်ဆုံး ထွက်ထားတဲ့ ဗားရှင်း 6.0.1(Marshm-allow) နဲ့ဖြစ်ပြီး Emotion UI 4.1 ပါ တွဲဖက်သုံးနိုင်ပါလိမ့်မယ်။ 

လိုအပ်သလိုပြောင်းလဲ သုံးစွဲနိုင်မယ့် UI တွေကို Packages လိုက်ထည့်သွင်းပေးထားပါတယ်။ Huawei ID သာရှိမယ်ဆိုရင် theme အသစ်တွေကို ထပ်မံဒေါင်းလုပ်ပြုလုပ်နိုင်ဦးမှာပါ။ ဖုန်းရဲ့နောက်ကွယ်ကနေ စွမ်းအားအလေအလွင့်ဖြစ်အောင် ပြုလုပ်နေတဲ့ App တွေကိုလည်း စီမံခန့်ခွဲထားနိုင်ပါသေးတယ်။ App တွေကို Backup, Restore ပြုလုပ်ပြီးတော့ အခြား Huawei ဖုန်းတွေဆီကို လွှဲပြောင်းနိုင်ပါလိမ့်မယ်။

Huawei ရဲ့ P9 မှာ သုံးထားတဲ့ ကင်မရာရဲ့ နည်းပညာက ပိုဆန်းသစ်နေ ပါတယ်။ မတူကွဲပြားတဲ့ ကင်မရာလုပ်ဆောင်ချက်တွေနဲ့ ပုံရိပ်တွေဖမ်းယူ ပေးမှာပါ။ ကင်မရာတစ်ခုဟာ RGB Sensor ပါဝင်ပြီး အရောင်စုံနဲ့ ပုံတွေ ရိုက်ကူးတဲ့ပုံစံဖြစ်ကာ ကင်မရာတစ်ခုမှာတော့ Monochrome Sensor နဲ့ဖြစ်ပါတယ်။ တိကျစွာဆိုရမယ်ဆိုရင် အဖြူ၊ အမည်း ရိုက်ကူးနိုင်စွမ်းပါ။ ပုံမှန် Lens တွေမှာသုံးထားတဲ့ RGB Filtering မပါတော့တာကြောင့် အလင်းအမှောင် သိပ်သည်းဆကိုပဲ တိုက်ရိုက်အာရုံခံပေးတော့မှာဖြစ်ပါတယ်။ ဒါကြောင့် Object တစ်ခုကိုရိုက်ကူးလိုက်တာနဲ့ Lens နှစ်ခုဟာ သူတို့ လုပ်ဆောင်ချက် တစ်ခုချင်းကိုပြုလုပ်ပေးပြီး အလင်းအမှောင် ပြတ်သား၍ Focus တည်ငြိမ်တဲ့ ပုံကောင်းတစ်ပုံထုတ်ပေး မှာပါ။


အလင်းရောင် အရမ်းအားနည်းတဲ့အချိန်မှာ တောင် ပြတ်သားတဲ့ ပုံထွက်ကိုပေးပါလိမ့်မယ်။ အဓိက ကင်မရာဟာ 12MP Sensor မှာ f/2.2 aperture နဲ့ဖြစ်ပြီး Selfie ကင်မရာကတော့ 8MP မှာ f/2.4 နဲ့ဖြစ်ပါတယ်။ Li-Ion 3000 mAh ဘက်ထရီဟာ ဖုန်းကိုကြာရှည်စွာ သုံးတဲ့သူ တွေအတွက် အဆင်ပြေမယ့်စွမ်းအားနဲ့ ဖြစ်ပါတယ်။

<Specification>

Network - GSM/HSPA/LTE
Processor - Octa Core
Screen - 5.2 inches
Camera - Dual 12 MP
Bluetooth - v 4.2
Storage - 32/64 GB
OS - Android OS, v6.0
Contact - 09-73171214

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment