♪ “Microsoft က Desktop Apps များကို Windows Store တွင် ဖြန့်ချိပေး” ♫


Microsoft က လွန်ခဲ့တဲ့ ၄ နှစ်နီးပါးအကြာက Windows 8 နဲ့ အတူ Windows Store ကို ဖြန့်ချိခဲ့ပါတယ်။ Windows Store မှာ Desktop Apps များနဲ့ Windows Tools များ အစား Universal Apps များကိုသာ ဖြန့်ချိပေးခဲ့ပါတယ်။

အခုတော့ Microsoft က Third-Party Developer များအတွက် သူတို့ရဲ့ Desktop Apps နဲ့ Games များကို Universal Apps အဖြစ် ပြောင်းလဲပြီး Windows Store မှာ ဖြန့်ချိခွင့်ပြုလိုက်ပါတယ်။ Evernote, Arduino IDE, doubleTwist, PhotoScape, MAGIX Movie Edit Pro, Virtual Robotics Kit, Relab, SQL Pro, Voya Media, Predicted Desire, korAccount တို့ကို ဒီတစ်ပတ်အတွင်းမှာ Windows Store တွင် ရရှိတော့မှာဖြစ်ပါတယ်။

လာမယ့် လများမှာ အခြား Apps များ Windows Store ထံသို့ ရောက်ရှိလာမှာ ဖြစ်ပါ တယ်။ Desktop Apps များကို Universal Apps အဖြစ် ပြောင်းလဲပေးမယ့် Microsoft ရဲ့ Desktop Bridge Tool ကိုတော့ စောင့်ဆိုင်းရဦးမှာဖြစ်ပါ တယ်။

ဒါပေမယ့် Chrome , Photoshop နဲ့ အခြား လူကြိုက်များတဲ့ Desktop Apps များကို Windows Store မှာ မကြာခင် အချိန်အတွင်း တွေ့မြင်ရဦးမှာ မဟုတ် ပါဘူး။ Developer များက သူတို့ရဲ့ Apps များကို ပြင်ဆင်ဖို့ အချိန်ယူ ရဦးမှာ ဖြစ်ပြီး အဲဒီနောက်မှ Universal Apps အဖြစ်သို့ ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment