♪ iPhone အသစ်နှစ်မျိုးရဲ့ အားသာချက်အားနည်းချက်များ " Apple iPhone 7 Plus VS Apple iPhone 6s Plus " ♫



အရင် iPhone ဖုန်းတွေမှာ မတွေ့နိုင်တဲ့ စိတ်ဝင်စားစရာကောင်းကောင်း features တွေကို 7 Plus မှာ မြင်တွေ့ရမှာဖြစ်ပြီး iPhone 6s Plus ရဲ့ upgrade အများစုကို 7 Plus အတွက် ဖွဲ့စည်းပေးထားပါတယ်။ ဓာတ်ပုံရိုက်ကူးခြင်းအလုပ်ကို နှစ်သက်သူတွေအများစု ရွေးချယ်ရမယ့် ဖုန်းတစ်လုံးဖြစ်လာမှာဖြစ်ပြီး Apple ရဲ့ ကင်မရာဆောင်ရွက်ချက်တွေဟာ အထူးပြောစရာမလိုအပ်ပါဘူး။ LG, Huawei ဖုန်းတွေပုံစံအတိုင်း dual-camera feature ကို Apple က ကျင့်သုံးခဲ့ပြီး 7 Plus မှာ Lens နှစ်ခုနဲ့ အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။

7 Plus ရဲ့ အဓိက 12MP ကင်မရာဟာ 7 မှာ တွေ့ရတဲ့ Wide-angel နဲ့ တူညီပြီး နောက်ထပ်ကင်မရာတစ်လုံးမှာ 2x optical zoom ကို ထည့်သွင်းထားပါတယ်။ LED flash မီး (၄) လုံးပါဝင်ပြီး 4K ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ 7 Plus ရဲ့ ရှေ့ဘက်မှာ 7MP ကင်မရာတပ်ဆင်ထားပြီး HDR, Panorama တို့ကို ရိုက်နိုင်ပါတယ်။ iPhone 6s Plus မှာ iOS 9 ကို run ထားပြီး 7 Plus အတွက် iOS အတွက် 10.0.1 ကို အသုံးပြုရမှာပါ။

6s Plus မှာ 12MP ပင်မကင်မရာနဲ့ 5MP ရှေ့ဘက်ကင်မရာတို့ကို တပ်ဆင်ထားပါတယ်။ iPhone 6s Plus ရဲ့ ဘက်ထရီဟာ Li-Po 2750mAh ပမာဏရှိပါတယ်။

* Design *
1. Apple iPhone 7 Plus
iPhone 6, 6s ဒီဇိုင်းနဲ့တူညီပြီး 7 Plus ရဲ့ကိုယ်ထည်ဟာ အလွန်ပါးလွှာနေအောင် ဖန်တီးပေးထားတာကြောင့် ချီးကျူးစရာကောင်းပါတယ်။ iPhone 7 Plus ဟာ ရေစိုဒဏ်ခံနိုင်တဲ့ဖုန်းဖြစ်ပြီး headphone jack မပါဝင်လာတာက ကြီးမားတဲ့ပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။
2. Apple iPhone 6s Plus
ဒီဇိုင်းပိုင်းနဲ့ပတ်သက်လာရင် Apple ဟာ ဆင်တူယိုးမှားပုံစံမျိုးတွေဖြစ်အောင်ပဲ 6s Plus ကို ဖန်တီးပေးထားပြီး ကျောဘက်မှာ S တံဆိပ်အသေးလေးကို မြင်လိုက်တာနဲ့ 6s Plus မှန်း သိသာပါတယ်။ ဘေးထောင့်အကွေးဒီဇိုင်းနဲ့ သတ္တုကိုယ်ထည်ဖြစ်ပါတယ်။
* Processor *
1. Apple iPhone 7 Plus
iPhone 7 Plus မှာ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာပြီး ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်တဲ့ Apple A10 Fusion ကို သုံးစွဲထားပါတယ်။ Processor ပိုင်းအတွက် 2.23GHz မြန်နှုန်းရှိတဲ့ Quad-core CPU ရဲ့ လုပ်ဆောင်ချက်တွေဟာ အံ့မခန်းဖြစ်ပြီး 3GB RAM ပါဝင်ပါတယ်။
2. Apple iPhone 6s Plus
Apple A9 ကို ပြောင်းလဲသုံးပေးထားပြီး 6s Plus ရဲ့ စွမ်းဆောင်ရည်ဟာ အရင်ထက် ပိုမိုတိုးတက်လာပါတယ်။ Dual-core 1.84GHz မြန်နှုန်းရှိတဲ့ processor ကိုထည့်သွင်းထားပြီး RAM ပမာဏဟာ 2GB ဖြစ်ပါတယ်။ PowerVR GT7600 ဂရပ်ဖစ်ကို run ထားပါတယ်။
* Display *
1. Apple iPhone 7 Plus
Plus-size ဖုန်းတွေအတွက် resolution ကို အမြင့်ဆုံးထိ ဆွဲတင်ပေးနေတာမို့ 7 Plus မှာ 1080 x 1920 pixels full HD ရုပ်ထွက်အရည်အသွေးကို ပေးစွမ်းနိုင်ပါတယ်။ 7 နဲ့ မတူတာက ၅.၅ လက်မအရွယ် full HD Display ပါဝင်ပြီး 3D Touch Display သုံးနိုင်ပါတယ်။
2. Apple iPhone 6s Plus
မျက်နှာပြင်ကြီးမားပြီး ၅.၅ လက်မအရွယ် ဖြစ်ပါတယ်။ Pixel သိပ်သည်းဆ 401ppi ထိ ပါရှိပြီး 1080 x 1920 pixels full HD ရုပ်ထွက်အရည်အသွေးကို ပံ့ပိုးထားပါတယ်။ မျက်နှာပြင်အကြမ်းဒဏ်ခံနိုင်အောင်ပြုလုပ်ထားပြီး LED-backlit IPS LCD ဖြစ်ပါတယ်။
* Verdict *
1. Apple iPhone 7 Plus
iPhone 7 Plus မှာ ကင်မရာပိုင်းကို အကြီးစားပြောင်းလဲပြင်ဆင်ပေးမှုတွေ ပြုလုပ်ထားတာတွေ့ရပြီး ရေစိုဒဏ်ခံနိုင်တဲ့ဖုန်းဖြစ်တာကြောင့် အရင်ကထက် ပိုမိုစိတ်ချလုံခြုံလာမှာဖြစ်ပါတယ်။ iPhone 6 Plus ရဲ့ upgrade အဖြစ် iPhone 7 Plus ကို အများကြီးမျှော်လင့်လို့ ရပါတယ်။
2. Apple iPhone 6s Plus
3D Touch နည်းပညာနဲ့ ပိုမိုကောင်းမွန်အဆင့်မြင့်လာသလို iPhone 6s Plus ဟာ ပိုပြီးလည်း ကြီးမားလာပါတယ်။ A9 Processor ရဲ့ လုပ်ဆောင်ချက်ကြောင့် 6s Plus ဟာ သဘောကျစရာကောင်းပြီး App နဲ့ Game တွေကိုလည်း ချောချောမွေ့မွေ့ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment