♪ နောက်လထဲ ထွက်ရှိလာတော့မယ့် လုပ်ငန်းခွင်သုံးဖေ့စ်ဘွတ် ‘Facebook at Work’ ♫


အလုပ်လုပ်ရတာကို ဆိုရှယ်နက်ဝေါ့ခ်သုံးနေရသလိုမျိုး ဆွဲဆောင်မှုရှိလာစေမယ့် ‘Facebook at Work’ ကို မကြာမီ ကုမ္ပဏီတိုင်းသုံးနိုင်တော့မှာပါ။

ကုမ္ပဏီ၊စီးပွားရေးလုပ်ငန်းတွေအတွက် အထူးရည်ရွယ်ရေးဆွဲထားတဲ့ Facebook at Work ( လုပ်ငန်းခွင်သုံး Facebook) ကို ရှေ့လထဲမှာ တရားဝင်ထုတ်ပေးသွားတော့မှာဖြစ်ကြောင်း Facebook က အတည်ပြုပေးလိုက်ပါပြီ။

Facebook at Work ကို ၂၀၁၄ ခုနှစ်လောက်ကတည်းက စတင်ရေးဆွဲနေခဲ့တာဖြစ်ပြီး၊ လောလောဆည်မှာ စမ်းသပ်အသုံးပြုနေသူကုမ္ပဏီပေါင်း ၄၅၀ ကျော်ရှိနေပေမယ့်၊ တရားဝင်တော့ မထုတ်ပေးရသေးပါဘူး။
‘Facebook at Work’ မှာ သာမန် Facebook က ‘Newsfeed’ အတိုင်း ‘Work Feed’ ဆိုတာ ပါဝင်လာပြီး၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း စိတ်ကူးစိတ်သန်းအသစ်တွေကို ပို့စ်တွေနဲ့ ဖလှယ်နိုင်မှာဖြစ်ကာ၊ လုပ်ငန်းတာဝန် ခွဲပေးတာမျိုး၊ အလုပ်နဲ့ပတ်သတ်တဲ့ မေးခွန်းမေးမြန်းတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။

fbwork_press_newsfeed

ဒီ့အပြင် Facebook at Work မှာ Groups လည်း ပါဝင်တာကြောင့် ဌာန၊အဖွဲ့ချင်းစီအလိုက် Group လုပ်ထားနိုင်သလို၊ Messenger လည်းပါတာကြောင့်  ပြိုင်ဘက်ဝန်ဆောင်မှုတွေဖြစ်တဲ့ Slack နဲ့ Skype တို့အတိုင်း လုပ်ဖော်ကိုင်ဖက်အချင်းချင်း အသံခေါ်ဆိုမှု၊ ဗီဒီယိုခေါ်ဆိုမှုတွေလည်း ပြုလုပ်နိုင်မှာပါ။ ဆိုရှယ်နက်ဝေါ့ခ်ပရိုဖိုင်တွေ၊ Events တွေနဲ့ Live Video တွေကလည်း Facebook သုံးနေကျ user တွေအနေနဲ့ သိပ်စိမ်းနေမှာမဟုတ်ဘဲ၊ တခြား ဆော့ဖ်ဝဲဝန်ဆောင်မှု (SaaS) တွေထက် သုံးရပိုလွယ်မှာပါ။ ဒါပေမယ့် လုပ်ငန်းခွင်သုံးဆိုတဲ့အတိုင်း ရိုးရိုး Facebook ကလိုတော့ ဂိမ်းတွေဘာတွေ ပါလာဖို့မရှိပါဘူး။

facebook-at-work

The Information သတင်းဌာနရဲ့ တင်ပြချက်အရ Facebook at Work ကို အသုံးပြုချင်တဲ့ကုမ္ပဏီတွေအနေနဲ့ အသုံးပြုမယ့်ဝန်ထမ်းဦးရေအလိုက် လစဉ်ကြေးပေးသွင်းသွားရမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် လစဉ်ကြေးနှုန်းထားအတိအကျကိုတော့ ထုတ်ဖော်ကြေငြာထားခြင်းမရှိသေးပါဘူး။

Facebook at Work ကို လတ်တလောမှာ အခမဲ့အနေနဲ့ စမ်းသပ်သုံးစွဲလျက်ရှိတဲ့ ကုမ္ပဏီတွေအတွက်လည်း နောက်ထပ်လအနည်းငယ်အခမဲ့ ထပ်မံသုံးစွဲခွင့်ပေးသွား မှာဖြစ်သလို၊ user အသစ်တွေအနေနဲ့လည်း ပိုက်ဆံမသွင်းရခင်မှာ အစမ်းသဘောမျိုး အချိန်အနည်းငယ် သုံးကြည့်နိုင်မှာဖြစ်ပါတယ်။


Credit to ==> Digital Times






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment