♪ LG Stylus 2 " Price : 295,000/- ♫


LG Stylus 2 လို့ နာမည်ကြားလိုက်တာနဲ့ အားလုံးနဲ့ရင်းနှီးပြီးသား ဖုန်းတစ်လုံးဆိုတာ ချက်ချင်းတန်းသိနိုင်ပြီး Stylus ဆိုတဲ့အတိုင်း ပေးထားတဲ့နာမည်အရ ပိုပြီးဆွဲဆောင်မှုရှိနေတာက Stylus Pen ကြောင့် ဖြစ်ပါတယ်။ အရင် Stylus ဖုန်းအတိုင်းသုံးလို့ကောင်းတဲ့ features တွေပါဝင်နေပြီး LG Stylus 2 ဟာ ပိုမိုအဆင့်မြင့်လာပါတယ်။

LG Stylus 2 ကို mid-range စမတ်ဖုန်းအဖြစ်ထုတ်လုပ်ခဲ့ပြီး Stylus 2 ကို ကောင်းမွန်အောင် ပံ့ပိုးထားတဲ့ Stylus Pen ဟာ Stylus 2 ရဲ့ အဓိကရောင်းအားအကောင်းဆုံးအချက်ဖြစ်လာပါတယ်။ ထို့အပြင် LG Stylus 2 ဟာ DAB+ digital radio Standard ကို support လုပ်နိုင်တဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်ပြီး ကြီးမားတဲ့ HD Screen, ဖြုတ်/တပ်လို့ရတဲ့ ဘက်ထရီ၊ 13MP ကင်မရာတို့နဲ့ဖွဲ့စည်းထား ပါတယ်။ ဈေးနှုန်းသက်သာတဲ့စမတ်ဖုန်းတွေဖြစ်တဲ့ Asus Zenfone Max, One Plus 2 နဲ့ Huawei P9 Lite တို့အတိုင်း အဆင့်မြင့်မြင့်သုံးစွဲနိုင်အောင်လည်း LG Stylus 2 ကို စတိုင်ကျကျဒီဇိုင်းပါ ထပ်ထည့်ပေါင်းပြီး တီထွင်ဖန်တီးပေးထားပါတယ်။ Stylus 2 ကို Titan, White, Brown အရောင် ၄ မျိုးနဲ့ရရှိနိုင်ပါတယ်။

* Design & Build *
သတ္တုအပြည့်သုံးထားတဲ့ LG G5 မှာကတည်းကစတင်ပြီး LG ရဲ့ ဒီဇိုင်းတွေဟာ ပိုမိုအဆင့်မြင့်လာခဲ့ပြီး LG Stylus 2 မှာလည်း တိုးတက်လာတဲ့ခြေလှမ်းတွေကို မြင်တွေ့ရပါတယ်။ Stylus 2 ဒီဇိုင်းဟာ LG G နဲ့ အတော်လေးဆင်တူပြီး ၂၀၁၄ မှာ အကောင်းဆုံးစမတ်ဖုန်းတစ်လုံးဖြစ်တဲ့ G3 ဒီဇိုင်းမျိုးဖြစ်တာကြောင့် ဂုဏ်ယူ မိပါတယ်။ LG Stylus 2 မှာ ကျောဘက်အခုံးပုံစံ G3 ဒီဇိုင်းဟာ ဆက်လက်ပါဝင်လာခဲ့ပြီး ပလပ်စတစ်ကိုယ်ထည်၊ ကျောဘက်မှာ ခလုတ်တပ်ဆင်ထားပုံတွေကအစ G3 အတိုင်း တည်ဆောက်ထားပါတယ်။

Stylus 2 မှာ ဒီဇိုင်းပိုင်းကို ပိုမိုပြည့်စုံအောင် ဖြည့်ဆည်းပေးထားတာက ကျောဘက်မှာတပ်ဆင်ထားတဲ့ ခလုတ်ပုံသဏ္ဌာန်တွေပဲဖြစ်ပါတယ်။ လက်နဲ့အလွယ်တကူအသုံးပြုနိုင်ပြီး ဒီဇိုင်းတစ်မျိုးနဲ့ ဆွဲဆောင်မှုရှိပါတယ်။ LG Stylus 2 ဟာ 7.4mm အထူရှိတာမို့ အရမ်းမပါးလွှာပါဘူး။ ဒါပေမဲ့ လက်ထဲမှာကိုင်သုံးဖို့အတွက်တော့ အဆင်ပြေပါတယ်။ 145g အလေးချိန်ရှိပြီး Stylus 2 မှာ ၅.၇လက်မအရွယ် display ပါဝင်နေပေမယ့်လည်း ကြည့်ကောင်းတဲ့ဖုန်းတစ်လုံးပါ။ Stylus 2 ဒီဇိုင်းမှာ အဓိက feature ဟာ Stylus ပါဝင်နေတာဖြစ်ပြီး nano-coated tip ကြောင့် Pen အစစ်တစ်ချောင်းလို အသုံးပြုနိုင်ပါလိမ့်မယ်။

* Display *
၅.၅လက်မအရွယ် Screen အမျိုးအစားတွေဟာ လတ်တလောမှာ လူကြိုက်များနေပေမယ့် Stylus 2 အတွက် ၅.၇လက်မအရွယ် display ကိုသာ ရွေးချယ်သုံးစွဲပေးထားပါတယ်။ IPS LCD Display ဟာ 720×1280 pixels ရုပ်ထွက်အရည်အသွေးကိုပံ့ပိုးနိုင်ပြီး ရုပ်ထွက်သိပ်သည်းဆ 258ppi ပါရှိပါတယ်။ မျက်နှာပြင်ကြီးမားတာဟာ နှစ်သက်စရာကောင်းပြီး Stylus 2 မှာ Full HD ဗီဒီယိုတွေကိုတော့ မကြည့်ရှုနိုင်ပါဘူး။

* Operating System and Camera *
Android OS 6.0 (Marshmallow) ကို Stylus 2 မှာ ထည့်သွင်းထားပါတယ်။ ဖုန်းမှာ အဓိကကင်မရာအဖြစ် 13MP sensor ကို သုံးစွဲနိုင်ပြီး LED flash ကို တပ်ဆင်ထားပါတယ်။ f/2.2 aperture, autofocus တို့ပါဝင်ပြီး 1080p Full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ HDR, Panorama စတာတွေလည်း ရုပ်ထွက်ကောင်းကောင်းနဲ့ရယူနိုင်ပြီး LG Stylus 2 ရဲ့ ရှေ့ဘက်ကင်မရာဟာ 8MP အရည်အသွေးရှိပါတယ်။

* Performance *
Stylus 2 ရဲ့ စွမ်းဆောင်ရည်ကိုတော့ အများကြီးမျှော်လင့်ထားစရာ မလိုပါဘူး။ Snapdragon 410 CPU နဲ့ ထွက်ရှိလာပြီး Qualcomm ရဲ့ ပထမဆုံး 64 bit CPU ဖြစ်ပါတယ်။ Entry-level chip ကိုအသုံးပြုထားပြီး Quad-core processor ဟာ 1.2GHz မြန်နှုန်းနဲ့ အလုပ်လုပ်ပေးမှာပါ။ 1.5GB RAM ပါဝင်ပြီး ဂရပ်ဖစ် Adreno 306 ကို ထည့်သွင်းထားပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 16GB ပါရှိပြီး microSD နဲ့ 256GB အထိ တိုးမြှင့်နိုင်ပါတယ်။

Specification
Display : 5.7 inches, IPS LCD capacitive touchscreen
Memory : 16 GB, 1.5 GB RAM, microSD, upto 128GB
Camera : 13 Megapixel, autofocus, LED flash, Geo-tagging
OS : Android OS, v6.0 (Marshmallow)
Phone : 09-964209200 (UNiQUE)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment