♪ "HTC က Desire 10 Pro နဲ့ Desire 10 Lifestyle တို့ကိုမိတ်ဆက်" ♫


HTC က စမတ်ဖုန်းအသစ် ၂ လုံးကိုမိတ်ဆက်လိုက်ပါတယ်။ Desire 10 Pro နဲ့ Desire 10 Lifestyle တို့ဖြစ်ပါ တယ်။ Desire 10 Pro ဟာဖုန်း ၂ လုံးထဲမှာ စွမ်းဆောင်ရည် ပိုမိုမြင့်မားပါတယ်။ ၅.၅ လက်မ Full HD IPS Display ကို Gorilla Glass ဖြင့် ကာကွယ်ထားပါတယ်။

MediaTekHelio P10 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 20MP Rear Camera, 13MP Front Camera, 3000mAh Battery, 4GB RAM, 64GB Internal Storage ထည့်သွင်းထားတဲ့ အပြင် microSD Card ကိုအသုံးပြုနိုင်ပါတယ်။ NFC, 4G LTE တို့ကိုအသုံးပြု နိုင်ပါတယ်။ USB Type-C Port မပါဘဲmicroUSB 2.0 Port တစ်ခုတပ်ဆင် ထားပါတယ်။ အနောက်ဘက်မှာလက်ဗွေရာစစ်ဆေးတဲ့ ကိရိယာပါရှိပြီးဖုန်းကို Unlock လုပ်ခြင်း အပြင် ကင်မရာကိုထိန်းချုပ်နိုင်ပါတယ်။

Desire 10 Lifestyle မှာ ၅.၅ လက်မ HD Display တပ်ဆင်ထားပါတယ်။ စွမ်းဆောင်ရည်နိမ့် Qualcomm Snapdragon 400 သာထည့်သွင်းထားတာက အားအနည်းဆုံး အချက်ပါ။ မော်ဒယ် ၂ မျိုး ထုတ်လုပ်ပေးထားပြီး 3GB RAM/32GB Storage နဲ့ 2GB RAM/16GB Storage တို့ဖြစ်ကြပါတယ်။ မော်ဒယ် ၂ မျိုးစလုံးမှာ microSD Card ထည့်သွင်းနိုင်ပါတယ်။

13MP Rear Camera, 5MP Front Camera တပ်ဆင်ထားပါတယ်။ 4G LTE, NFC တို့ကိုထောက်ပံ့ပါတယ်။ လက်ဗွေရာစစ်ဆေးတဲ့ကိရိယာမပါပါဘူး။ 2700mAh Battery တပ်ဆင်ထား ပါတယ်။ Lifestyle ကို နိုင်ငံအချို့မှာ စတင်ရောင်းချပေးလိုက်ပြီဖြစ်ပြီး Pro ကို လာမယ့်လမှာရောင်းချမယ်လို့ မျှော်လင့်ရ ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment