Yahoo ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အနည်းဆုံး အကောင့်ပေါင်း သန်း၅၀၀ကျော်
ပါဝင်သွားခဲ့တဲ့ ဖောက်ထွင်းခံရမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ပြောကြာခဲ့ပြီး
ကမ္ဘာ့အကြီးဆုံး အင်တာနက်ဆိုင်ရာ ဖောက်ထွင်းခံရမှုအဖြစ်
စံချိန်တင်သွားခဲ့ပါတယ်။ ပါဝင်သွားခဲ့တဲ့ အသုံးပြုသူဆိုင်ရာ
အချက်အလက်တွေထဲမှာ နာမည်၊ Email၊ လိပ်စာနဲ့ Password
တွေပါဝင်သွားခဲ့တယ်လို့ သိရပါတယ်။
Yahoo ရင်းနှီးမြုတ်နှံသူတွေရဲ့ စာမျက်နှာမှာ ပြောကြားချက်အရ ဒီဖောက်ထွင်းမှုကို အာဏာပိုင် အဖွဲ့အစည်းတစ်ခုက ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့အစည်းတစ်ရပ်ကနေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ တရားဥပဒေပိုင်းဆိုင်ရာအရေးယူဖို့နဲ့ ဘယ်သူပြုလုပ်တယ်ဆိုတာကို သိရှိဖို့အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Yahoo CEO ဖြစ်သူ Marissa Mayer
Yahoo ရင်းနှီးမြုတ်နှံသူတွေရဲ့ စာမျက်နှာမှာ ပြောကြားချက်အရ ဒီဖောက်ထွင်းမှုကို အာဏာပိုင် အဖွဲ့အစည်းတစ်ခုက ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့အစည်းတစ်ရပ်ကနေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ တရားဥပဒေပိုင်းဆိုင်ရာအရေးယူဖို့နဲ့ ဘယ်သူပြုလုပ်တယ်ဆိုတာကို သိရှိဖို့အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
“စုံစမ်းစစ်ဆေးမှုတွေအရတော့ ဒီအခိုးခံရတဲ့ အချက်အလက်တွေထဲမှာ
ကာကွယ်မထားတဲ့ Password တွေ၊ ငွေပေးချေမှုတွေနဲ့ ဘဏ်အကောင့်အချက်အလက်တွေ
မပါဝင်ပါဘူး၊ ငွေးပေးချေကတ်အချက်အလက်တွေနဲ့ ဘဏ်အကောင့် အချက်အလက်တွေက
ဒီစနစ်ထဲမှာ မသိမ်းထားတာကြောင့် ဒါတွေမပါဝင်သွားခဲပါဘူး” လို့ Yahoo က
ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ဆိုခဲ့တာပါ။
Yahoo ဟာ အသုံးပြုသူတွေကို အကောင့်အတွက် သူတို့ရဲ့ Password တွေနဲ့
လုံခြုံရေးဆိုင်ရာ မေးခွန်းတွေကို ပြန်လည်ပြောင်းလဲပေးဖို့
ပြောကြားထားပါတယ်။ အသုံးပြုသူတွေအနေနဲ့ Link ချိတ်ထားတာတွေကို ကလစ်လုပ်တာ၊
Attachment တွေကို ဒေါင်းလုဒ်လုပ် တာတွေကို ရှောင်ကျဉ်ဖို့လည်း Yahoo
ကပြောထားတာပါ။
တကယ်လို့ သင့်ရဲ့ Yahoo အကောင့်အတွက် ပါသွားမှာစိုးရင် သင့်ရဲ့လက်ရှိ Password နဲ့ Information တွေကို ပြောင်းလဲသင့်ပါတယ်။
Credit to ==> Digital Times
www.pyaephyo.com
0 comments:
Post a Comment