♪ " သတင်းပေါက်ကြားမှုများအရ Xiaomi Mi5S တွင် Qualcomm ၏ Ultrasonic Fingerprint Sensor ပါဝင်ဟုဆို " ♫


Xiaomi Mi 5 S တွင် Qualcomm ၏ Ultrasonic Finterprint Sensor ပါဝင်မည့်သတင်းသည် ဇွန်လခန့်ကတည်းက စတင်ကြားခဲ့ရခြင်းဖြစ်ကာ ယခုအခါ ပါဝင်ရန်သေချာသည်ဟု ထပ်မံသတင်းထွက်ပေါ်လာခဲ့သည်။ 

မျိုးဆက်သစ်နည်းပညာဖြစ်သော Snapdragon Sense ID အား Qualcomm မှ ယမန်နှစ် မတ်လကစတင်ပြသခဲ့ပြီး Ultrasonic 3D scanning တွင်အခြေခံကာ ဖန်သား၊ sapphire, သတ္ထု၊ အလူမီနီယံ၊ ပလတ်စတစ်စသော မျက်နှာပြင်များစွာကိုဖြတ်ကျော်လျက် အလုပ်လုပ်နိုင်မည်ဖြစ်သည်။ ယခုနည်းပညာကြောင့် စမတ်ဖုန်းထုတ်လုပ်သူများအနေဖြင့် sensor အား ဖုန်းကိုယ်ထည်အတွင်းထည့် သွင်းပေးနိုင်ပြီး သီးခြားနေရာသတ်မှတ်ပေးစရာ မလိုအပ်တော့ပေ။

ဤနည်းပညာသည် စိတ်ဝင်စားစရာကောင်းပြီး device ၏ ရှေ့ဖန်သားပြင်အောက်တွင်ထားပါက ဖုန်းကို screen ၏ မည်သည့်နေရာမှမဆို လက်ဗွေဖြင့် unlock လုပ်နိုင်လာမည်ဖြစ်သည်။ Xiaomi မှ Mi 5S တွင် ထိုနည်းပညာကို ယခုသတင်းအတိုင်းသာ သုံးလာခဲ့ပါက မည်သို့သုံးမည်မှာ စိတ်ဝင်စားဖွယ်ဖြစ်လာခဲ့သည်။ Mi 5 S သည် တရုတ်တွင် 3 C regulatory အား ကျော်ဖြတ်ခဲ့ပြီးဖြစ်ကာ Snapdragon 821 chipset အား သုံးထားကြောင်းသိရပြီး ၅.၁၅ လက်မ display ပါဝင်ကာ RAM 6GB ထိပါဝင်ကြောင်းသိရသည်။

Memory ပမာဏမှာ 256GB ထိပါဝင်ပြီး အဓိကကင်မရာမှာ 16MP ဖြစ်ကာ 3490mAh ဘက်ထရီအား သုံးစွဲထားကြောင်းသိရသည်။ Android 6.0 Marshmallow ကိုသုံးကာ Full HD display ပါဝင်မည်ဟုဆိုကြသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment