♪ Galaxy Note 7 ဖုန်းသစ်တွေကို ဓာတ်မှန်နဲ့ စစ်ဆေးပြီးမှ ထုတ်လုပ်ထားကြောင်း Samsung ဆို ♫


Samsung ဟာ သူတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ Galaxy Note 7 ဖုန်းတွေရဲ့ အလုံးရေ ငါးသိန်းကျော်ကို လဲလှယ်ပေးပြီးကြောင်း အတည်ပြုပြောကြားပေးခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ လုပ်ရိုးလုပ်စဉ် လုပ်ငန်းတွေဖြစ်တဲ့ သုံးစွဲသူတွေကို လုံခြုံမှုရှိကြောင်း အာမခံတာ၊ Software Update တွေကို ကူညီပေးတာတွေအပြင် ဘက်ထရီကိုလည်း လုံခြုံမှုရှိအောင်ပြုလုပ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိ Samsung ရဲ့ Galaxy Note 7 ရဲ့ လဲလှယ်ပြီးဖုန်းတွေမှာ မတင်ပို့ခင် ဘက်ထရီတွေကို ဓာတ်မှန်ရိုက်ပြီး စစ်ဆေးထားတယ်လို့ သိရပါတယ်။ ရိုက်တာရဲ့ သတင်းအရ တောင်ကိုရီးယားမှ မှာယူတဲ့ အော်ဒါတွေကို အခုလိုဘက်ထရီပိုင်းဆိုင်ရာ လုံခြုံမှုရှိအောင် အေဂျင်စီတစ်ခုနဲ့ ဆောင်ရွက်နေ တာဖြစ်ပါတယ်။ 

Samsung အနေနဲ့ အခုလို ပြန်လည်သိမ်းယူတဲ့အစီအစဉ်မှာ ၂၇ ဒေါ်လာဖိုး လက်ဆောင်တွေ ပြန် လည် ပေးအပ်နေတာဖြစ်ပါတယ်။ အဲ့ဒီအပြင် Samsung အနေနဲ့ လဲလှယ်တဲ့ဖုန်းတွေအတွက် Deadline ရက်ကို စက်တင်ဘာ ၁၉ရက်နေ့ကနေ စက်တင်ဘာလ ၃၀ရက်နေ့အထိ ဆိုပြီး တိုးမြှင့် သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။


Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment