♪ တယ်လီနော ဆင်းကတ်မှတ်ပုံတင်ခြင်းကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ လက်လီဆိုင်များတွင်ဆောင်ရွက်နိုင်ပြီ ♫


တယ်လီနော ဆင်းကတ်မှတ်ပုံတင်ခြင်းကို တယ်လီနောမြန်မာလီမိတက် ရဲ့လက်လီအရောင်းဆိုင် (၂၀၀၀၀) ခန့်မှာ ဒီကနေ့ (စက်တင်ဘာလ ၂၆) ကစပြီး ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ် ။ ယခင်က တယ်လီနောအမှတ် တံဆိပ် ကိုယ်ပိုင်အရောင်းဆိုင်(၉၀) ခန့်မှာသာ မှတ်ပုံတင်နိုင်တယ်လို့ ကြေညာခဲ့ရာက ဒီကနေ့မှာတော့ ဆင်းကတ်မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း အမှတ်အသားထားရှိတဲ့ ဆင်းကတ်လက်လီအရောင်းဆိုင်ပေါင်း (၂၀၀၀၀)ခန့်မှာပါ မှတ်ပုံတင်တိုင်ပြီဖြစ်တယ်လို့ တယ်လီနောမြန်မာက သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ် ။

တယ်လီနော သုံးစွဲသူများ အနေနဲ့ ၄င်းတို့ရဲ့ ဆင်းကတ် မှတ်ပုံတင်ထားရှိမှု အခြေအနေကို *979*3*3# ကိုခေါ်ဆို၍ လည်းကောင်း ၊ မြန်မာနိုင်ငံတစ်ဝှမ်းမှာဖွင့်လှစ်ထားတဲ့ တယ်လီနောအမှတ်တံဆိပ် ကိုယ်ပိုင် အရောင်းဆိုင် (၉၀)ခန့်နဲ့ သတ်မှတ်ထားတဲ့ လက်လီဆိုင်တွေကို သွားရောက်၍လည်းကောင်း ၊ တယ်လီနော Call Center ကို ဖုန်းခေါ်ဆို၍လည်းကောင်း ၊ ဖုန်းနံပါတ် 500 ကို REG ဆိုပြီး SMS ပေးပို့၍လည်းကောင်း စစ်ဆေးသိရှိနိုင်ပြီး ဆင်းကတ်အသုံးပြုသူများ ပိုမိုအဆင်ပြေစေရန်အတွက် အောက်တိုဘာလ (၁)ရက်နေ့ကစတင်ပြီး အွန်လိုင်းကနေ မှတ်ပုံတင်နိုင်မယ့်နည်းလမ်းကို  မိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ် ။


Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment