CarPlay အထောက်အပံ့ပါဝင်မည့် ကားအမျိုးအစား ၁၀၀ ကျော်ကို Apple ထုတ်ပြန်





ကုမ္ပဏီ၏ CarPlay iPhone mirroring interface အထောက်အပံ့ပါဝင်မည့် ကားအမျိုးအစားစာရင်းကို Apple က ထုတ်ပြန်ကြေညာခဲ့သည်။

Apple ၏ CarPlay သုံးနိုင်မည့် ကားအမျိုးအစား စာရင်းတွင် Audi, Buick, Cadillac, Chevrolet, Citroen, DS Automobiles, Ferrari, Ford, GMC, Honda, Hyundai, Mercedes-Benz, Mitsubishi, Opel, Porsche, Peugeot, Seat, Skoda, Suzuki, Volkswagen နှင့် Volvo အပါအဝင် ကားကုမ္ပဏီ ၂၁ ခု၏ ၂၀၁၆ နှင့် ၂၀၁၇ ကားအမျိုးအစား တစ်ရာကျော်ခန့် ပါဝင်သည်။

CarPlay သည် ကားမောင်းနှင်သူများက iPhone ကို အသုံးပြုနေသကဲ့သို့ပင် ဖုန်း၊ မက်ဆေ့ခ်ျများ၊ iTunes နှင့် Apple Maps အပြင် iHeartRadio, Spotify ကဲ့သို့သော third-party app များ အသုံးပြုခြင်းအတွက် iPhone ကို ကိုင်တွယ်ကြည့်ရှုရန် မလိုဘဲ ပြုလုပ်စေနိုင်သည်။

iOS 8 နှင့်အထက် အသုံးပြုထားသော iPhone 5 နှင့်အထက် မော်ဒယ်များဖြင့် သုံးနိုင်မည့် CarPlay ကို Apple ၏ အသံဖြင့်ထိန်းချုပ်အသုံးပြုနိုင်သည့်စနစ်ဖြစ်သော Siri ဖြင့်လည်း အသုံးပြုနိုင်သည်။
Apple ၏ CarPlay သုံးနိုင်သော ကားအမျိုးအစားစာရင်းတွင် Kia, Nissan နှင့် Toyota တို့ မပါဝင်သေးပေ။

Ref: ComputerWorld
credit nternetjournal

www.thihahtike.com
သီဟထိုက်
 

0 comments:

Post a Comment