မိုဘိုင်းဖုန်းနှင့်
tablet ရောင်းအား မြင့်တက်လာသည်နှင့်အမျှ ကမ္ဘာတစ်ဝန်း တစ်ကိုယ်ရေသုံး
ကွန်ပျူတာတင်ပို့ရောင်းချမှုသည် ၂၀၁၅ ခုနှစ် နောက်ဆုံး သုံးလပတ်အတွင်း
ဆက်လက်ကျဆင်းခဲ့ကြောင်း သုတေသနကုမ္ပဏီ IDC နှင့် Gartner အစီရင်ခံစာအရ
သိရသည်။
တစ်ကိုယ်ရေသုံး ကွန်ပျူတာများ ရောင်းအားကျဆင်းနေသည့် ကုမ္ပဏီများအနက်
Apple အနေဖြင့် ဈေးကွက်ဝေစု မဆုံးရှုံးစေရန် ထိန်းသိမ်းနိုင်ခဲ့ကြောင်း
သိရသည်။ ဝယ်ယူသူများနေဖြင့် တစ်ကိုယ်ရေသုံး ကွန်ပျူတာများပေါ်တွင်
စိတ်ဝင်စားမှု အားနည်းနေပြီး ယခုနှစ်အတွက်တင်ပို့ရောင်းချမှုသည် ၂၀၀၈
နောက်ပိုင်းတွင် အနည်းဆုံးစံချိန် ဖြစ်ခဲ့ကြောင်း IDC အစီရင်ခံတွင်
ဖော်ပြထားသည်။
သုံးစွဲသူများသည် မိုဘိုင်းထုတ်ကုန်များဖြင့် တွဲဖက်အသုံးပြုနိုင်သော
touchscreen များနှင့် ဖယ်ရှားနိုင်သော keyboard များကို ဝယ်ယူရန်
တွေဝေလေ့ရှိသည်။ အင်တာနက်ချိတ်ဆက်ထားသော နာရီများနှင့် ကျန်းမာရေး
ခြေရာခံစက်များကိုမူ အားလပ်ရက်ဈေးဝယ်ရာသီအတွင်း သုံးစွဲသူများက များစွာ
အားပေးခဲ့ကြောင်း သိရသည်။
“Notebook တွေဟာ အားလပ်ရက်လက်ဆောင်အနေနဲ့ ထိပ်တန်းနေရာမှာ
မရှိတော့ပါဘူး။ တစ်ချိန်တည်းမှာပဲ သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုဟာ တီဗီနဲ့
ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန်များအစရှိတဲ့ အီလက်ထရွန်နစ် ထုတ်ကုန်များထံ
ပြောင်းလဲသွားပါတယ်” ဟု Gartner မှအဓိက ဆန်းစစ်လေ့လာသူ မီကာကိုကီတာဂါဝါက
ပြောကြားခဲ့သည်။
အခြားအစီရင်ခံစာတစ်ခုတွင် ကမ္ဘာတစ်ဝန်း တစ်ကိုယ်ရေကွန်ပျူတာ
တင်ပို့ရောင်းချမှုသည် ၂၀၁၄ ခုနှစ် စတုတ္ထသုံးလပတ်မှ ၂၀၁၅ ခုနှစ်
စတုတ္ထသုံးလပတ်အထိ ၈.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယူနစ်ပေါင်း ၇၅.၇ သန်း
တင်ပို့နိုင်ခဲ့ကြောင်း Gartner က ခန့်မှန်းဖော်ပြခဲ့သည်။ ထို့အပြင် IDC
ကလည်း အလားတူကာလအတွင်း တစ်ကိုယ်ရေကွန်ပျူတာ တင်ပို့ရောင်းချမှု ယူနစ်ပေါင်း
၇၁.၉ သန်း ရှိခဲ့ပြီး ၁၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း ကွန်ပျူတာ တင်ပို့ရောင်းချမှု ကျဆင်းနေသော်လည်း Apple ကမူ
၂၀၁၅ ခုနှစ် စတုတ္ထသုံးလပတ်တွင် ဈေးကွက်ဝေစု ၇.၉ ရာခိုင်နှုန်း ရရှိခဲ့သလို
၂၀၁၅ ခုနှစ်အတွင်း ဈေးကွက်ဝေစု ၇.၅ ရာခိုင်နှုန်းရရှိခဲ့ပြီး
တန်ဖိုးကြီးကွန်ပျူတာများစွာ ရောင်းချခဲ့ရကြောင်း IDC မှဖော်ပြခဲ့သည်။
Ref: CNET
credit internetjournal
www.thihahtike.com
သီဟထိုက်
0 comments:
Post a Comment