Apple
က ၄ လက်မ iPhone သစ်ကို မတ်လ သို့မဟုတ် ဧပြီလတွင်
ဖြန့်ချိမည်ဟူသောသတင်းများ ထွက်ပေါ်လာပြီးနောက် ဂစ်ရက်ဂါစ်ဆိုသူက iPhone 5
နှင့် ယှဉ်ကာ ဖော်ပြထားသော စမတ်ဖုန်းသစ်၏ ဓာတ်ပုံတစ်ပုံကို
ဒတ်ခ်ျဝက်ဘ်ဆိုက် One More Thing တွင် ဝေမျှခဲ့သည်။ အဆိုပါ ဓာတ်ပုံကို
မှတ်ပုံတင်ကာ သုံးစွဲရသော ဝက်ဘ်ဆိုက်၏ ဖိုရမ်တွင် ဝေမျှခဲ့ခြင်းဖြစ်သည်။
၎ လက်မအရွယ် iPhone သည် iPhone 5 နှင့် အရွယ်တူညီသော်လည်း
ကွေးညွှတ်ထားသော ဖန်သားပြင်အနားစွန်းများ၊ ပါးလွှာသည့် bezel များ၊
နေရာပြောင်းထားသည့် FaceTime ကင်မရာ၊ ဆေးလုံးပုံစံ
အသံအတိုးအကျယ်ခလုတ်များနှင့် ညာဘက်ဘေးသို့ ပြောင်းရွှေ့ထားသည့် power ခလုတ်
အပါအဝင် အသွင်အပြင်က iPhone 6 နှင့် iPhone 6s ဆင်တူသည်။
အဆိုပါဓာတ်ပုံသည် ၄ လက်မအရွယ် iPhone ဖြစ်ကြောင်း အတည်ပြုနိုင်ခြင်း
မရှိသေးသော်လည်း ၎င်းဓာတ်ပုံကို ဝေမျှခဲ့သည့် ဂစ်ရက်ဂါစ်ဆိုသူမှာ iPad Air ကို
မမိတ်ဆက်မီ သုံးလခန့်အလိုတွင် အဆိုပါ tablet ၏ ဓာတ်ပုံများကို
ဖော်ပြခဲ့သူဖြစ်သည်။
ကောလာဟလသတင်းများအရ ၄ လက်မအရွယ် iPhone သစ်တွင် ပါဝင်သော
အစိတ်အပိုင်းများသည် iPhone 6 နှင့် တူညီပြီး A8 နှင့် M8 ချစ်ပ်များ၊
8-megapixel ကျောဘက်ကင်မရာနှင့် Apple Pay အတွက် NFC တို့ပါဝင်ကြောင်း
သိရသည်။
KGI Securities မှ လေ့လာဆန်းစစ်သူ မင်ချီကူကမူ Apple အနေဖြင့် ၎
လက်မအရွယ် iPhone နှင့် iPad Air 3 ကို ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်အတွင်း
ဖြန့်ချိမည်ဟု ပြောကြားထားသည်။ အဆိုပါ ထုတ်ကုန်နှစ်မျိုးနှင့် Apple Watch
စမတ်နာရီသစ်များကို ဆန်ဖရန်စစ္စကိုမြို့တွင် မတ်လ၌ကျင်းပမည့် ပွဲတစ်ခုတွင်
မိတ်ဆက်ပေးဖွယ်ရှိသည်။
Ref: MacRumors
credit to internetjournal






0 comments:
Post a Comment