ရှေ့ဘက်ဖုန်း
မျက်နှာပြင်တွင် Selfie ကင်မရာနှစ်လုံး ထည့်သွင်းထားသော ကမ္ဘာ့ပထမဆုံး Dual
Selfie ကင်မရာဖုန်းကို ပြည်တွင်း ဈေးကွက်တွင် ၀ယ်ယူနိုင်ပြီ ဖြစ်သည်။
အဆိုပါ စမတ်ဖုန်းမှာ Lenovo အမှတ်တံဆိပ် VIBE S1 မော်ဒယ်ဖြစ်ပြီး
ယင်းစမတ်ဖုန်းတွင် 8 Megapixel နှင့် 2 Megapixel အမျိုးအစား
ရှေ့ကင်မရာနှစ်လုံး ပါဝင်လာကြောင်း သိရသည်။
"ဖုန်းနဲ့ Selfies ရိုက်ကြတာက အခုဆိုရင် တအားခေတ်စား လာပါတယ်။
စမတ်ဖုန်းနဲ့ Selfie ရိုက်တာ အခုဆိုရင် တစ်ရက်ထဲမှာတင်
တစ်သန်းကျော်ကျော်လောက် ဖြစ်လာပါပြီ။ အဲဒီထဲကမှ ၄၈ ရာခိုင်နှုန်းခန့်က
Facebook ကနေ ပြန်ပြီးမျှဝေ ကြပါတယ်။ သုံးစွဲသူတွေက အခုဆိုရင် ကင်မရာ
စွမ်းဆောင်ရည် ပိုမိုကောင်းမွန်တဲ့ စမတ်ဖုန်းကို ရွေးချယ်လာကြပါပြီ။
သူတို့ရဲ့ တစ်ယောက်တည်း ဖြစ်နေချိန် ဒါမှမဟုတ် သူငယ်ချင်း၊ မိသားစုတွေနဲ့
အတူနေတဲ့အချိန်စတဲ့ တန်ဖိုးရှိတဲ့ အခိုက်အတန့် လေးတွေကို မှတ်တမ်းတင်
လာကြတဲ့အပြင် လူမှုမီဒီယာ နယ်ပယ်အတွက်လည်း ပုံတွေရိုက်တင်တဲ့ အလေ့အထတွေ
လုပ်လာကြပါတယ်။ သုံးစွဲသူတွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် VIBE S1
ကို ဒီဇိုင်းထုတ် ဖန်တီးထားတာ ဖြစ်ပါတယ်" ဟု Lenovo Phone Product
Mana-gement & Operations, Lenovo Mobile Business Group ၏ Vice
President ဖြစ်သူ Jerry Hsiao က ပြောသည်။
၎င်းစမတ်ဖုန်းအား Lenovo မှ ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် ၌ ဂျာမနီနိုင်ငံ
ဘာလင်မြို့တွင် စတင်မိတ်ဆက်ခဲ့ပြီး ယခု ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင်
ပြည်တွင်းဈေးကွက်သို့ စတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။ VIBE S1 ၏
ရှေ့ကင်မရာ စနစ်တွင် အလင်းအားနည်းသည့် ပတ်ဝန်းကျင်တွင် Selfie ဓာတ်ပုံ
ရိုက်ကူးခြင်းအတွက် ဓာတ်ပုံအရည်အသွေးအား ကြည်လင်ကောင်းမွန် စေသည့် BSI
sensor ထောက်ပံ့ ပါဝင်ကြောင်း သိရသည်။ ဓာတ်ပုံရိုက်ကူးပြီးမှ ပုံ၏ Focus
ကို မိမိစိတ်ကြိုက် ရွေးချယ်မှတ်သား နိုင်မည်ဖြစ်ပြီး Focal
ပွိုင့်သုံးခုထိ ရွေးချယ်နိုင်မည် ဖြစ်သည်။ ထို့ပြင် Selfie ဓာတ်ပုံများအား
ပိုမိုသဘာဝကျသည့် ရုပ်ထွက်ရရှိနိုင်စေမည့် VIBE Xtension Plug-in
စနစ်နှင့် နောက်ခံ Background အား Blur ပြုလုပ်နိုင် သည့်စနစ်များ
ထောက်ပံ့ပါဝင်မည် ဖြစ်သည်။
Lenovo VIBE S1 စမတ်ဖုန်းသည် GSM ကွန်ရက်စနစ်သုံး ဖုန်းဖြစ်ပြီး SIM
ကတ်နှစ်ကတ်ထည့် သွင်းအသုံးပြုနိုင်သော Dual SIM ဖုန်း အမျိုးအစားဖြစ်သည်။
မြင်ကွင်း အရွယ်အစား ၅.ဝ လက်မ ရှိမည်ဖြစ်ပြီး Octa-core 1.7 GHz CPU, 3GB
RAM နှင့် သိုလှောင်မှုအတွက် ROM 32GB ရှိကြောင်း သိရသည်။ ကင်မရာစနစ်သည် 13
Megapixel ကျောဘက်ကင်မ ရာနှင့် 8+2 Megapixel ရှေ့ကင်မရာ စနစ်များ
ထောက်ပံ့ပါဝင်ပြီး Android OS v5.0 (Lollipop) ကို ထည့်သွင်း
အသုံးပြုထားသည်။ တန်ဖိုးမှာ ၃၉၉,ဝဝဝ ကျပ်ဖြစ်ပြီး အမြို့မြို့အနယ်နယ်ရှိ
မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် ၀ယ်ယူနိုင် ပြီဖြစ်ကြောင်း သိရသည်။
credit to internetjournal
သီဟထိုက်
www.thihahtike.com






0 comments:
Post a Comment