♪ Captain America:Civil War တွင်အသုံးပြုသည့် Vivo စမတ်ဖုန်းအကြောင်း ♫


Super Hero ဇာတ်ကားတစ်ကားဖြစ်တဲ့ Captain America ရုပ်ရှင်ကို အမေရိကန် နိုင်ငံမှ Marvel ရုပ်ရှင်နဲ့အနုပညာဆိုင်ရာတင်ဆက်သည့်ကုမ္ပဏီကြီးကရိုက်ကူးခဲ့ခြင်းဖြစ်သည်။ Marvel ကို Animation ဇာတ်ကားများထုတ်လုပ်ရာတွင်နာမည်ကျော်လှသော Walt Disney ရုပ်ရှင်ထုတ်လုပ်ရေးကပိုင်ဆိုင်ပြီး Super Hero ဇာတ်ကောင်တွေ ရဲ့ဇာတ်ကားနဲ့ကာတွန်း Animation တွေကိုအဓိကထုတ်လုပ်စေပါတယ်။

 Captain America ရဲ့ Civil War ကို အမေရိကန်ဒေါ်လာသန်း ၂၅၀ ကျော်ကုန်ကျခံရိုက်ကူးခဲ့ပြီး ရက်သတ္တပတ် ၂ ပတ်အတွင်း ရုံဝင်ကြေးနဲ့အခြားစပ်ဆက်သည့်ဝင်ငွေများမှာ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိနေပြီမို့ Merval အတွက်အထူးအောင်ပွဲရရှိခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ ယခင်ကထက်ပိုစိတ်ဝင်စားမှုများပြားရခြင်းအကြောင်းမှာ Super Hero တွေထပ်မံပေါင်းစပ် ကူညီပေးခြင်းဖြစ်ပြီး ဒီရုပ်ရှင်မှာယခင်တွေ့မြင်နေကြမဟုတ်သည့် Super Hero များဖြစ်သည့် Black Panther, Ant-Man , Spider Man တို့ပါဝင်လာကြသည်။

Super Hero တွေကိုလူသဘာဝအတိုင်းသွေးခွဲပြီးတိုက်ခိုက်စေရန်စနစ်တကျဖန်တီးခဲ့သည့်ရန်သူရဲ့ လှည့်ကွက်အတွင်းဝင်ရောက်သွားပြီး Captain America နှင့် Iron Man တို့တဖက်စီ ဦးဆောင်တိုက်ခိုက်ကြတာကိုတွေ့ရမှာဖြစ်သည်။ ဒီရုပ်ရှင်မှာထူးခြားချက်အနေဖြင့် Vivo စမတ်ဖုန်းကို Captain America စတိဗ်ရော်ဂျာနှင့် Iron Man တိုနီစထရပ် တို့အသုံးပြုခဲ့ကြသည်။

ထိုVivo စမတ်ဖုန်းမှာ V3 Max အမျိုးအစားဖြစ်ကာတရုတ်နိုင်ငံတွင်သာရောင်းချခဲ့ကြောင်းသိရှိရသည်။ Vivo V3 Max သည်မျက်နှာပြင်အကျယ် 5.5 inches ရှိပြီး Full HD 1920×1080 (401 ppi) မျက်နှာပြင်အရည်အသွေးရှိသည်။ Snapdragon 652 Octa- Core ကိုအသုံးပြုထားပြီး RAM 4GB ဖြင့်မောင်းနှင်ထားသည်။ 32GB Memory ပါဝင်ပြီး 128 GB ထိထပ်မံတိုးမြှင့်အသုံးပြုနိုင်သေးသည်။ပင်မကင်မရာ 13MP နှင့် မျက်နှာပြင်ကင်မရာ 8MP တပ်ဆင်ထားပြီး ကျောဘက်တွင် Fingerprint Scanner ပါရှိသည်။ ဘက်ထရီကို 3000mAh တပ်ဆင်ထားပြီး Dual Sim အမျိုးအစား ဖြစ်သည်။ Android 5.1 ဖြင့်လည်ပတ်ထားပြီး ဈေးနူန်းမှာ Yuan2098($325) ဖြစ်သည်။ထိုရုပ်ရှင်တွင် Iron Man အသုံးပြုသော Vivo တံဆိပ်ဖုန်းမှာမှု Stark Tech သာဖြစ်ပြီးအထူးပြုလုပ်ချက် Virtual Effects ကိုသုံးပြီးရိုက်ကူးခြင်းဖြစ်သည်။ အမေရိကန်အစိုးရမှတရုတ်နိုင်ငံထုတ်ဆက်သွယ်ရေးပစ္စည်းတွေဟာနိုင်ငံလုံခြုံရေးကိုထိခိုက်သည့်အတွက်အထူးသတိထားသုံးစွဲဖို့ သတိပေးထားပြီးဖြစ်သည်။

Huawei နှင့် ZTE ကုမ္ပဏီ များ၏နောက်ကွယ်တွင်တရုတ်နိုင်ငံအစိုးရမှ ချုပ်ကိုင်ထားသည်ဟု သံသယဖြစ်သောကြောင့်ဖြစ်သည်။ Captain America ရုပ်ရှင်များမှနောက်ထပ်ထွက်လာမည့် ဇာတ်ကားဖြစ်သည့် Infinity War တွင် OPPO စမတ်ဖုန်းများကို သုံးစွဲဖွယ်ရှိကြောင်းကောလဟလများ အရသိရှိရသည်။


Credit to ==> Phone News Up To Date

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 





www.pyaephyo.com

0 comments:

Post a Comment