♪ စိတ်ဖြင့် မောင်းနှင်တဲ့ Drone ♫

Capture

စိတ်ဖြင့် မောင်းနှင်နိုင်တဲ့ Drone တစ်ခုကို ပညာရှင်များက တီထွင်လိုက်ပါတယ်။ လူရဲ့ ဦးခေါင်းမှာ Headset တစ်ခုကို ၀တ်ဆင်ထားပြီး ပျံတက်တော့လို့ စိတ်ကနေ ခိုင်းစေလိုက်တာနဲ့ Drone က မြေပြင်ကနေ ဝေဟင်ပေါ် ပျံတက်မှာဖြစ်ပါတယ်။

Headset မှာ Sensors များ တပ်ဆင်ထားပြီး ၀တ်ဆင်ထားသူရဲ့ ဦးနှောက်မှ လျှပ်စစ်လှိုင်းများကို အာရုံခံနိုင်ပါတယ်။ အဲဒီ လျှပ်စစ်လှိုင်းများကနေ Drone ပျံသန်းဖို့ လမ်းညွှန်ချက်ပေးတာဖြစ်ပါတယ်။ ဖလော်ရီဒါ တက္ကသိုလ်က မကြာမီကပဲ ပထမဆုံး စိတ်ဖြင့် မောင်းနှင်တဲ့ Drone ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ စိတ်ဖြင့် ကွန်ပြူတာများကို ထိန်းချုပ်တဲ့ နည်းပညာကို လူတွေ သိရှိစေဖို့ ပြိုင်ပွဲကို ရည်ရွယ်တာပါ။ အဲဒီနည်းပညာဟာ အနာဂတ် ကွန်ပြူတာ နည်းပညာဖြစ်လာနိုင်ပါတယ်။

အကြောသေနေသူများအတွက် စိတ်ဖြင့် ထိန်းချုပ်တဲ့ စက်ရုပ်ခြေထောက်များကိုလည်း တီထွင်နေကြပါတယ်။ ဖလော်ရီဒါ တက္ကသိုလ်က တီထွင်တဲ့ Headset ဟာ ဒေါ်လာ ၅၀ သာ ကုန်ကျပါတယ်။

Credit to ==> Myanmar Digital Life Journal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 





www.pyaephyo.com

0 comments:

Post a Comment