♪ Honor V8 ကိုDual Camera ဖြင့်မိတ်ဆက်ကြော်ငြာ ♫


တရုတ်စမတ်ဖုန်းကုမ္ပဏီ ကြီးHuawei ရဲ့ Global ကမ္ဘာအနှံအပြားကိုထိုးဖောက်ဖို့ သူတို့မိခင်ကုမ္ပဏီအပြင် Honor တံဆိပ် ကိုလည်တွင်တွင်ကျယ်ကျယ်အသုံးပြုလေ့ရှိပြီးအရည်အသွေးကောင်းပြီးဈေးနူန်းသက်သာတာကြောင့်ပိုမို နာမည်ကျော်ကြားလူသိများလာသည်။ မကြာသေးခင်အချိန်ကကြော်ငြာရောင်းချခဲ့သည့် Huawei P9 model ကဲ့သို့ပဲ Honor V8 မှာDual Camera ပါဝင်ခဲ့ပေမယ့် နာမည်ကျော် Leica Lens တွေသုံးထားတာမဟုတ်ပေ။ သို့သော်ကင်မရာများကိုအဆင့်မြင့်နည်းပညာများဖြင့်ဖန်တီးထားကာ မြင်ကွင်းကျယ် ဖြစ်လာစေရန် Google Cardboard နည်းပညာကိုအသုံးပြုဖန်တီးထားသည်။သာမာန်စမတ်ဖုန်းတွေရဲ့မြင်ကွင်းမျိုးမဟုတ်ပဲဓာတ်ပုံတွေကိုပိုမို ကျယ်ပြန့်စေရန်ကူညီဖို့အတွက်Dual Camera Typeကိုအသုံးပြုခဲ့ခြင်းဖြစ်ကြောင်းHonor မှမိတ်ဆက်စဉ်ကရှင်းလင်းပြောကြားခဲ့သည်။ Honor V8 ကို Version သုံးမျိုးခွဲခြားထုတ်လုပ်ထားပြီး ၎င်းတို့မှာ Premium(အဆင့်မြင့်) Mid-tier (အလတ်တန်းစား) Low-end (တန်ဖိုးနည်း) ဆိုပြီးသုံးမျိုးထုတ်လုပ်ထားပါတယ်။
Premium Model
Honor V8 premium model
Honor V8 မျက်နှာပြင်အကျယ် 5.7 inchs ရှိပြီး QHD 2560×1440 (515 ppi pixel density) မျက်နှာပြင်အရည်အသွေးရှိတာကြောင့် resolution အပိုင်းမှာထိပ်တန်းအဆင့်မြင့်စမတ်ဖုန်းတစ်လုံးဆိုမလွဲပါဘူး။ 2.5 D curved မျက်နှာပြင်ကွေးဖြစ်တာကြောင့် Design ပိုင်းသာမက မြင်ကွင်းအပိုင်းမှာလည်းကြည့်ရှု့ရန်အကောင်းဆုံးဖန်တီးပေးထားသည်။ ပရိုဆက်ဆာအပိုင်းမှာတော့ Huawei P9 မှာအသုံးပြုခဲ့တဲ့ Huawei ကိုယ်ပိုင်ထုတ် Hisilicon Kirin 955 Octa-Core (Quad-Core 2.5 +Quad-Core 1.8 ) ကိုအသုံးပြုထားသည်။ RAM 4 GB ဖြင့်မောင်းနှင်ထားပြီး Memory 64GB ပါဝင်ပြီး Sim 2 တွင် 128GB ထိထပ်မံတိုးမြှင့်အသုံးပြုနိုင်သေးသည်။ ပင်မကင်မရာမှာ Dual 12 MP ဖြစ်ပြီး မျက်နှာပြင်ကင်မရာ ကို8MP တပ်ဆင်ထားသည်။ Fingerprint Scanner လက်ဗွေ လုံခြုံရေး စနစ်ကိုကျောဘက်တွင်တပ်ဆင်ထားသည်။ဘက်ထရီ 3500mAh တပ်ဆင်ထားပြီး Dual Sim အမျိုးအစား ဖြစ်သည်။

Honor V8 Mid-tier & Low-end
Honor V8 Mid-tier နှင့် Low-end မှာလည်းမျက်နှာပြင်အကျယ် 5.7 inchs ပင်ဖြစ်ပြီး မျက်နှာပြင်အရည်အသွေးမှာမှု 1080×1920(386 ppi) FHD သာဖြစ်သည်။ Huawei ရဲ့ကိုယ်ပိုင် Chipset ဖြစ်သော Hisilicon Kirin 950 (Quad-core 2.3 +Quad-core 1.8) ကိုအသုံးပြုထားပြီး RAM 4 GB ဖြင့်မောင်းနှင်ထားတာကြောင့် စမတ်ဖုန်းသုံးမျိုးလုံးမှာ 4GB RAM များဖြစ်ကြသည်။ Memory 32GB ပါဝင်ပြီး 128GB ထိထပ်မံတိုးမြှင့်အသုံးပြုနိုင်သည်။ Mid-tier ဗားရှင်းမှာ တန်ဖိုးနည်းLow-end နှင့်များစွာကွာဟမှုမရှိသော်လည်း Network support လိုင်းဆွဲအားမှာပိုမိုကောင်းမွန်အောင်ပြုလုပ်ထားခြင်းဖြစ်သည်။ ပင်မကင်မရာ 12MP Dual Camera နှင့် မျက်နှာပြင်ကင်မရာ8MP ဖြစ်တာကြောင့်စမတ်ဖုန်းသုံးမျိုးစလုံးကင်မရာအရည်အသွေးအတူတူပင်ဖြစ်သည်။ Fingerprint scanner ကိုကျောဘက်တွင်တပ်ဆင်ထားပြီး 3500mAh ဘက်ထရီတပ်ဆင်ထားသည်။
Honor V8 စမတ်ဖုန်းများမှာ USB C type ဖြစ်တာကြောင့်အားသွင်းခြင်းနှင့် Data များကူးယူရန်အတွက်မြန်ဆန်စေရန်အထောက်အကူပြုသည်။
တရုတ်နိုင်ငံ တွင်စတင်ရောင်းချမည့်ဈေးနူန်းများမှာ Premium 64 GB = 2799 Yuan($429) Mid-Tier 32GB(plus Better Network Support) =2499 Yuan($383) နှင့် Low-end 32GB =2299 Yuan($352) တို့ဖြစ်ကြသည်။

Credit to ==> Phone News Up To Date

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment