♪ “Huawei Honor 5C” ♫

Huawei Honor C Series ဟာ ၂၀၁၃ လောက်က စတင်ထုတ်လုပ်ဖြန့်ချိ ပေးခဲ့တာဖြစ်ပြီး အခုဆိုရင် Honor 5C ကိုထပ်မံထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ ဈေးနှုန်းသင့်တင့်တဲ့ အဆင့်မြင့်စမတ်ဖုန်းအမျိုးအစား ထဲမှာ ပါဝင်ပြီး ကိုင်တွယ် အသုံးပြုရတာလည်းအဆင်ပြေပါတယ်။ GSM, LTE နဲ့ HSPA Networks တွေမှာ အသုံးပြုနိုင်ပြီး Nano SIM Card 2 ကတ်ကို တစ်ပြိုင်နက်တည်း ထည့်သွင်းသုံးစွဲနိုင်ပါတယ်။

ဖုန်းအရွယ်အစားက 147.1×73.8×8.3 mm ဖြစ်ပြီး 156g အလေးချိန်ရှိပါတယ်။ မျက်နှာပြင် အကျယ်က 5.2 inches ရှိပြီး IPS LCD Capacitive Touchscreen အမျိုး အစားကိုအသုံးပြုပေးထားပါတယ်။ 1080×1920 pixels ပမာဏစွမ်းအား ရှိတဲ့ မြင်ကွင်းတွေကို ထောက်ပံ့ပေးနိုင်ပြီး ၁လက်မအနေအထားမှာတော့ 424 ppi pixel ပမာဏသိပ်သည်းဆကိုပေးစွမ်းနိုင်ပါတယ်။ Emotion UI 4.1 နဲ့ Multitouch စနစ်ကိုသုံးစွဲနိုင်ပါတယ်။ 13MP Resolution ရှိတဲ့ အနောက် ကင်မရာကိုထောက်ပံ့ပေးထားပြီး 30fps မှာ 1080p အရည်အသွေးရှိ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ ကင်မရာငယ်ကတော့ 8 MP ရှိပါတယ်။

Internal Memory 16GB ရှိပြီး RAM 2GB ကို ပံ့ပိုးပေးထားတဲ့အပြင် Micro SD Card ကို 128 GB အထိထပ်မံစိုက်ထည့်သုံးနိုင်ပါသေးတယ်။ ထည့်သွင်း ပေးထားတဲ့ Chipset အမျိုးအစားကတော့ HiSilicon Kirin 650 ပါ။ ဘက်ထရီ အနေနဲ့ Non-removable 3000 mAh Battery ကိုထည့်သွင်းပေးထားပါ တယ်။ Bluetooth Version ကတော့ 4.1 ဖြစ်ပြီး အမည်းရောင်၊ ငွေရောင်နဲ့ ရွှေရောင်ဆိုတဲ့ အရောင်(၃)မျိုးကို ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

<Specification>
Network - GSM/HSPA/LTE
CPU - QC 2.0 GHz Cortex-A53 &
QC 1.7 GHz Cortex-A53
Memory - 16 GB (up to 128 GB)
OS - Android OS, v6.0 (Marshmallow)
Bluetooth - v4.1, A2DP, LE
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 





www.pyaephyo.com

0 comments:

Post a Comment