♪ “KENBO O31 Plus” ♫


လှပတဲ့ဒီဇိုင်းနဲ့ စပတ်ကျတဲ့အပြင် အကြမ်းခံပြီးဖုန်းအသုံးပြုရတာ မြန်ဆန်တဲ့ O31 Plus ဖုန်းကို ပြည်တွင်းဈေးကွက်မှာ ၀ယ်ယူရရှိနိုင်ပါပြီ။ O31 Plus ဖုန်းကို KENBO Smartphone ကထုတ်လုပ်ထားပြီး မြန်ဆန် သွက်လက်တဲ့ ဖုန်းအထိအတွေ့ကိုရရှိစေဖို့ သာမန် Processor ၈ လုံးစာအလုပ်လုပ်နိုင်စွမ်း ရှိတဲ့ Octa-Core 1.3 GHz CPU နဲ့ RAM 2GB တို့ကိုပေါင်းစပ်ဖန်တီးပေးထား ပါတယ်။

Movies, Music, Application နဲ့ Data များကိုဖုန်းအတွင်းပိုမို သိမ်းဆည်း နိုင်ဖို့အတွက် ROM 16GB ကိုထည့်သွင်းပေးထားတဲ့အပြင် မြင့်မားတဲ့ရုပ်ထွက်အရည်အသွေးကိုထုတ်ပေးနိုင်တဲ့ အရည်အသွေးမြင့် ကင်မရာများနေရာတွင် အရှေ့ဘက် 5 Megapixel နဲ့ အနောက်ဘက် 13 Megapixel တို့ကိုတပ်ဆင်ပေးထားပါတယ်။ ကင်မရာကို5P Largen Lens စနစ်မှန်ဘီလူးများနဲ့ မလိုအပ်တဲ့အလင်းတန်းများကိုစစ်ထုတ် ဖယ်ရှား ပေးနိုင်မယ့် အပြာရောင်မှန်ပြားလေး တစ်ချပ်ကိုပေါင်းစပ်ပေးထားပါတယ်။ ဒါ့အပြင် PDAF စနစ်ပါဝင်လို့ လှုပ်ရှားနေတဲ့ ရုပ်ပုံများကို ရိုက်ကူးတဲ့အခါ မှာ0.2 Second အတွင်း ရိုက်ကူးနိုင်တဲ့အပြင် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်များကိုလည်းရရှိစေမှာဖြစ်ပါတယ်။

O31 Plus ဖုန်းရဲ့ ဘေးဘောင် တစ်ခုလုံး ကိုMetallic နည်းပညာ အသုံးပြု ထားလို့ ပါးလွှာပြီးအကြမ်းခံတဲ့ အပြင် ကိုင်ဆောင်ရတာလည်းသက်သောင့် သက်သာရှိစေပါတယ်။ ရုပ်ထွက်ကောင်းမွန်ပြီး ရုပ်လုံးရုပ်ကြွများကိုပိုမို သိသာထင်ရှားစေဖို့အတွက် 2.5D နည်းပညာသုံးမျက်နှာပြင်ကို 1920×1080 Full HD အပြည့်အ၀ရရှိစေဖို့ 5.2 inches အရွယ်အစားနဲ့ ထုတ်လုပ်ပေးထားပါတယ်။ ထိုင်ရာမှမထဂိမ်းဆော့လေ့ရှိတဲ့ Gamer များအကြိုက်ဖြစ်စေဖို့ ဘက်ထရီသက်တမ်းပိုမိုကြာရှည်ခံတဲ့ Li-Ion အမျိုးအစားဘက်ထရီကို2900mAh အထိထည့်သွင်းပေးထားလို့ ကြာရှည် ဂိမ်းဆော့နိုင်မှာဖြစ်ပါတယ်။ လိုင်းဆွဲအားကောင်းမွန်သည့်အပြင် Nano SIM Card များကိုDual အနေနဲ့အသုံးပြုနိုင်မှာပါ။

<Specification>
Network - GSM/ WCDMA
Memory - ROM 16 GB
CPU - Octa-Core 1.3GHz
Camera - 13MP, 5MP
Screen - 5.2 inches
Battery - 2900 mAh
Contact - 09-258451418
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 





www.pyaephyo.com

0 comments:

Post a Comment