♪ Singtech Infinity L1 Plus ♫


အားသာချက်
မှတ်ဉာဏ်မြင့်မားပြီး ကင်မရာမှာလည်း Mega Pixel မြင့်မားသော ကင်မရာများကို အသုံးပြုထားသော ဖုန်းဖြစ်သည်။ ဈေးနှုန်းသက်သာသော ဖုန်းအမျိုးအစား တစ်ခုဖြစ်သော်လည်း ဖုန်းတွင်းအသုံးပြု စနစ်များတွင် ကောင်းမွန်သော စနစ်များကို အသုံးပြုနိုင်မည်ဖြစ်သည်။ Screen Resolution ကောင်းမွန်သည့်အပြင် ဖုန်း၏ Screen ပိတ်ထားချိန်တွင် Screen ပေါ်၌ သတ်မှတ်ထားသော သင်္ကေတများအား ရေးဆွဲကာ မိမိဝင်ရောက် အသုံးပြုလိုသော စနစ်များအတွင်းသို့ တိုက်ရိုက်ဝင်ထွက်နိုင်သော Gesture စနစ်များကိုလည်း အသုံးပြုနိုင်သည်။
အားနည်းချက်
ဈေးနှုန်းသက်သာသော ဖုန်းအမျိုးအစား တစ်ခုဖြစ်သောကြောင့် CPU ပိုင်းတွင် အနည်းငယ် အားနည်းနေမည်ဖြစ်ပြီး ကင်မရာ Mega Pixel ကောင်းမွန်သော်လည်း ဓာတ်ပုံအသုံးပြု စနစ်များတွင် များများစားစား ပါဝင်မည်မဟုတ်ပါ။
ဒီဇိုင်း
အရွယ်အစား ကျယ်ပြန့်သော မျက်နှာပြင် ပုံစံမျိုးဖြင့် ဖွဲ့စည်းတည် ဆောက်ထားပြီး လေးထောင့်ဆန်သော ပုံစံမျိုးရှိသည်။ ရှေ့မျက်နှာပြင်၏ ဘေးဘောင်များ ပါးသောကြောင့် မျက်နှာပြင် အပြည့်ပုံစံမျိုး ရှိနေမည်ဖြစ်ပြီး ဖုန်း Screen ဘေးဘောင်အား သေးငယ်သော သတ္တုဘေးဘောင် ပတ်လမ်းဖြင့် ပြုလုပ်ထားသည်။ ကိုယ်ထည်တစ်ခုလုံးမှာ ပလတ်စတစ် ကိုယ်ထည်ဖြစ်ပြီး နောက်ဘက် ကာဗာမှာလည်း ဖြုတ်နိုင်တပ်နိုင်သော ကာဗာအရှင်ဖြစ်သည်။ ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၅.၀ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၇၂ စင်တီမီတာ နှင့် ထုထည်မှာ ၀.၈၈ စင်တီမီတာ ဖြစ်သည်။ ထုထည်အနည်းငယ် ရှိသော်လည်း အလေးချိန် ပေါ့ပါးသော ဖုန်းဖြစ်သည်။
မြင်ကွင်း
၅.၅ လက်မရှိသော HD Capacitive Touch Screen ဖြစ်ပြီး 720×1280 Pixels ထိရရှိနိုင်မည် ဖြစ်သည်။
နည်းပညာ
Smart Slide ဆိုသော စနစ်ပါဝင်လာပြီး ၎င်းစနစ်မှာ ဖုန်း Screen ပိတ်ထားချိန်တွင် မိမိအသုံးပြုလိုသော စနစ်များအတွင်းသို့ သတ်မှတ် သင်္ကေတများ ရေးဆွဲ၍ ဝင်ရောက်နိုင်သော စနစ်ဖြစ်သည်။ အဆိုပါစနစ်သည် Gesture စနစ်ပေါ်တွင် အခြေခံသော နည်းပညာ တစ်ခုဖြစ်သော်လည်း သင်္ကေတများ ရေးဆွဲရာတွင် မိမိတ်စိတ်ကြိုက် သတ်မှတ်ရမည်မဟုတ်ပဲ သတ်မှတ်ပေးထားပြီးသား သင်္ကေတ စနစ်များကိုသာ အသုံးပြုရမည် ဖြစ်သည်။ Selife ဓာတ်ပုံရိုက်သူများအတွက် SelfieShop Camera ဆိုတော့ ကင်မရာ App တစ်ခုသီးသန့် ပါဝင်လာမည်ဖြစ်သည်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မယ်ဆိုပါက Singtech Infinity L1 Plus သည် ဖုန်း၏မှတ်ဉာဏ်ပိုင်း၊ ကင်မရာ Mega Pixel ပိုင်း၊ မြန်မာစာဖောင့် စနစ်ပိုင်းနှင့် Screen မြင်ကွင်းပိုင်းတို့တွင် ကောင်းမွန်သော ဖုန်းဖြစ်သည်။ Setting မြင်ကွင်းပိုင်းမှာ ရိုးရှင်းပြီး OS ၏ Interface မှာလည်း ရိုးရှင်းလှသည်။ ဖုန်းကိုယ်ထည်၏ ဘေးဘောင်များ ပါးလွှာသောကြောင့် ရှေ့မြင်ကွင်း Screen အပြည့်ပုံစံမျိုး မြင်တွေ့ရပြီး နောက်ဘက်ကာဗာမှာ ဖုန်း၏ ဘေးဘောင်ထိပါဝင်သော ကာဗာဖြစ်ခြင်းကြောင့် ကာဗာဖြုတ်တပ် ပြုလုပ်ရာတွင် အနည်းငယ် ခက်ခဲမည်ဖြစ်သည်။ Sim Card နှစ်ကတ်နှင့်အတူ SD Card ကိုပါ တစ်ပြိုင်တည်း ထည့်သွင်းအသုံးပြု နိုင်ခြင်းမှာလည်း ကောင်းမွန်သော အချက်တစ်ခု ဖြစ်သည်။
Network            GSM - 2G/ 3G
SIM                   Dual SIM (Micro SIM Dual Standby)
Sensors             Accelerometer, proximity, compass
OS                    Android V 5.1
Chipset              MT6735P
CPU                  Quad-core 1.0 GHz
GPU                  -
Memory            Internal 16GB, 1GB RAM, microSD, 32 GB           
Wi-Fi                 Wi-Fi a/b/g/n
Feature             Bluetooth v4.0, A2DP, microUSB v2.0

Credit to ==> Internet Journal

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment