Vivo V3 နှင့် V3 Max တို့ ကို ပြည်တွင်းဈေးကွက်ထဲမှာ ၀ယ်ယူနိုင်ပြီလို့ သိရပါတယ်။   Vivo V3 နှင့် V3 Max တို့ ကို မေလ ၁၃ ရက်နေ့ သောင်္ကြာနေ့ က Novotal Hotel Yangon Max တွင် နေ့လယ် ၂နာရီ အချိန်မှစ၍ Vivo Myanmar မှ V3 နှင့် V3Max မိတ်ဆက်ပွဲကို ပြုလုပ် ပေးခဲ့ပါတယ်။
Vivo V3 နှင့် V3Max ဟာ မယုံကြည်နိုင်လောက်အောင်လျင်မြန်တဲ့ စွမ်းဆောင်ရည်တွေ အပြင် ကောင်းမွန် လျှင်မြန်တဲ့ လက်ဗွေဖတ်စနစ်၊ အားသွင်းစနစ်တွေအသုံးပြုထားပါတယ်။ V3 နှင့် V3Max ကို ၁၄.၅.၂၀၁၆ မှစ၍ ရန်ကုန်မြို့ တွင် စတင်ရောင်းချပေးခဲ့ပြီး အခြားမြို့နယ်များအတွက် မကြာမီ ရက်ပိုင်းအတွင်းရောင်းချပေးသွားမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။ Vivo V3 ကို 288,000 ကျပ်ဖြင့် ၀ယ်ယူနိုင်မှာဖြစ်ပြီး Vivo V3Max ကိုတော့ 418,000 ကျပ်ဖြင့် ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။
Vivo V3 နှင့် V3Max ဟာ Android ဗားရှင်း 5.1 Funtouch OS 2.5 ကိုအသုံးပြုထားပါတယ်။ V3 မှာ Snapdragon 616 Octa-core 1.5 Ghz (64bit) တပ်ဆင်ထားပြီး V3 Max တွင် Snapdragon 652 Octa-core 1.8 Ghz (64bit)တပ်ဆင် ထားပါတယ်။ V3 တွင် RAM 3GB အသုံးပြုထားပြီး ROM 32 GB အသုံးပြုထားပါတယ်။ V3Max တွင် RAM 3GB အသုံးပြု ထားပြီးROM 32 GB အသုံးပြုထားပါတယ်။   V3 ဟာ5လက်မအရွယ်အစားရှိပြီး V3 Max ကတော့ 5.5 လက်မ ရှိပါတယ်။ Vivo V3 နှင့် V3Max တွင် ကင်မရာကို13MP, 8MP (PDAF) အသုံးပြုထားပါတယ်။ Vivo V3 နှင့် V3Max ဟာ 4G, 3G Network မှာအသုံးပြုနိုင်မှာဖြစ်ပြီး Micro SIM နှင့် Nano SIM အသုံးပြုရမှာဖြစ်ပြီး အရောင်အနေနဲ့ ရွှေရောင် တစ်မျိုးတည်း သာ ရရှိနိုင်မှာဖြစ်ပါတယ်။
                                                                                                          #Kaung_Myat_Yar