♪ “Xiaomi Note 3” ♫


Note 3ရဲ့ ၅.၅ လက်မမျက်နှာပြင်ဟာ full HD (1080× 1920) ဖော်ပြနိုင် စွမ်းရှိမှာဖြစ်ပါတယ်။ OIS ပါဝင်တဲ့ 16MP ကင်မရာကလည်း ရုပ်ပုံတွေကို ထင်ရှားပြတ်သားစွာရိုက်ကူးနိုင်ပါလိမ့်မယ်။ Dual-simသုံးနိုင်မှာဖြစ်ပြီး dual-LTE ကွန်ရက် ချိတ်ဆက်မှုကိုရရှိစေမှာပါ။ ထည့်သွင်းအသုံးပြုရမယ့် SIM Card အမျိုးအစားကတော့ Micro SIM ပါ။

ဖုန်းရဲ့အထိအခိုက်ကို ကာကွယ် နိုင်စွမ်းအတွက်ကတော့ Gorilla glass 3 နဲ့ ကာကွယ်ပေးထားပါတယ်။ အရှေ့ဘက်ကင်မရာငယ်ကတော့ 5MP ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်ဟာ 1080p ပါ။ အခြားလုပ်ဆောင်ချက်ပိုင်းမှာလည်းကောင်းမွန်ပြီး Memory ပိုင်းတွင် နှစ်မျိုးရှိပါတယ်။ 3GB RAM နဲ့တွဲဖက်ပေးမှာကတော့ 32GB သိုလှောင်သိမ်းဆည်းနိုင်စွမ်းပဲဖြစ်ပြီး RAM 2GB နဲ့ တွဲဖက်ပေးထား တာကတော့ ROM 16GB ဖြစ်ပါတယ်။ ဆောဝဲအနေနဲ့ကြည့်လိုက်မယ်ဆိုရင် Android 5.1 ပေါ်မှာ အခြေခံထားတဲ့ MIUI 7 ကိုသုံးနိုင်ပါလိမ့်မယ်။

အချက် အလက်တွေကို ဝေမျှလိုတယ်ဆိုရင်တော့ Bluetooth 4.0 နဲ့ USB 2.0 ကို သုံးနိုင်ပါလိမ့်မယ်။ NFC နဲ့ Radio လုပ်ဆောင်ချက်ကိုလည်းသက်ဆိုင်ရာ နိုင်ငံအပေါ်မူတည်ပြီးသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ၅.၅ မျက်နှာပြင်ဟာ တိုက်ရိုက်နေရောင် ထဲမှာသုံးတာ၊ ညပိုင်းသုံးတာနဲ့ စာတွေဖတ်မယ့် အချိန် တွေမှာ display ကိုသတ်မှတ်ထားနိုင်ပါလိမ့်မယ်။

ဖုန်း၏နောက်ကျောဘက်ကင်မရာရဲ့ အောက်မှာတော့ fingerprint sensor ကိုတပ်ဆင်ပေးထားပြီး unlock ပြုလုပ်နိုင်မယ့် အချိန်ဟာ 0.3 secသာ ကြာမြင့်မှာဖြစ်ပါတယ်။ ပေါ့ပါးပြီးပါးလွှာတယ်ဆိုပေမယ့် သူ့ရဲ့ အလေးချိန် ဟာRedmi Note 2 ထက်စာရင်တော့ 4g လောက် ပိုလေးပါတယ်။ 8.65mm အထူကတော့ တကယ်ပေါ့ပါးမှုလို့ သတ်မှတ်နိုင်ပါတယ်။ အခြား ဘက်ထရီစွမ်းအားကြီးမားတဲ့ ဖုန်းတွေနဲ့ယှဉ်လိုက်မယ်ဆိုရင် ဒါဟာအတော် ကြီးပါးတယ်လို့ဆိုနိုင်ပါတယ်။ ဘေးအနားသတ်လေးတွေ ကတော့ iPhone နဲ့ဆင်တူပါတယ်။ ကိုယ်ထည်တစ်ခုလုံးရဲ့ အချိုးကတော့ 5.91×2.99× 0.34 in ရှိမှာဖြစ် ပါတယ်။

Xiaomiဖုန်းမှာသီချင်းတွေကိုအကောင်းဆုံးနားဆင်နိုင်စေဖို့အတွက် ESS ES9018K2M chip ကိုသုံးထားပါတယ်။ ပုံမှန် ဖုန်းတွေထက်ပိုကောင်းတဲ့ အသံထွက်ရရှိစေဖို့အတွက် Hi-fi audio ရနိုင်မယ့် sound ပရိုဆက်ဆာကို တပ်ဆင်ပေးထားပါတယ်။ သီချင်းတွေကိုဖွင့်လှစ်နားဆင်တဲ့အခါမှာ format မကိုက်ခြင်းကြောင့် နားထောင်လို့မရတာမျိုးတွေလည်း ဖြစ်စေတော့မှာ မဟုတ်ပါဘူး။ အသံမညီမှုတွေ ကိုလည်း ၀.၀၀၁% ထိရောက်အောင် လျှော့ချပေးထားပါတယ်။ ဘက်ထရီကတော့ 4000mAh ကိုသုံးနိုင်ပါလိမ့် မယ်။ ဒါ့အပြင်မြန်ဆန်တဲ့ ဘက်ထရီအားသွင်းနိုင်စွမ်းအတွက် Fast Battery Charging ကိုသုံးထားပါတယ်။

<Specification>
Network - GSM/HSPA/LTE
Processor - QC 1.4 GHz & DC 1.8 GHz
Screen - 5.5 inches
Camera - 16 MP
Bluetooth - v4.1
Storage - 32 GB
OS - Android OS, v5.1.1
Contact - 09-421744111
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment