♪ သမ္မတရုံးဝက်ဘ်ဆိုဒ်ကို ဟက်ခ်ပြီး စာမေးပွဲရက်နောက်ဆုတ်ဖို့ ကြိုးစားခဲ့တဲ့ သီရိလင်္ကာကျောင်းသားတစ်ဦး ဖမ်းဆီးခံရ ♫


အသက် ၁၇ နှစ်အရွယ် သီရီလင်္ကာဆယ်ကျော်သက်ကောင်လေးတစ်ဦးဟာ သမ္မတရုံးဝက်ဘ်ဆိုဒ်ကို ဟက်ခ်ခဲ့တယ်လို့ ယူဆရတာကြောင့် တနင်္လာနေ့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

သီရိလင်္ကာသမ္မတရုံးဝက်ဘ်ဆိုဒ်ကို ကြာသပတေးနေ့နဲ့ သောကြာနေ့တွေမှာ “သီရိလင်္ကာလူငယ်အဖွဲ့” လို့ အမည်ပေးထားတဲ့ အဖွဲ့တစ်ဖွဲ့က ဟက်ခ်ခဲ့ပြီး၊  A-level စာမေးပွဲရက်တွေကို နောက်ဆုတ်ပေးဖို့ တောင်းဆိုထားတဲ့မက်ဆေ့ကို Homepage မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

ဧပြီလမှာကျင်းပမယ့် A-level စာမေးပွဲတွေဟာ ဆင်ဟာလာနဲ့ တမီးလ်နှစ်သစ်ကူးပွဲတွေနဲ့ တိုက်နေတာကြောင့် စာမေးပွဲရက်တွေကို အချိန်ပြန်ဆွဲပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး၊ သိရီလင်္ကာဝက်ဘ်ဆိုဒ်တွေရဲ့ လုံခြုံရေးပိုင်းကိုလည်း ဂရုစိုက်ပေးဖို့ သမ္မတကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

သမ္မတရုံးဝက်ဘ်ဆိုဒ်ကို အဟက်ခံရပြီး သိပ်မကြာခင်မှာ ပြန်လည်ရယူနိုင်ခဲ့ပေမယ့်၊ နောက် တစ်ကြိမ်ပြန်လွှင့်ပြီး မကြာမီမှာတင် ထပ်အဟက်ခံခဲ့ရပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ခြေရာခံလိုက်တဲ့အခါမှာ မြို့တော်နဲ့ ၆၂ မိုင်ကွာဝေးတဲ့ ကာဒူဂန်နာဝါမြို့က အိမ်ကို ခြေရာခံမိပြီး၊ အသက် ၁၇ နှစ်အရွယ်ဆယ်ကျော်သက်ကောင်လေးကို ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း သိရီလင်္ကာရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

သမ္မတဝက်ဘ်ဆိုဒ်ဟက်ခဲ့သူလို့ ယူဆရတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ဒဏ်ကြေး ဒေါ်လာ ၂၀၀၀ အပြင် ထောင်ဒဏ်သုံးနှစ်အထိပါ ကျခံသွားရဖို့ရှိနေပါတယ်။


Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment