Samsung Galaxy Note 7 ဖုန်းတွေ ဘက်ထရီမီးလောင်မှုဖြစ်လို့
အဲ့ဒီဖုန်းတွေကို မသုံးဖို့နဲ့ တခြားဖုန်းနဲ့ ပြန်လဲလှယ်ယူကြဖို့
ဆမ်ဆောင်းကုမ္ပဏီက သုံးစွဲသူတွေကို တိုက်တွန်းခဲ့အပြီး ဆမ်ဆောင်း
အစုရှယ်ယာဈေးတွေ ဒီနေ့မှာ ထိုးကျခဲ့ပါတယ်။
ဒီနေ့မနက် ဈေးဖွင့်ချိန်မှာ ရှယ်ယာဈေးတွေ ၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၂ လအတွင်း အနိမ့်ဆုံး ကျဆင်းသွားတာ ဖြစ်ပါတယ်။
Galaxy Note 7 ဖုန်းတွေ ဘက်ထရီအားသွင်းချိန်မှာရော၊ အားသွင်းအပြီးမှာရော
ပေါက်ကွဲတတ်လို့ ဖုန်းအလုံးရေ ၂ သန်းခွဲကို ပြီးခဲ့တဲ့တပတ်က
ဆမ်ဆောင်းကုမ္ပဏီက ပြန်အပ်ခိုင်းခဲ့ပါတယ်။
အမေရိကန်လေကြောင်း အာဏာပိုင်တွေကလည်း စမတ်ဖုန်းတွေကို လေယာဉ်ပေါ်မှာ သုံးတာ၊ အားသွင်းတာတွေ မလုပ်ဖို့လည်း သတိပေးထားပါတယ်။
အဲ့ဒါနဲ့ဆက်စပ်ပြီး တခြားနိုင်ငံတွေက လေကြောင်းတွေ၊ ပုဂ္ဂလိက
လေကြောင်းလိုင်းတွေလည်းပဲ စမတ်ဖုန်းတွေကို လေယာဉ်ပျံသန်းမှုအတွင်း
သုံးစွဲမှုတွေကို ထပ်ပြီး ပိတ်ပင်ခဲ့ကြပါတယ်။
DVB Burmese






0 comments:
Post a Comment