Samsung ဟာ မကြာသေးမီကဖြန့်ချိထားတဲ့ အသစ်စက်စက် Galaxy Note 7
စမတ်ဖုန်းတွေကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့
အလုံးရေအမြောက်အများပြန်သိမ်းသွားဖို့ စီစဉ်နေတယ်လို့ သိရှိရပါတယ်။
တောင်ကိုးရီယားသတင်းဌာနတွေဖြစ်တဲ့ Yonhap ကော The Korean Herald မှာပါ အဆိုပါသတင်းကို ဖော်ပြထားတာတွေ့ရှိရပြီး၊ Samsung ကုမ္ပဏီအနေနဲ့ မကြာမီတရားဝင်ကြေငြာ သွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။
အားသွင်းနေရင်းနဲ့ ထပေါက်ကွဲသွားတဲ့ Galaxy Note 7 စမတ်ဖုန်းဓာတ်ပုံနဲ့ ဗီဒီယိုတွေ တောင်ကိုရီးယားလူမှုကွန်ရက်ဆိုက်တွေမှာ ပျံ့နှံ့လာပြီးနောက်မှာ အခုလိုပြန်လည်သိမ်းယူမယ့် အစီအစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။
လက်ရှိမှာလည်း Galaxy Note 7 စမတ်ဖုန်းကို ဈေးကွက်တစ်ချိ့မှာ တင်ပို့မှု ရွှေ့ဆိုင်းထားပြီး၊ “ ထုတ်ကုန်အရည်အသွေးပိုင်းဆိုင်ရာ နောက်ထပ်စမ်းသပ်မှုတွေ လုပ်နေတာကြောင့် တင်ပို့မှု ကြန့်ကြာနေတာဖြစ်ပါတယ်” လို့ Samsung ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Reuters သတင်းဌာနကို အတည်ပြုပြောကြားခဲ့ပါတယ်။
Note 7 ဘက်ထရီပေါက်ကွဲမှုတွေကို Samsung ဘက်က တရားဝင်အတည်ပြုပေးထားခြင်းမရှိသေးဘဲ၊ စုံစမ်းစစ်ဆေးဆဲဖြစ်ကာ၊ ရလဒ်တွေကို ယခုတစ်ပတ်အတွင်းမှာတင် လူသိရှင်ကြားကြေငြာ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit to ==> Digital Times
www.pyaephyo.com
0 comments:
Post a Comment