Samsung ရဲ့ Note 7 ဖုန်း ပေါက်ကွဲခဲ့တာဟာ တကယ့်ဖြစ်ပွားလာနိုင်တဲ့
ပြဿနာကြီးတစ်ခု ဖြစ်နေပြီ လားဆိုတာ သံသယဖြစ်စရာ ကောင်းလာပါတယ်။
သတင်းတစ်ပုဒ်အရ မကြာသေးမီအချိန်တုန်းက Samsung ဖုန်းရဲ့ ပေါက်ကွဲမှုကြောင့်
ဒေါ်လာ ၁၄၀၀ဖိုးလောက် ဆုံးရှုံးမှုတစ်ခုဖြစ်ပေါ် ခဲ့တဲ့ ဖြစ်ရပ်တစ်ခု
ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါဟာဆိုရင် သြစတြေးလျမှာရှိတဲ့ ဟိုတယ်ခန်ုးထဲမှာ အိပ်နေတဲ့
အမျိုးသားတစ်ဦးထံမှာ ဖြစ်ပွားခဲ့တာပါ။ “ကျွန်တော်ရဲ့ Note 7 ဖုန်းသစ်ဟာ
ကျွန်တော်အိပ်ပြီး အားသွင်းထားတုန်း ဒီမနက်ပိုင်းမှာပဲ
ပေါက်ကွဲသွားခဲ့ပါတယ်” လို့ ဖုန်းပိုင်ရှင်ဖြစ်သူ Reditor Crushader
ဆိုပါတယ်။
ဖုန်းတစ်ခုလုံးဟာ ပျက်စီးသွားခဲ့ပြီဖြစ်ပေမယ့် SIM ကဒ်ကိုတော့ ပြန်ရလိုက်တယ်လို့ဆိုပါတယ်။ “အံ့သြဖို့ကောင်းတာက ကျွန်တော်အားသွင်းတာဟာ Original ပါတဲ့ Charger နဲ့ ကြိုးကိုပဲ အသုံးပြုခဲ့တာပါ” လို့ Crushader ကဆိုပါတယ်။

Galaxy Note7 ၏ ပေါက်ကွဲမှုအား 9Gag စာမျက်နှာတွင်သရော်ထားပုံ
Samsung ကတော့ ဒီအတွက် တာဝန်ယူခဲ့ပြီး သူ့ရဲ့ ဒုက္ခရောက်ခဲ့မှုကြောင့်
Crushader အနေနဲ့ ယာယီအငှားဖုန်းတစ်လုံးနဲ့ ခေတ္တအစားထိုးပေးထားမှာ ဖြစ်ပြီး
ပြီးတဲ့အခါမှာ ပေါက်ကွဲခြင်းမရှိတဲ့ Note 7 ဖုန်းသစ်တစ်လုံးကို
လဲလှယ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်တုန်းက Samsung ဟာ ဘက်ထရီပြသနာရှိနေတဲ့ Note 7 ဖုန်းတွေကို ပြန်လည် သိမ်းယူမယ့်အစီအစဉ်ကိုကြေငြာခဲ့ပြီး ဒီအပတ်ထဲမှာတော့ အမေရိကန်ပြည်ထောင်စုမှာ ရောင်းချထားတဲ့ ဖုန်းတွေကို ပြန်လည်သိမ်းယူတဲ့အစီအစဉ်ကို စတင်ပြုလုပ်ခဲ့ပါတယ်။
ဖုန်းတစ်ခုလုံးဟာ ပျက်စီးသွားခဲ့ပြီဖြစ်ပေမယ့် SIM ကဒ်ကိုတော့ ပြန်ရလိုက်တယ်လို့ဆိုပါတယ်။ “အံ့သြဖို့ကောင်းတာက ကျွန်တော်အားသွင်းတာဟာ Original ပါတဲ့ Charger နဲ့ ကြိုးကိုပဲ အသုံးပြုခဲ့တာပါ” လို့ Crushader ကဆိုပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်တုန်းက Samsung ဟာ ဘက်ထရီပြသနာရှိနေတဲ့ Note 7 ဖုန်းတွေကို ပြန်လည် သိမ်းယူမယ့်အစီအစဉ်ကိုကြေငြာခဲ့ပြီး ဒီအပတ်ထဲမှာတော့ အမေရိကန်ပြည်ထောင်စုမှာ ရောင်းချထားတဲ့ ဖုန်းတွေကို ပြန်လည်သိမ်းယူတဲ့အစီအစဉ်ကို စတင်ပြုလုပ်ခဲ့ပါတယ်။
Credit to ==> Digital Times
www.pyaephyo.com






0 comments:
Post a Comment