တယ်လီနောမြန်မာ လိမိတက် (“တယ်လီနော”)သည် ယင်း၏ ‘Game On’
ငါးကြိမ်မြောက် အစီအစဉ်ကို စက်တင်ဘာလ ၁၇ ရက်(စနေနေ့) တွင် ရန်ကုန်မြို့ရှိ
နေရာ ၅ ခု၌ ပြုလုပ် သွားမည် ဖြစ်ပါသည်။ စနေနှင့် တနင်္ဂနွေနေ့များတွင်
ကျင်းပလာခဲ့သော Game On အစီအစဉ်ကို စက်တင် ဘာလ ၃
ရက်နေ့ကစတင်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့အစီအစဉ်မှာ
နောက်ဆုံးအကြိမ် ဖြစ်ပါ သည်။ စက်တင်ဘာလ ၁၇ နေ့တွင်
မော်ဒျူးထုတ်လွတ်မည့်အချိန်၊နေရာနှင့် ‘Game On’ ဘက်စ် ကား ရောက် မည့်
နေရာများမှာအောက်ပါအတိုင်းဖြစ်သည်။
၀၉း၃၀ – ၁၀း၃၀ မြကျွန်းသာ
၁၁း၀၀ – ၁၂း၀၀ အနောက် မြင်းပြိုင်ကွင်းလမ်း (လပ်ကီး ဆဲဗင်းအနီး)
၁၂း၃၀ – ၁၄း၀၀ ကန်တော်ကြီး ပန်းခြံ (နေ့လည်စာ၊ ဂိမ်းကစားခြင်း)
၁၄း၃၀ – ၁၆း၀၀ ရွှေတိဂုံဘုရား အရှေ့မုဒ်အနီး (ကြားတောရ)
၁၆း၃၀ – ၁၇း၃၀ မဟာဗန္ဓုလပန်းခြံ
ယင်းနေရာများတွင် ပိုကီမွန်များများလာရောက်စေမည့် မော်ဒျူး များကို ထုတ်လွှင့်ပေးခြင်းနှင့် ကန်တော်ကြီး ပန်းခြံတွင် နေ့လည်စာနှင့် ဂိမ်းအစီအစဉ်များကို အခမဲ့ စီစဉ်ပေးထားမည် ဖြစ်ရာ ပိုကီမွန် ရှာဖွေသူ စိတ်ပါဝင်စား သူများအနေဖြင့် ယင်းနေရာများ အားလုံး (သို့မဟုတ်) အဆင်ပြေရာ နေရာသို့ လာရောက် နိုင်ကြပါသည်။ ထို့ အပြင် ယင်းနေရာများကို တစ်နေရာမှ တစ်နေရာသို့ သွားရောက်လည်ပတ်ရန် တယ်လီနော၏ ‘Game On’ ဘက်စ်ကားကိုလည်း စီစဉ်ထားပါသည်။ မနက် ၉နာရီခွဲမှ ညနေ ၆နာရီအထိ မောင်းနှင်ပေးမည့် ယင်း ဘက်စ် ကားတွင် လူ ၆၀ ဦးအထိ အခမဲ့ လိုက်ပါစီးနင်းနိုင်မည် ဖြစ်ပါသည်။ လိုက်ပါစီးနင်းလိုသူများသည် တယ်လီနော မြန်မာ၏ ‘Game On’ စာမျက်နှာတွင် ကြိုတင်မှတ်ပုံတင်နိုင်မည် ဖြစ်သည်။
ဘတ်စ်ကားပေါ်တွင် ဖုန်းအား သွင်းနိုင်မည့်အပြင် ပိုကီမွန်ဖမ်းခြင်းကိုပါ ဆောင်ရွက် နိုင်မည် ဖြစ်ပါသည်။ တယ်လီနောသုံးစွဲသူများအပါအ၀င် မြန်မာနိုင်ငံသားအတွက် အပန်းဖြေရန် ဖျော်ဖြေပွဲများကို တယ်လီနောက အခါအားလျော်စွာ ဆောင်ရွက် ပေးလျက် ရှိရာ ယခု ‘Game On’ ကိုလည်း ယင်းအစီအစဉ် များထဲမှ တစ်ခုအဖြစ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

Credit to ==> Myanmar Digital Life Journal
www.pyaephyo.com

0 comments:
Post a Comment