Google သည် မကြာမီတွင် Gmail update တွင် responsive ဒီဇိုင်းထောက်ပံ့မှု ပါဝင်လာမည် ဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့သည်။
Gmail သည် မေးလ်များတွင် ဖြစ်တတ်သော စာသားများ ဖတ်ရခက်ခြင်း သို့မဟုတ် tap ပြုလုပ်ရန် သေးငယ်ခြင်းစသည့် ပြဿနာများအတွက် responsive ဒီဇိုင်းကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ Gmail သည် အီးမေးလ်များကို မျက်နှာပြင် အရွယ်အမျိုးမျိုးနှင့် ကိုက်ညီစေရန် စာမျက်နှာဖွဲ့စည်းပုံကို ပြောင်းလဲပေးနိုင်သည်။ ထို့ကြောင့် မိုဘိုင်း ထုတ်ကုန်များပေါ်တွင် စာသား၊ ခလုတ်များနှင့် လင့်ခ်များကို ဖတ်ရှုခြင်းနှင့် tap ပြုလုပ်ရာတွင် ပိုမိုလွယ်ကူလာမည် ဖြစ်သည်။
Desktop သုံးစွဲသူဆိုပါက မိုဘိုင်း မျက်နှာပြင်အရွယ် အမျိုးမျိုးနှင့် ကိုက်ညီရန် ဒီဇိုင်းပိုင်းကို ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်ထားကြောင် ပိုမိုသိသာ ထင်ရှားသည်။

Credit to ==> Internet Journal
www.pyaephyo.com

0 comments:
Post a Comment