Samsung Galaxy Note 7
ဟာလတ်တလောမှာလူကြိုက်အရမ်းများနေတဲ့ ထိပ်တန်းစမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။
ဒါပေမယ့် Customer တစ်ချို့က၄င်းတို့ရဲ့ Note
7 တွေပေါက်ကွဲမှုဖြစ်တယ်လို့သတင်းများထွက်ရှိလာပြီးနောက်ပိုင်း Company ရဲ့
Note 7 တင်ပို့မှုမှာခေတ္တနှောင့်နှေးဖို့ဖြစ်လာတာပါ။
Samsung ဟာ Note 7 တင်ပို့မှုခေတ္တရပ်ဆိုင်းဦးမယ်လို့သတင်းထုတ်ပြန်ခဲ့ပြီး ပစ္စည်းအရည်အသွေးပိုင်းစစ်ဆေးမှုများပြုလုပ်မှာဖြစ် တဲ့အတွက်ကြောင့်လို့ဆိုပါတယ်။ ဒါပေမယ့် ဘာနဲ့ပတ်သက်ပြီးစစ်ဆေးမှုတွေပြုလုပ်မယ်၊ ဘယ်နိုင်ငံဈေးကွက်တွေမှာတင်ပို့တာကိုရပ်ဆိုင်းသလဲဆိုတာကိုတော့အတိအကျထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။
အတည်မပြုနိုင်သေးတဲ့ Note 7 ပေါက်ကွဲမှုသတင်းများ
ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကလည်း Note 7 Customer တစ်ဦးက အားသွင်းနေစဉ်၎င်းရဲ့ Note 7 ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အကြောင်း အွန်လိုင်းလူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံများနဲ့တကွတင်ထားတာတွေ့ရပါတယ်။ အဲဒီဖြစ်စဉ်တုန်းကတော့ ယင်း Customer ဟာ ဖုန်းကို microUSB to USB Type-C converter အသုံးပြုပြီး ဖုန်းအားသွင်းခဲ့တာကိုသူတင်ထားတဲ့ဓာတ်ပုံတွေထဲမှာမြင်ခဲ့ရပြီး အရည်အသွေးမကောင်းတဲ့ Third-party accessories တွေကြောင့်ဖြစ်ပွားခဲ့တယ်လို့ယူဆရပါတယ်။
မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း တောင်ကိုရီးယားမှ Note 7 Customer တစ်ဦးက ညဘက်ဖုန်းအားသွင်းထားစဉ် ၄င်းရဲ့ Note 7 ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
Samsung ရဲ့ပြိုင်ဘက်ကြီး Apple မှ iPhone အသစ်တွေကိုစရောင်းဖို့ ၂ ပတ်အလိုလောက်မှာ ဒီလိုပြဿနာတွေကြုံတွေ့ရတာ Samsung အတွက်တကယ်ကိုဆိုးဝါးတဲ့အချိန်တွေပါပဲ။

www.pyaephyo.com
0 comments:
Post a Comment