သင် Pokemon အကောင်များ ဖမ်းမိတာ များလာတာနဲ့အမျှ နာမည်များ
မှတ်ရခက်ခဲလာမှာပါ။ အဲဒီ Pokemon အကောင်များရဲ့ နာမည်များကို သင်
မှတ်ရလွယ်တဲ့ နာမည်များအဖြစ် ပြောင်းလို့ရတာကို သင်သိရဲ့လား ? Developer က
မကြာခင်က ဖြန့်ချီခဲ့တဲ့ Version အသစ်မှာ Pokemon များရဲ့ နာမည်များကို
ပြောင်းလို့ရအောင် ပြုလုပ်ပေးထားပါတယ်။ 0.33.0 Version မှာ
နာမည်ပြောင်းလို့ရတဲ့ စွမ်းဆောင်ချက် စတင် ပါရှိလာတာ ဖြစ်ပါတယ်။
၁။ Pokemon Go ကို ဖွင့်ပြီး အောက်ခြေမှ Poke Ball ကို နှိပ်ပါ။
၂။ Pikachu Icon ပါတဲ့ Pokemon ကို နှိပ်ပါ။
၃။ နာမည်ပြောင်းချင်တဲ့ Pokemon ကို တစ်ချက်နှိပ်ပါ။
၎။ နာမည်ဘေးမှ ခဲတံ အိုင်ကွန်ကို နှိပ်ပါ။
၅။ သင် မှတ်ရလွယ်မယ့် နာမည်ပြောင်းပေးပါ။ OK နှိပ်ပါ။
ဒီနည်းအတိုင်းပဲ အခြား Pokemon များကိုလည်း နာမည်ပြောင်းနိုင်ပါတယ်။ Pokemon တိုင်းကို အကန့်အသတ်မရှိ နာမည်ပြောင်းလဲနိုင်ပါတယ်။ Pokedex မှာ မှတ်ပုံတင်ပြီးတဲ့ Pokemon တိုင်းကို နာမည်ပြောင်းနိုင်ပါတယ်။ ပြောင်းထားတဲ့ နာမည်ကို Pokemon ထဲမှာသာ တွေ့နိုင်ပြီး Pokedex ထဲမှာတော့ မူလနာမည်ကိုသာ ပြသပေးမှာပါ။

www.pyaephyo.com
0 comments:
Post a Comment