Apple ဖုန်းသစ်တွေမှာပါတဲ့ လူပြောသူပြော အများဆုံး features
တွေထဲမှာပါရှိတဲ့ iPhone 7 နှင့် iPhone 7 Plus ကင်မရာတွေကို
နှိုင်းယှဉ်ကြည့်ရာမှာ Samsung ရဲ့ Galaxy S7 ဟာ ထိပ်ဆုံးမှာ ရပ်တည်ဆဲ
ဖြစ်တယ်လို့ တွေ့ ရပါတယ်။
ဒါဟာ အံအားသင့်စရာဖြစ်သလို နည်းနည်းလည်း စိတ်ပျက်စရာဖြစ်ပါတယ်။ Apple
ရဲ့ နောက်ဆုံးထွက် iPhone ကင်မရာဟာ အိတ်ကပ်ထဲမှာ ထည့်သွားလို့ ရတဲ့
ကမ္ဘာ့အဆင့်မီရိုက်ကူးရေး ကင်မရာဖန်တီးကြသူတွေလို့  ပြောကြားထားတာပါ။
ပြီးခဲ့တဲ့ မတ်လတုန်းက ကျွန်တော်တို့ ရဲ့ စစ်ဆေးမှုမှာ Galaxy S7 ဟာ iPhone
6s ထက်အပြတ်သာ ကြောင်း မသိရခင်ကအထိ စမတ်ဖုန်းကင်မရာပိုင်းမှာ ထိပ်ဆုံးက
ရပ်တည်နေတဲ့ iPhone နေရာကို တစ်ခြား ဘယ်ကုမ္ပဏီကမှ မတိုးနိုင်ခဲ့ဖူးပါဘူး။
ဒီတော့ Apple အနေနဲ့ ဒီနှစ်မှာ S7 ကို အရှက်ရဖို့ ဖုန်းတစ်လုံးထုတ်ဖို့ 
ကြိုးပမ်းသွားဖို့ ကျွန်တော်တို့ တတွေ မျှော်လင့်ခဲ့ပါတယ်။
iPhone 7 Plus ဟာ S7 မှာ မပါရှိတဲ့ စွမ်းရည်တစ်ချို့ ပါရှိထားပါတယ်။ သူ
့ရဲ့ တယ်လီဖိုတိုဆွဲတဲ့ မှန်ဘီလူးဆိုရင် အလန်းကြီးပါပဲ။ အကြောင်းက
တစ်ခြားဖုန်းတွေမှာ မပါတဲ့ ဓါတ်ပုံစွမ်းရည်အသစ် တစ်ခု ပါရှိထား တာဖြစ်လို
့ပါ။ ကျွန်တော်တို့  စမ်းသပ်ဖို့ အခွင့်မရှိခဲ့တဲ့ ဓါတ်ပုံ focus
ပိုင်းအရည်အသွေးသတ်မှတ်သည့် bokeh effect မှာ စိတ်လှုပ်ရှားစရာတွေ ထွက်လာဖို
့ရှိပါတယ်။ (Huawei P9 မှာ လုပ်ဆောင်ပုံအရဆိုရင် မှန်ဘီလူးနှစ်မျိုးပါ
ကင်မရာတွေရဲ့ အလားအလာနဲ့ ပတ်သတ်လို့ ကျွန်တော့်မှာ သံသယ ဖြစ်နေဆဲပါ။)
ဒါပေမယ့်လည်း တည့်ချင်းတမ်းရိုက်ချက်ကြည့်ရင် အခုဆို specs ပိုင်းမှာ
Galaxy နဲ့ အများကြီး ဆင်တူလာပေမယ့် မမှီသေးပါဘူး။ ခြားနားမှုပိုင်းမှာ
အရမ်းမကြီးမားပေမယ့်လည်း သိသာပါတယ်။
Credit MMAS
သီဟထိုက် ( ဆွေသဟာ mobile )






0 comments:
Post a Comment