ကုမ္ပဏီရဲ့ အဆိုအရ ဒီနည်းလမ်းနဲ့ USB အပေါက်ပါတဲ့ PC ၊ တီဗီ၊
ကော်ပီကူးစက် စတဲ့ အီလက်ထရောနစ်စက်တိုင်းကို ချက်ချင်း၊
သုံးမရအောင်ဖျက်စီးပစ်နိုင်တယ်လို့ ဆိုပါတယ်။
“ လုံခြုံရေးဆိုရာမှာ၊ USB အပေါက်တွေကနေ ဗိုင်းရပ်စ်မဝင်နိုင်အောင်၊ ဒေတာတွေမပျံ့နှံ့အောင်လို့ပဲ လုံခြုံရေးလုပ်ထားကြပေမယ့်၊ ယခုလိုလျှပ်စစ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမျိုးတွေအတွက် အကာအကွယ်ပေးထားလေ့မရှိပါဘူး။” လို့ ကုမ္ပဏီက ဆိုပါတယ်။
ယခုလိုဟာ့ဒ်ဝဲပိုင်းအားနည်းချက်ကို ကုမ္ပဏီဘက်က လူသိရှင်ကြားထုတ်ဖော်ခဲ့တာ တစ်နှစ်ကျော်လောက် ရှိပေမယ့်၊ ဘယ်ကုမ္ပဏီကမှ သူတို့ရဲ့ပစ္စည်းတွေကို အကာအကွယ်မလုပ်ပေးခဲ့ဘဲ၊ ဝယ်ယူသူ customer တွေကို လေးစားမှုမရှိကြောင်းကိုလည်း ဟောင်ကောင်ကုမ္ပဏီက ရေးသားဖော်ပြခဲ့ပါတယ်။
ကုမ္ပဏီရဲ့ စမ်းသပ်ချက်မှာ ဈေးကွက်တွင်းက စက်တိုင်းနီးပါးဟာ ယခုတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိခဲ့ဘဲ၊ Apple ရဲ့ Macbook စက်တွေကပဲ ခံနိုင်ရည်ရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ Macbook တွေမှာ USB port ရဲံ ဒေတာလိုင်းက သက်သက်သွားတာဖြစ်တာကြောင့် ခံနိုင်ရည်ရှိတာဖြစ်တယ်လို့ သိရပါတယ်။
အကယ်၍ သင့်စက်မှာ ဒီလိုတိုက်ခိုက်မှုမျိုးကနေ အကာအကွယ်ယူချင်တယ်ဆိုရင်တော့ USB Kill ကုမ္ပဏီကပဲ ထုတ်တဲ့ ၁၅ ဒေါ်လာတန် အကာအကွယ်ပစ္စည်းကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။

www.pyaephyo.com

0 comments:
Post a Comment