♪ ရှေ့ကင်မရာ 16-megapixel အထိပါတဲ့ စခရင် ၆လက်မအရွယ် Xperia XA Ultra ဖုန်းကို Sony မိတ်ဆက် ♫


ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ကျင်းပသွားတဲ့၊ MWC 2016 ပွဲမှာ၊ Sony က Xperai X စီးရီးအသစ်ဖုန်းသုံးမျိုးကို မိတ်ဆက်သွားခဲ့တာ မှတ်မိကြမှာပေါ့။ လက်ရှိအချိန်ထိတော့ အဆိုပါဖုန်းသုံးမျိုးလုံး တစ်လုံးမှ ဈေးကွက်ထဲ မ၀င်သေးပေမယ့်၊ Sony ကတော့ နောက်ထပ် X စီးရီးဖုန်းအသစ်တစ်မျိုးကို ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။
Sony Xperai XA Ultra လို့ အမည်ပေးထားတဲ့ဖုန်းဟာ Xperai XA ဖုန်းရဲ့ အကြီးစားဖုန်းတစ်မျိုးဖြစ်ပြီး၊ စခရင်အရွယ်အစား ၆ လက်မအထိရှိပါတယ်။ Sony Xperia X စီးရီးဖုန်းတွေရဲ့ ဒီဇိုင်းအတိုင်း၊ ပါဝါခလုတ်က ဖုန်းညာဘက်ဘေး၊ အောက်ဘက်မှာ ရှိပြီး၊ အသံအတိုးအချဲ့ခလုတ်က ဖုန်းညာဘက်ဘေးရဲ့၊ အလယ်လောက်မှာ ရှိပါတယ်။
converted_file_dcd31d99-720x720
ဖန်သားပြင်က အစွန်းမှာ အနည်းငယ်ကွေးနေသယောင်ဒီဇိုင်းနဲ့ဖြစ်ပြီး၊ ဒီဇိုင်းပိုင်းကတော့ Sony ဖုန်းတွေ ထုံးစံအတိုင်း၊ လှပသေသပ်မှုရှိပါတယ်။
မျက်နှာပြင်က ၆ လက်မတောင်ဆိုတော့ ဖက်ဘလက်ဖုန်းမျိုးလို့ ဆိုရမှာဖြစ်ပြီး၊ ရုပ်ထွက်ကြည်လင်ပြတ်သားမှု resoultion ကတော့ 1080p ပါ။
ဒီဖုန်းရဲ့ အထူးခြားဆုံးအချက်ကို ပြောရမယ်ဆိုရင်တော့၊ ရှေ့ကင်မရာက 16-megapixel တောင် ရှိပြီး၊ ကျောကင်မရာကတော့ 21.5 megapixel အထိရှိပါတယ်။ Selfie ကိုကိုမမတွေအတွက် ရည်ရွယ်ထုတ်လုပ် ထားတဲ့ဖုန်းဖြစ်ပြီး၊ Sony ရဲ့ အလင်းရောင်အားနည်းတဲ့အချိန်၊ မှောင်နေတဲ့နေရာမျိုးမှာ ပုံကောင်းကောင်းထွက်အောင်စွမ်းဆောင်ပေးနိုင်တဲ့ low-light sensor ၊ လက်တုန်မှုကြောင့် ဓာတ်ပုံဝါးတာ တွေကို လျှော့ချပေမယ့် OIS နည်းပညာတွေကို ရှေ့ကင်မရာမှာတင် သုံးထားတာတွေ့ရပါတယ်။
Selfie ရိုက်ချင်တဲ့အခါ၊ ကင်မရာရှေ့မှာ လက်မြှောက်ပြလိုက်ရုံနဲ့ ရိုက်နိုင်တဲ့ “Hand Shutter” လုပ်ဆောင်ချက် ပါဝင်ပြီး၊ ရှေ့ကင်မရာမှာ ဖလက်ရှ်မီးပါ ပါဝင်ပါသေးတယ်။
MediaTek MT6755 ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM 3GB နဲ့၊ ဖုန်းတွင်း storage 16GB ပါရှိပါတယ်။ microSD ကတ်ထပ်စိုက်မယ်ဆိုရင်လည်း 200GB အထိတောင် စိုက်နိုင်ပါသေးတယ်။ ဘက်ထရီက 2700mAh ဘက်ထရီပါဝင်ပြီး၊ အားတစ်ခါသွင်းထားရင် နှစ်ရက်လောက် ပစ်ထားနိုင်တယ်လို့ ဆိုပါတယ်။ ဒီ့အပြင် ၅.၅ နာရီစာ ဘက်ထရီသက်တမ်းကိုလည်း ၁၀ မိနစ်နဲ့ သွင်းနိုင်ပါတယ်တဲ့။
Sony Xperia XA Ultra ဖုန်းကို အနက်ရောင်၊ အဖြူရောင်နဲ့ ရွှေဝါရောင်ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်ကာ၊ ဂျူလိုင်လထဲ နိုင်ငံအကန့်အသတ်နဲ့ ဖြန့်ချိသွားမှာဖြစ်ပါတယ်။ ဈေးကိုတော့ မေလ ၃၁ ရက်နေ့မှ ကြေငြာသွားမှာပါ။

SONY

 
Credit to ==> Digital Times



<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment