♪ Google Drive ကိုဘယ်လိုအကျိုးရှိရှိသုံးကြမလဲ ♫


Google မှာ ဝန်ဆောင်မှုများစွာရှိပါတယ်။ Gmail အကောင့်တစ်ခုရှိရုံနဲ့ သင်ဟာ Google ရဲ့ ဝန်ဆောင်မှုအခု ၁၅၀ကျော်ကို အသုံးပြုနိုင်ပြီး မြန်မာနိုင်ငံမှာတော့ ဝန်ဆောင်မှု ၂၀ ကျော်လောက်အသုံးပြု နိုင်ပါတယ်။ Google ရဲ့အကောင်းမွန်ဆုံး ဝန်ဆောင်မှုများစွာထဲမှာ အသုံးပြုလို့အကောင်းဆုံးတွေထဲက တစ်ခုဖြစ်တဲ့ Google Drive ကို ဘယ်လိုအသုံးပြုမလဲ ဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Cloud ကိုအခြေခံထားပြီး အချက်အလက်တွေသိမ်းဆည်းတဲ့ လုပ်ဆောင်ချက်ဟာ သင့်ရဲ့ File တွေကို တင်ပြီး အင်တာနက်ရှိရုံနဲ့ ဘယ်နေရာကနေမဆို အသုံးပြုနိုင်မယ့် လုပ်ဆောင်ချက် ဖြစ်လို့အလုပ်လုပ်တဲ့ သူတွေ၊ ကျောင်းတက်ပညာသင်တဲ့ သူတွေအတွက် အလွန်အဆင်ပြေစေပါတယ်။ သိမ်းဆည်းမှုကိုလည်း 15GB အထိ Free အနေနဲ့ အသုံးပြုနိုင်လို့ သိမ်းဆည်းမှုအတွက်ကတော့ စိတ်ပူစရာမရှိပါဘူး။ တကယ်လို့ သိမ်းဆည်းနိုင်စွမ်းကို ထပ်မံချဲ့ထွင်ချင်တယ်ဆိုရင်လည်း 1TB ကနေ 30TB အထိရနိုင်ပါသေးတယ်။
ဒါကြောင့် Google ကအလကားပေးထားတဲ့ အကောင်းဆုံးဝန်ဆောင်မှုကို ဘယ်လိုအသုံးပြုမလဲဆိုတာကို မိတ်ဆက်ပေးလိုက်ပါတယ်။
၁) အွန်လိုင်းကိုသွားလိုက်ပါ
ht-use-google-drive1
အရင်ဆုံးအခြေခံအနေနဲ့ လိုအပ်တာကတော့ Gmail/Google အကောင့်တစ်ခုပါ။ Gmail ရှိမှာ တခြားဟာတွေပါသုံးလို့ ရတာမို့ Google အကောင့်တစ်ခုကိုအရင်ပြုလုပ်ထားရမှာပါ။ ပြီးရင် Google Drive Website ထဲ ဝင်လိုက်ပါ။ မိန်းဧရိယာထဲမှာ သင့်အနေနဲ့ သင်သိမ်းထားတဲ့ ဖိုင်တွေရဲ့List ကိုတွေ့ရမှာပါ။ ဘာမှမသိမ်းထားရင်တော့ ဗလာအဖြစ်ပဲ ရှိနေမှာပါ။
၂) ဖိုင်များကိုထည့်သွင်းခြင်း
ht-use-google-drive2

သင့်ရဲ့ကွန်ပျူတာ Hard Drive ထဲကနေ Google Drive ထဲကို ပြောင်းဖို့အတွက် နည်းလမ်းကတော့ Menu ထဲက New ကိုနှိပ်ပြီး အထဲက File Upload နှိပ်ပြီးပေါ်လာတဲ့ Menu ကို ကိုယ်တင်ချင်တဲ့ File ကိုရွေးချယ်ပြီး တင်ရမှာပါ။ မြန်ဆန်လွယ်ကူပါတယ်။
၃) ပြောင်းလဲခြင်း
ht-use-google-drive3
တကယ်လို့ သင့်မှာ အချက်အလက်၊ အထောက်အထားတွေ အများကြီးကို Google Drive မှာတင်ဖို့စီစဉ်ထားတယ်ဆိုရင် အဲ့ဒီမှာ အချက်အလက်တွေကို အလိုအလျောက် Google Doc Format ကိုပြောင်းပေးတဲ့လုပ်ဆောင်ချက်တစ်မျိုးရှိပြီး ပြန်လည်မျှဝေဖို့အတွက်လည်း လွယ်ကူပါတယ်။ ညာဘက်ထောင့်က စက်သွား icon လေးကိုနှိပ်ပြီး အဲ့ဒီအထဲက Settings ထဲကို ဝင်လိုက်ပါ။ ပြီးရင် ‘Convert uploaded fiules to Google Docs editor format’ ဆိုတဲ့စာသားဘေးကအကွက်ကို အမှန်ခြစ်ထားလိုက်ပါ။
၎) Google Sheet/ Google Docs
ဒါကတော့ တကယ်အသုံးဝင်တဲ့လုပ်ဆောင်ချက်တစ်မျိုးပါပဲ။ သင့်အနေနဲ့ အလုပ်အတွက် စာရင်းဇယားတွေ၊ Time Table တွေကို တစ်ယောက်နဲ့တစ်ယောက် အွန်လိုင်းကနေပြနိုင်ပါတယ်။ အလုပ်အတွက် Schedule တွေချထားတာ၊ Appoinment တွေတင်ထားတဲ့ အချိန်တွေကိုကြည့်မယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက်တကူးတကပြောနေစရာမလိုတော့ပါဘူး။ Google Sheet ထဲမှာ ထည့်ထားပြီး ကိုယ်ပြချင်တဲ့ သူတွေကို Share လုပ်ပေးလိုက်ရင် ရပါပြီ။ ဥပမာ အောက်ကပုံမှာပြထားတဲ့အတိုင်း Schedule တွေကို တစ်ယောက်နဲ့ တစ်ယောက်ထည့်သွင်းလို့ရအောင်ပြုလုပ်တာပါပဲ။
ht-use-google-drive4
လုပ်နည်းကတော့ အသစ်ထည့်မယ်ဆိုရင် New ထဲက Google Sheet ကိုနှိပ်ပြီး အသစ်ခေါ်နိုင်ပါတယ်။ ကိုယ့်ရှိပြီးသား Excel ဖိုင်ကို ပြန်တင်မယ်ဆိုရင်တော့ အဆင့်နှစ်မှာပြခဲ့တဲ့ အဆင့်အတိုင်းတင်နိုင်ပါတယ်။ တခြားသူတွေ Edit လုပ်လို့ရအောင် Sheet ကို Share ချင်ရင်တော့ ကိုယ် Share လိုတဲ့ Sheet ဒါမှမဟုတ် Document ပေါ်ကို Right click နှိပ်ပြီး Share ကိုနှိပ်ပြီး Share စေချင်တဲ့လူရဲ့ mail address ကိုရိုက်ထည့်ပြီး Send လုပ်ရမှာပါ။
ht-use-google-drive5
၅) Folder များခွဲခြင်း
ht-use-google-drive6
Drive ထဲမှာ သပ်သပ်ရပ်ရပ်သုံးချင်တယ်ဆိုရင်တော့ Folder တွေခွဲပြီး ထည့်ထားလို့ ရပါတယ်။ ဓာတ်ပုံတွေ၊ Documents တွေကို ခွဲခြားပြီးထည့်ထားနိုင်တာမျိုးပါ။ New ခလုတ်ကို နှိပ်ပြီး Folder ကိုရွေးပြီး နာမည်ပေးလိုက်ပြီးရင် Create လုပ်လိုက်ရုံပါပဲ။ ပြီးရင် သင်ထည့်ထားချင်တဲ့ ဓာတ်ပုံ၊ Documents တွေကို Select လုပ်ပြီး ဆွဲထည့်နိုင်ပါပြီ။
၆) ဖိုင်တွေကို Star လုပ်ထားခြင်း
ht-use-google-drive7
သင်အသုံးအများဆုံးဖိုင်တွေကိုလည်း Star လုပ်ထားနိုင်ပါသေးတယ်။ Right Click နှိပ်ပြီး Add Star နှိပ်လိုက်ရင် Add Star ဆိုတဲ့ Section ထဲကို ဝင်သွားမှာပါ။
၇) Offline အနေနဲ့ အသုံးပြုနိုင်ခြင်း
Google Drive ရဲ့ PC အတွက် App ကိုဒေါင်းပြီး အင်တာနက်ကွန်နက်ရှင်မလိုပဲ Google Drive ထဲက Sheet တွေ၊ Document တွေနဲ့ ဓာတ်ပုံတွေကို ကြည့်နိုင်ပါတယ်။ သင့်အနေနဲ့ Offline Mode အသုံးပြုနိုင်ဖို့အတွက် Settings ထဲက Offline ကို Tic လုပ်ထားရင်ရပါပြီ။ Offline အနေနဲ့ အချက်အလက်တွေကိုထည့်သွင်းထားနိုင်ပြီး Online ဖြစ်သွားတဲ့အခါ အလိုအလျောက် Upload လုပ်သွားတဲ့ ပုံစံမျိုးပါ။ ဒါပေမယ့် Sheet တွေ၊ Doc တွေကိုတော့ Offline နဲ့ Edit လုပ်လို့မရပါဘူး။
ht-use-google-drive8
ကဲသင့်အနေနဲ့ ဒီလိုလွယ်ကူရိုးရှင်းစွာအကျိုးရှိရှိအသုံးပြုနိုင်တဲ့ Google Drive ကို သုံးကြည့်လိုက်ပါ။ Sheet တွေကိုလည်း လွယ်ကူစွာမျှဝေနိုင်သလို၊ သင်ကစာရေးတာတွေဝါသနာပါတဲ့သူဆိုရင်လည်း ရေးထားတဲ့စာတွေကို Cloud အနေနဲ့ သိမ်းထားနိုင်လို့ သင်ဟာလွယ်ကူစွာပဲ အချိန်မရွေးပြန်လည်ကြည့်ရှုနိုင်ပါတယ်။ ဓာတ်ပုံတွေကိုလည်း Google Photo နဲ့ ချိတ်ဆက်ထားတာကြောင့် Google Photo မှာတင်ထားတဲ့ ပုံတွေကိုလည်း အလွယ်တကူကြည့်ရှုနိုင်ပါတယ်။ သင့်အနေနဲ့ မိုဘိုင်းလ်ဖုန်းအတွက် Google Drive App ကို Play Store မှာ ဒေါင်းပြီးလည်းအသုံးပြုနိုင်ပါတယ်။



Credit to ==> Digital Times





<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 






www.pyaephyo.com

0 comments:

Post a Comment