ကလေးများ အတွက် နည်းပညာနဲ့ဆိုင်သော အကြံပေးချက်တစ်ချို့

ပြီးခဲ့တဲ့ ရက်က နည်းပညာ နဲ့ ငယ်ရွယ်သော ကလေးများကြား…. ဆိုတဲ့ သတင်းတစ်ပုဒ်ကို စာဖတ်သူများအတွက် ရေးသားခဲ့ပြီးတော့ယခု တစ်ခါ ကလေးများရဲ့ အွန်လိုင်း၊ကွန်ပျူတာ၊ ဂိမ်း နဲ့ တီဗီစတဲ့ အသုံးပြုခြင်းမှ လျော့ချပေးနိင်တဲ့ နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
နည်းနည်း စကားစချီပါရစေ။
ထိုကဲ့သို့ကျတော်တို့ ကွန်ပျူတာ၊ ဂိမ်း၊ တီဗီ၊နဲ့ အခြား ဖုန်းတွေကို အသုံးပြုမူကို ရည်ညွှန်းတဲ့ စကားတစ်ရပ်ကတော့ Screen time လို့ခေါ်ပါတယ်။ ထို ကရိယာတွေ ရဲ့ Screen ရှေ့မှာ အသုံးပြုနေတဲ့ အချိန်ပေါ့။ ထို Screen time ဟာ များသောအားဖြင့် ထိုင်လုပ်ရတဲ့ အလုပ်ဖြစ်ပြီး ထိုင်နေစဉ်တွင် မလှုပ်ရှားဘဲ လုပ်ရတဲ့ အလုပ်ဖြစ်ကာ ခန္ဓာကိုယ်ရဲ့ အားအင်တွေကို ထိုအချိန်တွင် အသုံးပြုမူ မဆိုစလောက် နည်းပါးစေပါတယ်။ ဒီလို အချိန်တွေ ကလေးတွေမှာများလာတဲ့အခါ ညအခါမှာ အိပ်မပျော်တာ၊တော်တော်နဲ့ မအိပ်တာတွေ ဖြစ်လာပါတော့တယ်။ နောက်ပြီး အာရုံစူးစိုက်မူနဲ့ အဝလွန်မူ ပြသာနာတွေဖြစ်လာပါတယ်။ ဒါက အကြမ်းဖျင်းလောက်သာ ဖြစ်ပါသေးတယ်။
လမ်းညွှန်းမူတွေ အနေနဲ့ …
(၂) နှစ်အောက်ကလေးတွေဟာ ထို Screen time ကို မရှိသင့်ပါဘူး။
(၂) နှစ်အထက်ရှိတဲ့ ကလေးတွေကတော့ တစ်နေ့ကို ၁နာရီကနေ ၂နာရီ အထိ ကန့်သတ်မူနဲ့ ပေးသုံးနိင်မှာ ဖြစ်ပါတယ်။
Screen time ကို ဘယ်လို လျော့ချမယ် ?
ကလေးတစ်ယောက်ကို ဒီလို ပြုမူစေဖို့ ခက်ခဲတယ်ဆိုပေမဲ့ မိဘတွေအနေနဲ့ ဒီအပေါ်မှာ ကျန်းမာရေး အကျိုးတွေနဲ့ ကျန်းမာတဲ့ ကလေးတစ်ယောက် ဖြစ်စေမဲ့ နည်းလမ်းတွေကို ပြောပြပါ။
– ကလေးရဲ့ အိပ်ခန်းထဲမှာ တီဗီရှိရင်တော့ တီဗီတွေကို ရွေ့ထားလိုက်ပါ။
( ဖုန်း၊ နဲ့ အခြား တပ်ပလပ်များကိုလည်း ဒီနေရာမှာ အကန့်အသတ်နဲ့ ပေးသုံးနိင်ပါတယ်)
– အိမ်စာလုပ်နေစဉ်နဲ့ ထမင်းစားနေချိန်တွင် တီဗီ မကြည့်စေရပါ။
– ကြည့်လိုသည့် တီဗီ အစီအစဉ် (သို့) ဆော့လို့သည် ဂိမ်းကို ရွေးချယ်စေပြီး အစီအစဉ် ပရိုဂရမ်တစ်ခု ပြီးတာနဲ့ တီဗီကို ပိတ်တဲ့ အကျင့်လုပ်ပေးပါ။ ( တီဗီကို အမြဲဖွင့်ထားတာမျိုး မလုပ်မိပါစေနဲ့)
– အင်တာနက်၊ ဂိမ်း၊ ကွန်ပျူတာတို့ကို ပြုလုပ်စေမည်အစား အခြား ပဟေဋ္ဌိနဲ့ မိသားစု ဂိမ်းတွေနဲ့ အပြင် လမ်းထွက်လျှောက်ဖို့ တိုက်တွန်းကြည့်ပါ။
– မှတ်တမ်းလုပ်ပါ။ ထိုသို့ Screen time ကို ငြိမ်ပြီး လုပ်မဲ့တဲ့ အချိန်နဲ့ တူညီစွာ တက်ကြွမူတစ်ခုခုကို ကြိုးစားစေပါ။
– မိဘတစ်ယောက်အနေနဲ့ သင့်ကိုယ်တိုင် Screen time အချိန်တွေကို လျော့ချခြင်း ဖြစ်သင့်ပါတယ်။
အနာဂတ်ရဲ့ ရင်သွေးတိုင်း အားသစ်လောင်းနိင်ကြပါစေ။
Ref: childhealth 
Credit to: အောင်ဟိန်း / http://kanaung.net/

0 comments:

Post a Comment