♪ စမတ်ဖုန်းကင်မရာတွေ က တကယ့်ကင်မရာတွေထက် ပိုကောင်းလာနိုင်သလား ♫
ခေတ်အလိုက်အကောင်းဆုံး ကင်မရာတွေအကြောင်းကို ကျွန်တော်တို့ အနေနဲ့ ပြောဆိုနေကြပါလိမ့်မယ်။ ပြီးတော့လည်း smartphone တွေမှာပါဝင်တဲ့ ကင်မရာတွေရဲ့စွမ်းဆောင်ရည်တွေကို ဘယ်ပစ္စည်းတွေကအကောင်းဆုံးလည်း ဆိုတာကို ရှာဖွေ ကြည့်မိကြပါလိမ့်မယ်။ smartphone တွေမှာပါတဲ့ ကင်မရာတွေနဲ့  တကယ့် ကင်မရာအစစ်တွေရဲ့ ပုံထွက်တွေက ဘယ်ပစ္စည်းက သာလွန်တယ်ဆိုတာကို ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ကစပြီး တဖြည်းဖြည်း နားလည်စပြုလာပါ ပြီ။ smartphone တွေက တော့ ဓါတ်ပုံရိုက်ကူးရာမှာ လွယ်ကူတဲ့ control တွေကို အသုံးပြုထားတဲ့အတွက် လွယ်ကူစွာပဲ အသုံးပြုလို့ရပါတယ်။
တကယ်ရော ကောင်းလာမှာလား
တကယ့်ကင်မရာအစစ်တွေဟာ နောက်ဆုံးမှာတော့  စွမ်းဆောင်ရည်ပြည့်ဝတဲ့ smartphone ကင်မရာတွေ ထွက်ပေါ်လာမှုကြောင့် ရောင်းချရမှုတွေက တဖြည်းဖြည်း လျော့ကျလာစေမှာ လို့ ထင်နိုင်ပါတယ်။ ဟုတ်ပါတယ်။ စမတ်ဖုန်းတွေမှာ အသုံးပြုလာတွေက better optics ပိုမြန်တဲ့ processors၊ နဲ့  ဆန်းသစ်ကောင်းမွန်တဲ့ software တွေကြောင့် အရည်အသွေးပြည့်ဝတဲ့ ရုပ်ပုံတွေကို ရရှိစေမှုက တကယ့်ကင်မရာအစစ်တွေ မခြား လုပ်ဆောင်ချက်တွေရရှိလာပါတယ်။ ဒါပေမယ့်လည်း smartphone ကင်မရာတွေက တကယ့်ကင်မရာအစစ် တွေလောက် တော့ ရုပ်ပုံတွေက ပိုကောင်းလိမ့်မယ်လို့ တော့ မထင်မိပါဘူး။
ဘာဖြစ်လို့ လဲဆိုတော့ ဖုန်းတွေမှာက ကန့်သတ်ထားတဲ့ sensor နဲ့  မှန်ဘီလူးတွေ ပါဝင်တဲ့ အချက် တွေကြောင့်ဖြစ်ပါတယ်။
.
SENSOR SIZE MATTERS
Smartphone တွေမှာအသုံးပြုထားတဲ့ ကင်မရာတွေရဲ့ဒီဇိုင်းအရွယ်အစားတွေက သေးငယ်တယ်ဆိုသော်လည်း ဖုန်းတွေကို နှစ်သက်တဲ့ သူတိုင်းကတော့ smartphone တစ်လုံး ကို လိုချင်တယ်ဆိုတာကတော့ ဖြစ်နိုင်ပါတယ်။ ပြီးတော့ ကြီးမားတဲ့ sensor တွေကို အသုံးပြုထားတဲ့ ဖုန်းတွေကို ပိုပြီးလိုချင်ကြပါလိမ့်မယ်။ဘာဖြစ်လို့ လဲဆိုတော့ smartphone တွေမှာ အသုံး ပြုထားတဲ့ sensor တွေက ကင်မရာအစစ်တွေမှာအသုံးပြုထားတဲ့ sensor ထက်ပိုပြီး သေးငယ်တဲ့ ပမာဏ ရှိလို့ ပဲဖြစ်ပါ တယ်။ ဥပမာတစ်ခုအနေနဲ့ ပြောရရင် Canon IXUS 140 မှာအသုံးပြုထားတာဆိုရင် 1/ 2.3in  sensor ကိုအသုံးပြုပြီး 6.17×4.55mm အရွယ်အစားလောက်ပဲရရှိမှာဖြစ်ပါတယ်။
.
ဒါတွေကြောင့် ဖုန်းကင်မရာက ကန့်သတ်မှုတွေရှိပြီး သိပ်ပြီးတော့ ကောင်းမွန်လိမ့်မယ် မဟုတ်ဘူးလို့  ထင်မိမှာပါ။ Apple ရဲ့ iPhone 5 မှာဆိုရင်လည်း 1/3.2  in sensor က ပိုသေးငယ်တဲ့  4.54 x 3.42 mm သာရရှိမှာဖြစ်ပါတယ်။ Samsung Galaxy S4 ကလည်း 1/3.06 in sensor အသုံးပြုထား သောလည်း သူကတော့ ပိုပြီးကြီးမားပါတယ်။ဒါပေမယ့် သူကလည်း ကောင်းတယ်ဆိုရုံလောက်ပါပဲ။ ပြီးတော့ pixel လိုအပ်ချက်တွေကလည်း သေးငယ်တဲ့ ပြဿနာ တွေပါ။ အဲဒါတွေကြောင့် smartphone နှစ်လုံးရဲ့ memory တွေကို ပေါင်းစပ်ပြီး အသုံးပြုလာကြဦးမှာပါ။ Nokia 808 မှာဆိုရင် 41 megapixel ၊ 1/1.2 sensor (10.82x 7.52 mm ) အသုံး ပြု ထားပါတယ်။ သူ့  ရဲ့ပြောင်းလဲမှုတွေကြောင့်ပဲ ရုပ်ထွက်တွေက  Samsung Galaxy S4 (13.9mm Vs 7.99mm) ထက် ၇၅% လောက်ပိုပြီး ကြည်လင်မှုရှိစေမှာဖြစ်ပါတယ်။ အခြား ပစ္စည်းသစ်ဖြစ်တဲ့ HTC One ကလည်း  4 megapixel ၊ 1/3 in sensor  တွေကလည်း ကန့် သတ်ထားမှုတွေရှိပါတယ်။ ဒါပေမယ့်လည်း စွမ်းဆောင်ရည်ပြည့်ဝတဲ့ ရုပ်ပုံတွေကို ရရှိစေမှာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့  ရုပ်ပုံတွေကို ရရှိစေဖို့ အတွက် ရုပ်ထွက်မှုတွေကတော့ ကောင်းမွန်ပါတယ်။ အထူးသဖြင့်တော့ အလင်းရောင်လျှော့နည်းတဲ့ အချိန်တွေမှာဆိုပိုပြီး ကောင်းတဲ့ ရုပ်ပုံတွေကို ရရှိစေမှာဖြစ်ပါတယ်။ နောက်ဆုံးထွက်တဲ့ OPPO F1S ဟာလည်း 14Mega pixel အထိ ရှိလာပါပြီ ဒါပေမယ့် ကင်မရာအတွက် ဆိုရင်တော့ ကန့်သတ်ချက် အနည်းငယ်လေး ရှိနေဆဲပါပဲ။
THE LENS FACTOR
ကြီးမားတဲ့ sensor တွေကို အသုံးပြုမှုက ရုပ်ပုံတွေရဲ့ ရုပ်ထွက်တွေကို အကောင်းဆုံးရရှိစေဖို့ အတွက် ဖြေရှင်းနည်းတစ်ခု ပါ။  အဲဒါတွေက ဖုန်းတွေမှာsensor တွေ၊ကောင်းမွန် ကြီးမားတဲ့ lens ကို အသုံးပြုသလို ဖြစ်ပါတယ်။သေးငယ်ပါးလွှာတဲ့ ဖုန်း တွေမှာတော့ အသုံးပြုဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့ လိုလဲဆိုတော့ ရုပ်ပုံတွေကို cropping နဲ့  zoom တွေအတွက် လိုအပ် တဲ့ ရုပ်ပုံမြင်ကွင်းတွေကို အပြည့်အ၀ ရရှိစေဖို့ ပဲဖြစ်ပါတယ်။ မြင့်မားတဲ့ ရုပ်ထွက်တွေရရှိစေမယ့် sensor တွေက digital zoom တွေကို အကောင်းဆုံးရရှိစေဖို့ အထောက်အကူပြုမှာဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ တွေအနေနဲ့  သိရှိလာကြပြီ ဖြစ်ပါတယ်။ ပြီးတော့ ဖုန်းတွေမှာက သေးငယ်ခိုင်ခံတဲ့ ကာဗာတွေကို အသုံးပြုရတဲ့ အကြောင်းပြချက်ကလည်း ဖုန်းတွေမှာ ရှိတဲ့ သေးငယ်တဲ့ sensor တွေ၊ lens တွေကို အပြည့်အ၀ ကာကွယ်မှု ရရှိစေဖို့ ပဲဖြစ်ပါတယ်။
Camera Sensor Size Comparison
နှိုင်းယှဉ်မှုတွေ ကိုပြုလုပ်ပြီးရှင်းလင်းထားတဲ့ ဇယားကွက်တွေပါ။ ကင်မရာတွေရဲ့ အကွာအဝေအတွင်းရိုက်ကူးနိုင်မှုကို ရှင်းလင်းထားတာကတော့ ကောင်းမွန်ပါတယ်။ အဲဒါတွေက ဓါတ်ပုံရိုက်ကူးရာမှာ background တွေကို ဘယ်လို focus ပြုလုပ် မလဲဆိုတာကို ရှင်းလင်းပေးထားတာဖြစ်ပါတယ်။  ကျွန်တော်တို့အနေနဲ့ အဲဒါတွေက မလိုအပ်ဘူးလို့တော့ တထစ်ချတွက်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဓါတ်ပုံရိုက်ကူးတဲ့အခါမှာ နောက်မှာရှိတဲ့ သစ်ပင်တွေ၊ အဆောင်အဦးတွေ မကြည်မလင်ဖြစ်မှုကို သတိထားမိမှာပေါ့။ ဒါကြောင့် ဖုန်းနဲ့ ရိုက်ကူးတဲ့အခါမှာ ကြည်လင်ပြတ်သားတဲ့ နောက်ခံ တွေကို ရရှိစေဖို့ အကူအညီ ရရှိစေမှာဖြစ်ပါတယ်။
ဒါကြောင့် အနှစ်ချုပ်ရရင် တကယ့်ကင်မရာအစစ်တွေမှာတော့ နောက်ခံတွေကို ကြည်လင်ပြတ်သားစေဖို့ အတွက် control တွေပါဝင်မှာဖြစ်ပြီး ဖုန်းကင်မရာတွေအတွက်ကတော့ မှန်ကန်တဲ့ အနေအထားကနေ ရိုက်ကူးမှသာ ကြည်လင် ပြတ်သားမှုကို ရရှိစေမှာလည်းဖြစ်ပါတယ်။
iphone-5s-camera-iphone-5-camera-vs-the-competition-whats-the-best-smartphone
ALL IS NOT LOST
၂၀၁၇ ခုနှစ် အချိန်အထိ
ဖုန်းတွေမှာ တကယ့်ကင်မရာအစစ်တွေလို ကြီးမားတဲ့ sensor တွေနဲ့ ကြီးမားတဲ့ len တွေကို အသုံးပြု ဖို့  ဆိုတာကတော့ မဖြစ်နိုင်သေးပါဘူး။ ပြီးတော့ ဖုန်းတွေမှာ အသုံးပြုတဲ့ အမြန်းဆုံးဆိုတဲ့ processor တွေက desktop တွေ မှာအသုံးပြုထားတဲ့ processor တွေလောက်တော့ မြန်ဆန်မှုရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း နည်းပညာတွေကို အဆင့် မြင့်တင်အသုံးပြုလာတာဖြစ်တဲ့အတွက် ဖုန်းကင်မရာတွေက တဖြည်းဖြည်း ကောင်းမွန်လာတာပဲဖြစ်ပါတယ်။ ဖုန်းတွေရဲ့ ကင်မရာရိုက်ချက်တွေကလည်း အလင်းရောင်နိမ့်ကျမှုတွေကို မှတ်သားထားပေးမှာဖြစ်ပြီး အခုမှ စတင်အသုံးပြုမယ့်သူတွေ အတွက် အသုံးပြုရလွယ်ကူစေဖို့ ကြီးမားတဲ့ sensor နဲ့ ကောင်းမွန်တဲ့ နည်းပညာအသစ်တွေကို ပေါင်းစပ်ပြုလုပ်ပေးခဲ့ပါတယ်။ အခုချိန်မှာတော့ Nokia က ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ရရှိစေမယ့် 808 Pure View (large-sized, high-res sensor )  နဲ့  Lumia 920 (F2.0 lens, optical image stabilization)  ကိုထုတ်ခဲ့ပြီးဖြစ်ပါတယ်။ iPhone 5S မှာလည်း အရမ်းကောင်းတဲ့ အရည်အသွေး ပါရှိခဲ့ပြီးပါပြီ။ ပြီးတော့ ဒီဖုန်းတွေမှာက ပြောင်းလဲ အသုံးပြုလို့ ရမယ့်  control တွေကို အဆင့်မြင့်ပြီး အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။
Hold it Right by keeping it Tight
ကိုယ်တိုင်ဓါတ်ပုံတွေကို ရိုက်ကူးမယ်ဆိုရင်တော့ ညာဘက်လက်နဲ့ ကိုင်ပြီးတော့ ရိုက်ကူးမှု ပြုလုပ်သင့်ပါတယ်။ အဲဒါက နောက်ပြင်နေတာ မဟုတ်သလို မှန်ကန်တဲ့နည်းလမ်း ဖြစ်ပြီးတော့  ကောင်းမွန်တဲ့ ရုပ်ပုံတွေကို ရရှိစေဖို့ အကူအညီရရှိစေမှာဖြစ်ပါတယ်။ အဓိက ပြောချင်တာကတော့ လက် အနေအထားပါပဲ။ မှန်ကန်တဲ့ ကိုင်တွယ်မှု နဲ့ အနေအထားတွေက ဓါတ်ပုံရိုက်ကူးရာမှာ ပြုလုပ်သင့်တဲ့ အမှုအကျင့်တွေဖြစ်ပါတယ်။ မမှန်ကန်တဲ့ ကိုင်တွယ်ရိုက်ကူးတဲ့အခါမှာ ဓါတ်ပုံတွေေ၀၀ါးမှု မပြတ်သားမှု တွေအပြင် ပုံရိပ်များရောထွေးစေခြင်း စတာတွေကို ဖြစ်စေမှာပါ။ ဒီနေရာမှာတော့ ကင်မရာတွေ ဟာ အလွယ်တကူ နားလည်ဖို့ ခဲယှဉ်းလှပေမယ့် smartphone ကင်မရာတွေကတော့ ဓါတ်ပုံတွေကိုေ၀၀ါးမှုဖြစ်ပေါ် စေမှုကို လျှော့လျပေးနိုင်အောင် ပြုလုပ်ပေးထားပြီး စမတ်ဖုန်းကင်မရာတွေရဲ့ ဆရာတစ်ဆူတောင် ဖြစ်လာနိုင်ပါတယ်။
KEEP YOUR LENS CLEAN !
သင့်ရဲ့ဓါတ်ပုံတွေမှာ အစက်အပြောက်လေးတွေဖြစ်နေလား။  ဒါဆိုရင်တော့ မှန်ဘီလူးတွေမှာ ဖုန်တွေ၊ အမှုန်တွေ ကပ်ညှိနေလို့ပဲ ဖြစ်ပါတယ်။ smartphone  နဲ့  DSLR ကင်မရာတွေရဲ့ မှန်ဘီလူးတွေကို သန့်ရှင်းအောင် တိုက်ချွတ်ပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာကတော့ နှစ်ခုစလုံး ကို သန့်သန့်ရှင်းရှင်း ထားစေရမှာက သဘောတရား အတူတူပါပဲ။
TAKE YOUR TIME !
မကျွမ်းကျင်သေးတဲ့ သူတွေအတွက်ကတော့ ဓါတ်ပုံတွေကို ရိုက်ကူးတဲ့အခါမှာ ထပ်ခါထပ်ခါ ပြန်ရိုက်ကူးနေရမှာဖြစ်သော် လည်း ကျွမ်းကျင်တဲ့ ဓါတ်ပုံဆရာတွေအတွက်ကတော့  ဘယ်အချိန်ပဲရိုက်ရိုက် တစ်ကြိမ်သာပဲ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
မတူညီတဲ့ အနေအထားကနေပြီး ရိုက်ကူးကြည့်ပါ (ရှေ့ ကပဲဖြစ်ဖြစ်၊ နောက်ကပဲဖြစ်ဖြစ်) ပြီးတော့ မတူညီတဲ့ ရုပ်ပုံတွေကို ပြောင်းလဲပြီးတော့လည်း ရိုက်ကူးကြည့်ပြုပါ ( နည်းလမ်းအမှန်ပဲဖြစ်ဖြစ်၊ မမှန်တာပဲဖြစ်ဖြစ်ပါ) ။ ရိုက်ချက်များစဉ်တိုင်းမှာ ကိုယ့်ရဲ့ အမှားတွေကို လက်ငင်းမြင်စေရမှာကတော့ ဖုန်းကင်မရာပါပဲ။
The Rule of Thirds is Famous – But Why?
The Rule of Thirds ဆိုတာ ဟာ တူညီတဲ့ ရေပြင်ညီမျဉ်း နဲ့  ဒေါင်လိုက်မျဉ်တွေကို အသုံးပြုထားတဲ့ တူညီတဲ့  ဇယားကွက် သုံးခုစီကို ပေါင်းစပ်ဖန်တီးထားတာပါ။ ရုပ်ရှင်တွေထဲက စနိုက်ပါ ရဲ့ မှန်ဘီလူးမြင်ကွင်း နဲ့ အလားသဏ္ဍာန်ဆင်တူပါတယ်။ ဒါကြောင့် ရိုက်ကူးမယ့်အရာတွေကို ဇယားကွက်ရဲ့ အလယ်မှာပဲဖြစ်ဖြစ်၊ ဘေးမှာပဲဖြစ်ဖြစ် ထားပြီး စွဲဆောင်မှုရှိတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာလည်းဖြစ်ပါတယ်။
ဒီကနေ့ ခေတ်မှာ ထွက်ရှိလာတဲ့ smartphone အချို့  တွေမှာတော့ ဒီနည်းလမ်းကို အသုံးပြုပြီး ဖန်တီးလာကြ ပါပြီ။ ဒါက ဖုန်းနဲ့ ဓါတ်ပုံရိုက်ကူးသူတွေကို အကူအညီပေးမှာဖြစ်ပါတယ်။ အဝေးမှာရှိတဲ့ ရုပ်ပုံတွေကို The rule of thirds ကို အသုံးပြုပြီး ရိုက်ကူးမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ ဓါတ်ပုံတွေကို ရရှိစေမှာလည်းဖြစ်ပါတယ်။
အခြားနည်းလမ်းတစ်ခုအနေနဲ့  The rule of thirds ကိုအသုံးပြုပြီးတော့ သဘာဝရုခင်းတွေကိုလည်း ရိုက်ကူးမှု ပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။ ရုခင်းပုံတွေကို ရိုက်ကူးရာမှာ ရေပြင်ညီအောင် ချိန်ညှိပြီးရိုက်ကူးနိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပြီးတော့ မညီမညာတဲ့အနားသတ်တွေဖြစ်ပေါ်စေမှုကို မဖြစ်စေအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ပန်းချီတွေမှာ သုံးတဲ့ အနီးအဝေး ပါဆပက်တစ် Perspective သဘောတရားကို စမတ်ဖုန်းတွေက လိုက်လံ အတုယူထည့်သွင်းလာကြတာပါ။
sony-xperia-s-camera-hd-smartphone-hi-tech-wallpaper
THE RULE OF THIRDS ISN’T THIRDS
The rule of thirds ကို ဘယ်လိုနေရာမှာထားပြီးအသုံးပြုမှာလဲ။ နည်းပညာမြင့်တဲ့ HTC ဖုန်းတွေ ၊ HTC တက်ဘလက် Nexus 9 နဲ့ iPhone ၊ Samsung နောက်ဆုံးဗားရှင်းတွေမှာ Rules of Third ကို သုံးစွဲလာကြပြီး မြင်ကွင်း ရဲ့ အလယ်မှာရှိတဲ့ ရွှေရောင်ရှိတဲ့ လေးထောင့်ကွက် လေးကိုတော့ Golden ratio လို့ ခေါ်ပါတယ်။ မှန်ကန်တိကျတဲ့ ဓါတ်ပုံ frame တွေအတွက် golden ratio ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Golden ratio တွေကို အနုပညာရှင်တွေနဲ့ ဓါတ်ပုံဆရာ တွေကတော့ Standard တစ်ခု လို အခြေခံထားပြီးအသုံးပြုကြပါတယ်။
Use Perspective to Go Deep
ဓါတ်ပုံရိုက်ကူးမှု နည်းပညာဆိုတာက ရှု့ ထောင်သုံးခု၊ နှစ်ခု ကနေပြီး ကျွန်တော်တို့ တွေအနေနဲ့   ဓါတ်ပုံတွေကို စွဲဆောင်မှု ရှိအောင် ဘယ်လိုပြုလုပ်ရမလဲ။ ဘာကြောင့်လဲဆိုတော့ ညီညာမှုရှိတဲ့ ရုပ်ပုံတွေကို ကြည့်ရှု့ သူတွေအနေနဲ့  အမြင်အာရုံမှာ ရုပ်ကြွနေအောင် ဘယ်လိုပြုလုပ်မှုပေးစွမ်းနိုင်မလဲဆိုတာကိုပေါ့။
Line တွေကို အသုံးပြုပြီး ဓါတ်ပုံရိုက်ကူးတာက ဓါတ်ပုံတွေကို ရိုက်ကူးရာမှာ နေရာတစ်ခုထဲမှနေပြီး ရိုက်ကူးရာမှာ အဆင်ပြေစေမှာဖြစ်ပါတယ်။ ပြီးတော့လည်း frame တွေပြုလုပ်ပေးဖို့ အတွက်လည်း အသုံးတဲ့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ တွေအနေနဲ့  ပုံရိပ်တွေကို line နဲ့ အသုံးပြုပြီး ရိုက်ကူးရာမှာ အတွင်းထဲမှာထားပြီး ရိုက်ကူးကြတယ်။ တစ်ခါတစ်လေမှာတော့ အပြင်ဘက်မှာထားပြီး ရိုက်ကူးတတ်ကြပါတယ်။
Within the Frame
ဓါတ်ပုံရိုက်ကူးမှုနည်းပညာဆိုတာက ကမ္ဘာပေါ်မှာတော့ ဖျော်ဖြေမှု နည်းလမ်းတစ်ခုဖြစ်ပြီး လှုပ်ရှာနေတဲ့ ပုံတွေကို ရိုက်ကူး ရတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဓါတ်ပုံရိုက်ကူးမှုဆိုတာကလည်း နူးညံသိမ်မွေ့ ပေမယ့် စွဲဆောင်မှုရှိတဲ့ ကိုယ်ပိုင် frame တွေကို ပြုလုပ်တာကို နည်းနည်း သွားကြည့်ရအောင်။
အရှေ့ဘက်ကို မျက်နှာမှုနေတဲ့ frame တွေကို ပြုလုပ်ရာမှာ Vertically (portrait) နဲ့  horizontally ( landscape) ဆိုပြီးတော့ နည်းလမ်းနှစ်မျိုးကို အသုံးပြုကြပါတယ်။ ပုံမှန်အားဖြင့်တော့ ရိုက်ကူးသူဟာ အရှေ့ဘက်နေ မျက်နှာမှုပြီး ရိုက်ကူးတာကို အဓိကထားပါတယ်။
smartphone တွေမှာဆိုရင်လည်း pre-determined  နဲ့   ratio တွေကို ပေါင်းစပ်ပြီး ဓါတ်ပုံရိုက်ကူးမှု တွေကို ပြုလုပ်နိုင်ပါပြီ။ ဒါပေမယ့် ratio တွေမှာဆိုရင်  3:2, 16:9 , 4:3 နဲ့  1:1ဆိုပြီး နှစ်သက်တဲ့ အနေအထားကို ရွေးချယ်အသုံးပြု ရ မှာဖြစ်ပါတယ်။ ပိုပြီးသင့်တော်တဲ့ ratio ကိုအသုံးပြုသင့်ပါတယ် ။ ဘာကြောင့် လဲဆိုတော့ အဲဒါတွေ က သင့်ရဲ့ ပေါင်းစပ်ရိုက်ကူးမှုတွေကို အကျိုးသက်ရောက်မှု ရှိစေမှာဖြစ်ပြီး၊ Frame တွေကို ဘယ်လို ပြုလုပ်မယ်၊ ဘယ်လို ဖယ်ရှားမယ်ဆိုတာကို ဆုံးဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။ နမှုနာအနေနဲ့ ပြောရရင် ကွဲပြားခြားနားတဲ့ အရာနှစ်ခုကို ရိုက်ကူးရာမှာ 1:1  frame က ကောင်းမွန်တဲ့ ပုံတူကို ရရှိစေမှာဖြစ်ပြီး 16:9 frame ကတော့ ကျယ်ပြန့် တဲ့ ရုပ်ထွက်တွေကို ရရှိစေမှာဖြစ် ပါတယ်။ ရိုးရှင်းတဲ့ လေးထောင့်ကွက်တွေကို အသုံးပြုမယ်ဆိုတော့ ကိုယ်ပိုင်နှစ်သက်တဲ့ ပုံရိပ်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ frame တွေကို ဖန်တီးမယ်ဆိုရင်တော့ သင့်အနေနဲ့ ပိုပြီးအဆင်ပြေစေမှုရှိစေမယ့် ratio တွေကို ရှာဖွေမှုတွေပြုလုပ်ရမှာဖြစ်ပြီး ratio တွေက သင့်အတွက် အကောင်းဆုံးလုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးမှာပါ။
LOSE TIME ZOME!
တချို့ စမတ်ဖုန်းတွေမှာဆိုရင် optical zoom တွေကို ထည့်သွင်းပြီးပြုလုပ်လာတာကို တွေ့ ရမှာဖြစ်ပါတယ်။ သင့် ရဲ့စမတ်ဖုန်းတွေမှာရှိတဲ့  optical zomm၊ digital zoom တွေကိုအသုံးပြုရတာ စိတ်ကျေနပ်စရာတော့ ပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။ optical zoom တွေက အမှန်တကယ်တော့ ကောင်းမွန်တဲ့ ရုပ်ထွက်တွေကို ရရှိစေမှာတော့ မဟုတ်ပါဘူး။ သူ့ မှာဆိုရင် ရိုးရှင်းလွန်း တဲ့ corp ပြုလုပ်တာတွေ၊ ပုံမှန်အဆင်သာရှိတဲ့ ရုပ်ထွက်တွေကိုပဲ ရရှိစေနိုင်တာပါ။ optical zoom တွေက အမြဲတမ်းလိုလို နိမ့်ကျတဲ့ ရုပ်ထွက်တွေကိုပဲ ပေးစွမ်းမှာဖြစ်ပါတယ်။ အရမ်းကောင်းတဲ့ Optical Zoom နဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားခဲ့တဲ့ iPhone 6S တောင်မှ ရုပ်ထွက်ဟာ သူ့ဈေးနှုန်း နီးပါး ရှိတဲ့ ကင်မရာတစ်ခု အဆင့်သာသာ ရုပ်ထွက် ပဲ ရှိပါတယ်။
b_trinity_01
Understanding the Trinity
တစ်ချို့ သော smartphone တွေမှာဆိုရင် ဓါတ်ပုံတွေကို auto ရိုက်ကူးနိုင်မှုပဲပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် တချို့ကျတော့လည်း  control aperture၊ Shutter speed နဲ့  ISO တွေကို အသုံးပြုနိုင်ပါတယ်။ သုံးစွဲသူဟာ အမြဲတမ်းတော့ သူ့ကို အသုံးပြုဖြစ်မှာ မဟုတ်ပါဘူး setting သုံးမျိုးရှိပါတယ်။ သူ့ကို သိထားကြတာကတော့ trinity လို့ သိထားကြပါတယ်။
Aperture
Aperture setting တွေက ကင်မရာကို ဘယ်လောက်အထိ zoom ဆွဲမယ်ဆိုတာကို ပြုလုပ်ပေးမှာပါ။ အသေးဆုံးအနေနဲ့  f-number (like f/2) သာရှိပြီး ၊ အကြီးဆုံးအနေနဲ့  (like f/8) အထိသာ ပြုလုပ်နိုင်မှာဖြစ် တဲ့အတွက် ပုံရိပ်တွေကို ရရှိမှုက လျော့ကျနေမှာဖြစ်ပါတယ်။
Aperture တွေက ရုပ်ပုံတွေရဲ့ မြင်ကွင်းတွေကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ ဆိုလိုတာက သင့်အနေနဲ့  ရုပ်ပုံတွေကို focus ပြုလုပ် နိုင်မှာဖြစ်ပါတယ်။ သေးငယ်တဲ့ f-number တွေက နက်ခံ background တွေကို မှုန်ဝါးမှု ဖြစ်ပေါ်စေ မှာဖြစ်ပြီး၊ ကြီးမားတဲ့ number တွေကတော့  နောက်ခံ background တွေကိုပါ ကြည်လင်မှုရှိအောင် focus ပြုလုပ်ပေးနိုင်မှာပါ။ အဲဒီအချိန်မှာ smartphone တွေမှာရှိတဲ့ sensor တွေက ကြည်လင်ပြတ်သားတဲ့ background တွေကို ဖန်တီးနိုင်စွမ်းမရှိပဲ မြင်ကွင်းအရှေ့ကိုသာ အကျိုးသက်ရောက်မှု ရှိပါတယ်။
STAND CLOSE!
smartphone ကင်မရာအများစုမှာ ကျယ်ပြန့် တဲ့ မှန်ဘီလူးတွေက ဆိုရင် 20mm အထိရှိလာကြပါပြီ။ အဲဒီလို ပါဝင်လာတာကြောင့်လည်း ကျယ်ပြန့် တဲ့ မြင်ကွင်းတွေကို ဓါတ်ပုံရိုက်ကူးမှုတွေပြုလုပ်လာနိုင်မှာဖြစ်ပြီး ကောင်းမွန်တဲ့ ရုပ်ထွက်တွေကို ရရှိစေမှာဖြစ်ပါတယ်။ ဒါပေမယ့် အကောင်းဆုံးသော ရုပ်ပုံထွက်ရှိမှုတွေကိုတော့ ရရှိဦးမှာမဟုတ်ပါဘူး။ ကြီးမားကျယ်ပြန့် တဲ့ မှန်ဘီလူးတွေက ရုပ်ပုံတွေ ရရှိစေမှုကိုကောင်းမွန်စေမှာဖြစ်ပါတယ်။ ဒါပေမယ့် ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်တွေကို လိုချင်တယ်ဆိုရင်တော့  ပိုပြီး ကျယ်ပြန့်တဲ့ မှန်ဘီလူး ရရှိဖို့ လိုပါမယ်။
EMBRACE CONSTRAINTS
Smartphone ကင်မရာတွေနဲ့ ပတ်သတ်ပြီးလို့ တော့ စကားအများကြီးပြောနေစရာတော့ မလိုပါဘူး။ပြီးတော့ သူတို့ ရဲ့ setting တွေက aperture ဒါမှမဟုတ် ISO နဲ့ တူညီမှုရှိပါတယ်။ ဒါပေမယ့် smartphoneတွေမှာ ကိုယ်ပိုင်ကောင်းကွက်လေးတွေ ရှိပါတယ်။ အဲဒါက ကျွန်တော်တို့ တွေအနေနဲ့  ဓါတ်ပုံတွေကို ရိုက်ကူးတဲ့အခါမှာ app၊ ပရိုဂရမ်တွေ အကူအညီတွေနဲ့ အသုံးပြုပြီး ရိုက်ကူးနိုင်မှုတွေပါပဲ။ ပြီးတော့ လွယ်ကူစွာပဲ ဓါတ်ပုံတွေကို edit ပြုလုပ်နိုင်မှုတွေလည်း ပါဝင်ပါတယ်။ ပြီးတော့ ချက်ချင်းပဲ အင်တာနက်ပေါ် တင်လိုက်တာမျိုးကိုပါ စွမ်းဆောင်ပေးနိုင်စွမ်းရှိပါတယ်။
SHUTTER SPEED
shutter speed number ဆိုတာ က ကင်မရာကို ရည်ညွန်းထားတဲ့ ကိန်းဂဏန်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့် 1/50 ဆိုတာကတော့ len ရဲ့ လုပ်ရှားမှုက တစ်စက္ကန့် ရဲ့ 50th အမြန်နူန်း ရှိမှာ ကိုဆိုလိုပြီး၊ 1/25 ဆိုတာကတော့ အကြာဆုံးအနေဖြင့် တစ်စက္ကန့် မှာ 25th သာ ရှိမယ်ဆိုတာကို ရည်ညွန်းခဲ့တာဖြစ်ပါ တယ်။
ISO
digital ကင်မရာတွေမှာ ရှိတဲ့  ISO ဆိုတာက sensor တွေကို ဘယ်လိုအခြေအနေမျိုးမှာ ရိုက်ကူးမလဲဆိုတာကို ရည်ညွန်းတာဖြစ်ပါတယ်။စွမ်းဆောင်ရည်မြင့်မားတဲ့ ISO တွေမှာဆိုရင် အလင်းရောင်တောက်ပမှုရှိတဲ့ နေရာတွေမှာပါ ရိုက်ကူးမှုအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ဆိုလိုတာက အလင်းရောင် တောက်ပတဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ အလင်းရောင်လျော့နည်းတဲ့အချိန်မှာပဲဖြစ်ဖြစ် ကင်မရာတွေက ကြည်လင်တဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်တယ်လို့  ဆိုလိုတာပါ။
တချို့ဖုန်းကင်မရာတွေ က အလင်ရောင်လျော့နည်းတဲ့အချိန်တွေမှာတောင် ရိုက်ကူးမှုတွေ ပြုလုပ်နိုင်တာကတော့ အံသြစရာကောင်းလွန်းပါ တယ်။
.
testing-smartphone-camera_uhd
Comparison
စမတ်ဖုန်းတွေ မှာ မြင့်မားတဲ့ Megapixel အရည်အတွက်တွေ တိုးပွားလာနေပါတယ်။ iPhone ကိုသာ သုံးစွဲပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်၊ ဗွီဒီယိုကားတွေ ပါ ပေါ်ပေါက်လာပါပြီ။ ပရိုဂရမ်တွေ နဲ့ စိတ်ကြိုက်တည်းဖြတ်ပြီး လွယ်လင့်တကူ အင်တာနက် တင်တာမျိုးဖြစ်ဖြစ် ၊မိတ်ဆွေ သူငယ်ချင်းတွေကို မျှဝေ ခံစားလိုက်တာမျိုး ဖြစ်ဖြစ် လုပ်လာနိုင်နေပါပြီ။
ဒါပေမယ့် ကင်မရာအစစ်တွေ ရဲ့ ဖန်တီးနိုင်စွမ်း နဲ့ ကင်မရာအစစ်တွေရဲ့ အလင်းရောင်မရွေး ရိုက်ယူနိုင်တဲ့ အချက်ကိုတော့ မရရှိသေးပါဘူး။
အထူးသဖြင့် ကင်မရာအစစ်တွေကနေ ပေးအပ်ခဲ့တဲ့ အနုပညာမြောက် လက်ရာမျိုးတွေကိုတော့ မရရှိနိုင်သေးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
Credit to ==> Digital Times
<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
www.pyaephyo.com
0 comments:
Post a Comment