♪ အသစ်ထွက်မည့် Microsoft ဖုန်းသည် အကောင်းဆုံး မိုဘိုင်းထုတ်ကုန် ဖြစ်လိမ့်မည်ဟု နာဒယ်လာ ပြောကြား ♫


Microsoft အနေဖြင့် စမတ်ဖုန်းဈေးကွက်တွင် ဈေးကွက်ဝေစု အနည်းငယ်သာ ပိုင်ဆိုင်ထားသော်လည်း ကုမ္ပဏီအနေဖြင့် ဖုန်းဈေးကွက်တွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး အကောင်းဆုံး မိုဘိုင်းထုတ်ကုန်ကို ထုတ်လုပ်ရန်အတွက် ကြိုးပမ်းနေကြာင်း အမှုဆောင်အရာရှိချုပ် ဆက်ယာနာဒယ်လာက Australian Financial Review နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးး တစ်ရပ်တွင် ပြောကြားခဲ့သည်။

နာဒယ်လာ၏ ပြောကြားချက်သည် မကြာသေးမီက ပေါက်ကြားထွက်ပေါ်လာခဲ့သော Surface Phone နှင့် ဆက်စပ်ဖွယ်ရှိသည်။ အသစ်ထွက်ပေါ်လာမည့် Surface Phone သည် “laptop-class” Intel proecessor များပါဝင်လာဖွယ်ရှိသည်။

ထို့အပြင် လာမည့်နှစ်တွင် ဖြန့်ချိမည့် Windows Phone OS update တွင် Windows app များအသုံးပြုနိုင်ရန် အတွက် x86 emulation အထောက်အပံ့ ပါဝင်လာမည်ဟု မျှော်လင့်ရသည်။ ၎င်းသည် Surface Phone ထွက်ရှိမည့် အချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။



Credit to ==> Internet Journal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 









www.pyaephyo.com

0 comments:

Post a Comment