♪ " ၂၀၁၆ ခုနှစ်အတွင်း OPPO ရဲ့ ပဉ္စမမြောက် Smartphone အမျိုးအစားဖြစ်လာသော A39 " ♫


၂၀၁၆ ခုနှစ်အတွင်း OPPO ရဲ့ ပဉ္စမမြောက် Smartphone အမျိုးအစားတစ်ခုဖြစ်လာသော OPPO A39 ကို ပြည်တွင်းဈေးကွက်မှာ တရားဝင်မိတ်ဆက်ရောင်းချပေးခဲ့ပြီပဲ ဖြစ်ပါတယ်။ A39 Smartphone ကို ငွေကျပ် (၂၁၉၀၀၀) ဖြင့် ၀ယ်ယူအသုံးပြုနိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ကတော့ Gold နဲ့ Rose Gold တို့ကို ရွေးချယ်နိုင်ပါလိမ့်မယ်။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ (၁၅) ရက်နေ့မှစတင်ကာ ပြည်တွင်းရှိ OPPO Showroom တွေနဲ့ အနယ်နယ်အရပ်ရပ်ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်

 OPPO A39 ရဲ့ဒီဇိုင်းပိုင်းက သူ့အရင်ထွက်ရှိထားတဲ့ OPPO F1s နဲ့ အနည်းငယ်ဆင်တူမှုရှိပေမယ့် ဖုန်းအထူကတော့ (7.65) မီလီမီတာရှိတာကြောင့် F1s ထက် အနည်းငယ်ပိုထူပါတယ်။ ဒီဖုန်းဟာ 4G Network ကို အပြည့်အ၀ထောက်ပံ့ပေးမှာဖြစ်ပြီး Nano Sim Card အမျိုးအစားကို ထည့်သွင်းအသုံးပြုရမှာပါ။ ဒါ့အပြင် Sim Slot နှစ်ခုပါရှိသလို SD Card ထည့်သွင်းအသုံးပြုနိုင်ဖို့အတွက် နောက်ထပ် Slot အပိုတစ်ခုလည်း ပါရှိပါသေးတယ်။ မျက်နှာပြင်အရွယ်အစားကတော့ (၅.၂) လက်မရှိကာ 2.5D Glass Display အမျိုးအစားကို အသုံးပြုပေးထားပါတယ်။ Screen Resolution ကလည်း HD အမျိုးအစားဖြစ်တဲ့အပြင် အသုံးပြုတဲ့အခါမှာ အစင်းရာ၊ အခြစ်ရာတွေ မဖြစ်စေဖို့အတွက် Corning Gorilla Glass 4 ကို အသုံးပြုပေးထားတာကြောင့် အသုံးပြုသူတွေစိတ်ချလက်ချအသုံးပြုနိုင်မှာပါ။ 

CPU စွမ်းဆောင်မှုအပိုင်းတွင် ယခင်ထက်ပိုကောင်းသော Octa-core 1.5GHz MTK 6750 chipset ကို အသုံးပြုပေးထားတာကြောင့် ဖုန်းအတွင်းပိုင်းလုပ်ဆောင်ချက်တွေ လုပ်ဆောင်ရာမှာ မြန်ဆန်ချောမွေ့စေ မှာဖြစ်ပြီး Graphic ပိုင်းအတွက် Mali T860 MP2 GPU က ကောင်းမွန်တဲ့ရုပ်ထွက်စွမ်းရည်တွေရရှိအောင် ထောက်ပံ့ပေးပါလိမ့်မယ်။ RAM 3 GB ပါရှိတဲ့အပြင် Internal Memory ကတော့ 32 GB ပါဝင်ပါတယ်။ Memory တိုးချဲ့အသုံးပြုလိုသူတွေ အဆင်ပြေစေဖို့အတွက် Memory ကို 256 GB အထိ တိုးချဲ့အသုံးပြုခွင့်ပေးထားပါသေးတယ်။ နောက်ပြီးတော့ Software ပိုင်းလုပ်ဆောင်ချက်တွေအဆင်ပြေစေဖို့ အသုံးပြုပေးထားတဲ့ OS က Android Version 5.1 (Lollipop) ဖြစ်ကာ OPPO ရဲ့ ColorOS 3.0 ကလည်း လုပ်ဆောင်ချက်တွေကောင်းမွန်မှုရှိအောင် ထောက်ပံ့ပေးဦးမှာပါ။ 


ကင်မရာပိုင်းတွင် အရှေ့ကင်မရာမှာ အလင်းဝင်မှုအားအထူးကောင်းမွန် တဲ့ 1/4 -inch sensor အရွယ်အစားရှိ 5MP အမျိုးအစားကိုတပ်ဆင်ပေးထားပြီး အနောက်ကင်မရာပိုင်းတွင်မူ 1/3-inch sensor အရွယ်အစားရှိ 13MP ကို တပ်ဆင်ပေးထားခြင်းကြောင့် မိမိစိတ်တိုင်းကျဓာတ်ပုံများကို ဖန်တီးရယူနိုင်မှာပါ။ အလင်းရောင်နည်းပါးသည့်နေရာများတွင် ဓာတ်ပုံရိုက်ယူခြင်းအတွက် အရှေ့ဘက်တွင် Screen Flash စနစ်နှင့် အနောက်ဘက်တွင် LED Flash စနစ်များကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ ဒါ့အပြင် အရည်အသွေးမြင့်မားတဲ့ Ultra-HD ပုံများကိုလည်း 24MP နှင့် 50MP ဆိုပြီး ၂ မျိုး ရွေးချယ်ရိုက်ကူးလို့ရမှာပါ

အနောက်ကင်မရာဖြင့် Full HD ဗီဒီယိုတွေကို ရိုက်ကူးမှတ်တမ်းတင်နိုင်မှာ ဖြစ်သလို အရှေ့ကင်မရာမှာ Beautify 4.0 လည်းပါရှိတာကြောင့် လှပကောင်းမွန်တဲ့ Selfie ဓာတ်ပုံတွေကို အဆင်ပြေစွာရိုက်ယူနိုင်ပါလိမ့် မယ်။ နောက်ပြီးတော့ Autofocus စနစ်နဲ့ Gesture Shot စနစ်တွေလည်းပါရှိပြီး Face Beauty, HDR, Smile Detection, Face Detection စတာတွေလည်း ပါဝင်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 









www.pyaephyo.com

0 comments:

Post a Comment