♪ ကမ္ဘာပေါ်တွင် အမြတ်အစွန်း အရရှိဆုံး Android စမတ်ဖုန်း ကုမ္ပဏီဖြစ်လာသည့် Huawei ♫


Samsung ၏ အန္တရာယ်ရှိ Galaxy Note 7 ရောင်းအားကျဆင်း သွားခဲ့သောကြောင့် Huawei က Samsung ကိုကျော်လွန်၍ ကမ္ဘာပေါ်တွင် အမြတ်အစွန်း အရရှိဆုံး Android စမတ်ဖုန်း ကုမ္ပဏီအဖြစ် ရပ်တည်လျက် ရှိကြောင်းသိရသည်။

Apple မှာမူ လုပ်ငန်းလည်ပတ်မှု အမြတ်ငွေ ၉၁ ရာခိုင်နှုန်း နှင့်အတူ စမတ်ဖုန်း ကုမ္ပဏီအားလုံးအနက် အမြတ်အစွန်း အများဆုံး ရရှိသော ကုမ္ပဏီအဖြစ် ဦးဆောင်နေသည်။

Huawei သည် ၂၀၁၆ ခုနှစ် တတိယ သုံးလပတ်အတွင်း ကမ္ဘာတစ်ဝန်း လုပ်ငန်းလည်ပတ်မှု အမြတ်ငွေဝေစု ၂.၄ ရာခိုင်နှုန်း (ဒေါ်လာသန်း ၂၀၀) ကို ထိန်းချုပ်ထားသည်။ အခြားတရုတ် ကုမ္ပဏီနှစ်ခုဖြစ်သော Vivo နှင့် Oppo Electronics တို့မှာ Android တွင် ဈေးကွက်ဝေစု ၂.၂ ရာခိုင်နှုန်း ရရှိထားကြောင်း South China Morning Post သတင်းဌာနက ပြောကြားခဲ့သည်။

Huawei သည် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့အမြတ်အစွန်း အရရှိဆုံး Android စမတ်ဖုန်းကုမ္ပဏီဖြစ်လာ ခဲ့ကြောင်း Strategy Analytics အမှုဆောင် ဒါရိုက်တာ နေးလ်မော်စတန်က ပြောကြားခဲ့သည်။



Credit to ==> Internet Journal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 









www.pyaephyo.com

0 comments:

Post a Comment