Seameo Chat အင်္ဂလိပ်စာသင်တန်း တန်းခွဲသစ် ဖွင့်မည်


အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့ ဒေသဆိုင်ရာသမိုင်းနှင့် ရိုးရာဓလေ့ဌာနသည် Chat Communication in English Language Course, Basic Level (1/2017) သင်တန်းကို ထပ်မံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ပြည်လမ်းရှိ ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာနတွင်ဖွင့်လှစ်မည်ဖြစ်ပြီး အနိမ့်ဆုံး အခြေခံပညာအထက်တန်းအောင်မြင်ပြီး Chat Communication in English Course ၀င်ခွင့် အောင်မြင်သူများသာ တက်ရောက်နိုင်မည်ဖြစ်သည်။

သင်တန်းလျှောက်လွှာများကို SEAMEO Chat Facebook (https://www.facebook.com/seameochat/) မှတစ်ဆင့် သင်တန်းဝင်ခွင့်ပုံစံကို ဒီဇင်ဘာလ ၅ ရက် နံနက် ၉ နာရီမှ စတင်ကာ Download ရယူပြီး ဖော်ပြထားသော အီးမေးလ်လိပ်စာသို့ ပူးတွဲပေးပို့ရမည်ဖြစ်သည်။
ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများအား ၀င်ခွင့်စာမေးပွဲဖြေဆိုရမည့် အချိန်၊ နေ့ရက်နှင့် နေရာတို့ကို Seameochat Facebook တွင်လည်းကောင်း၊ SEAMEO Chat ဌာနတွင်လည်းကောင်း ဖော်ပြထား မည်ဖြစ်သည်။

အသေးစိတ်သိရှိလိုသူများအနေဖြင့် ဖုန်း - ၅၃၉၇၀၇ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်မည်ဖြစ်သည်။

0 comments:

Post a Comment