♪ “သင့်စမတ်ဖုန်းလုံခြုံရေးအတွက် ပြုလုပ်သင့်တဲ့ အချက်(၉)ချက်” ♫


(၁) Jailbreak မလုပ်ပါနှင့်

Unofficial app stores များမှ apps များကို မသုံးပါနှင့် သင့်ရဲ့ စမတ်ဖုန်းမှ အချက်အလက်များကို နည်းလမ်းနှစ်သွယ်နဲ့ ခိုးယူနိုင်ပါတယ်။ တစ်နည်း ကတော့ ဖုန်းအလုံးလိုက်ခိုးယူသွားခြင်းဖြစ်ပြီး နောက်တစ်နည်းကတော့ အဝေးကနေ သင့်ဖုန်းထဲက အချက်အလက်များကို malware များပို့လွှတ်ကာ ခိုးယူခြင်းပဲဖြစ်ပါတယ်။ အကယ်၍ သင့်ရဲ့ device ဟာ official app stores ကမဟုတ်ဘဲ အခြားသော နေရာများ (unknown sources) က app တွေ တင်သုံးမယ်ဆိုလျှင် malware များဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ Unknown sources များမှ apps များတင်သုံးနိုင်ရန် သင့်ရဲ့ iOS devices များကို jailbreak လုပ်ဖို့ လိုအပ်သလို android အတွက်ဆိုလျှင်လည်း root လုပ်ဖို့လိုအပ်ပါတယ်။ ဒီလိုလုပ်ပြီး အခြား third-party app stores များမှ apps များကိုတင်သုံးပါက သင့်ရဲ့ဖုန်းအတွင်းထိုးဖောက်ဝင်ရောက်မှု အန္တရာယ်များကျရောက်နိုင်မှာဖြစ်တဲ့အတွက် ဖြစ်နိုင်လျှင် သင့်ရဲ့ဖုန်းကို root မလုပ်၊ jailbreak မလုပ်ဘဲ official app store မှ apps and services များကို သာ အသုံးပြုပါက ဗိုင်းရပ်စ် များ ၀င်ရောက်မှုမှ အလိုအလျောက် တားဆီး ထားပြီးသားဖြစ်မှာပါ။

(၂) apps များကို lock ချထားပါ

သင့်ရဲ့ဖုန်းကို Screen lock ချထားပေမယ့် အကယ်၍ အခြားသူများက မတော်တဆ၀င်ရောက်မိသွားတဲ့အခါမျိုးတွေမှာ သင့်ရဲ့ apps တွေကို နောက်ထပ်အလွှာတစ်ခုအနေနဲ့ ထပ်မံပြီး lock ချထားနိုင်ပါသေးတယ်။ သင့်ရဲ့ email သို့မဟုတ် banking app တွေလိုမျိုးပေါ့။ အဲဒီလိုမျိုးလုပ်ဆောင်ဖို့ အတွက် Android အတွက်ဆိုလျှင်တော့ App Lock လိုမျိုး apps တွေကို အသုံးပြုပြီး screen lock မှာလိုပဲ PIN, Password သို့မဟုတ် လက်ဗွေကြိုက် နှစ်သက်ရာရွေးချယ်နိုင်မှာဖြစ်ပါတယ်။ iOS အတွက်ကတော့ အလားတူ apps တွေကိုတင်ပြီးသုံးမယ်ဆိုလျှင် သင့်ရဲ့ device ဟာ jailbreak လုပ်ထားမှ အသုံးပြုနိုင်မှာ ဖြစ်လို့ ဒါကလုံခြုံရေးအတွက် ထိရှလွယ်သောကြောင့် မသုံးသင့် ပါဘူး။ သို့သော်လည်း များစွာသော apps တွေဟာ Touch ID ကိုအသုံးပြုကာ lock ချထားနိုင်ဖို့ ထည့်သွင်းရေးဆွဲလာတာဖြစ်တဲ့အတွက် ဒါက သတင်းကောင်းလို့ပဲ ဆိုရမှာပါ။

(၃) Apps နှင့် Services များကို Log out လုပ်ပါ

စမတ်ဖုန်းသုံးစွဲသူအများစုကတော့ သူတို့ရဲ့ apps တွေမှာ log in ၀င်ထားလေ့ ရှိပြီး သုံးစွဲပြီးလျှင် log out ပြန်ထွက်လေ့ မရှိကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ နောက်တစ်ခုပြန်ဝင်လျှင် မြန်မြန်ဆန်ဆန် အသုံးပြုနိုင်ဖို့ပဲဖြစ်ပါ တယ်။ ဥပမာအားဖြင့် facebook လိုမျိုးမကြာခဏသုံးစွဲလေ့ရှိတဲ့ apps တွေ မှာ log out လုပ်လေ့မရှိကြပါဘူး။ ဒါကအခြားသူတစ်ယောက်အနေနဲ့ သင့်ရဲ့ apps တွေကို ကြည့်ရှုသုံးစွဲနိုင်စေဖို့ လွယ်ကူစွာဝင်ရောက်နိုင်စေမှာဖြစ်တဲ့ အတွက် သတိထားရမှာဖြစ်ပါတယ်။ အထူး သဖြင့်တော့ Banking နှင့် Shopping ဆိုင်ရာ apps တွေမှာ သင့်ရဲ့ bank account data တွေနဲ့ email accounts တွေပါဝင် သောကြောင့် အဆိုပါအချက်အလက်များ ခိုးယူခံရနိုင် ပါတယ်။ ဒါကြောင့် ယင်းကဲ့သို့ အရေးကြီးအချက်အလက်များပါဝင်သည့် apps များကို သုံးစွဲပြီးလျှင် log out လုပ်သင့်ပါတယ်။

(၄) Password Manager တစ်ခုသုံးစွဲပါ

တစ်စုံတစ်ယောက်ဟာ သင့်ရဲ့ဖုန်းကို access လုပ်နိုင်ဖို့ သင့်ရဲ့ passwords တွေက အဓိကကျလှသောကြောင့် မတူကွဲပြားသော account တိုင်းမှာ ရှည်လျားပြီး strong ဖြစ်သော၊ account တစ်ခုနဲ့ တစ်ခုမတူညီသော password များကို ပေးထားဖို့က အရေးကြီးပါတယ်။ သို့သော် ဖြစ်လေ့ဖြစ်ထ ရှိတာက account တိုင်းအတွက် password ကို လွယ်ကူစွာပြန်လည် မှတ်မိ နိုင်ဖို့ ခဲယဉ်းလှပါတယ်။ ဒါကိုလွယ်ကူစွာ ဖြေရှင်းနိုင်ဖို့ password manager တစ်ခုခုကိုအသုံးပြုနိုင်ပါတယ်။ password manager အသုံးပြုမယ်ဆိုလျှင် သင့် account တွေအားလုံးအတွက် ဘုံ password တစ်ခုတည်းဖြင့် ၀င်ရောက်နိုင်မှာဖြစ်ပါ တယ်။ သို့သော် password manager သုံးမယ် ဆိုလျှင်တော့ အဆိုပါ master password ကို strong ဖြစ်အောင်ပေးထားပြီး ပုံမှန်ပြောင်းလဲသင့်ပါတယ်။ Password manager တွေကများစွာရှိပါတယ်။ အသုံးများတဲ့ LastPass သို့မဟုတ် Dashlane စသည်တို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၅) Antivirus ဆော့ဝဲအသုံးပြုပါ

စမတ်ဖုန်းတွေဟာ ကွန်ပျူတာတွေလိုပဲ ဗိုင်းရပ်အကိုက်ခံရနိုင်တဲ့အတွက် Antivirus ပရိုဂရမ်တွေကိုအသုံးပြုသင့် ပါတယ်။ ကွန်ပျူတာတွေလောက် ပြင်းပြင်းထန်ထန် မထိခိုက်နိုင်ပေမယ့် အန္တရာယ်တော့ ရှိပါတယ်။ Antivirus app တစ်ခုကို တင်ထားမယ်ဆိုလျှင် သင့်ဖုန်းမှာ တင်ထားတဲ့ apps တွေ၊ သိမ်းဆည်းထားတဲ့ဖိုင်တွေ၊ ကြည့်ရှုတဲ့ Website တွေကို scan ဖတ်ကြည့်ရှု စစ်ဆေးပြီး malicious software များမှကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီလို မျိုး apps တွေက Android မှာသာ တင်နိုင်မှာဖြစ်ပါတယ်။ iOS devices များအနေဖြင့် Apple ဟာ သူ့ရဲ့ စနစ်အတွင်းကို ထိုးဖောက်ဝင်ရောက်မှု မရှိနိုင်စေဖို့ closed system လုပ်ထားတဲ့အတွက် ဒီလိုဗိုင်းရပ်အန္တရာယ်များ ၀င်ရောက်နိုင်မှုအခွင့်အလမ်းကနည်းပါးပါတယ်။ သင့်ရဲ့ Android စမတ်ဖုန်း မှာ antivirus app တစ်ခုတင်သုံးလိုပါက Google Play Store မှာရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ နာမည်ကျော် apps တွေ ဖြစ်တဲ့ Avira သို့မဟုတ် Lookout စသည်တို့ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

(၆) Lock Screen ပိတ်ထားပါ

ဒါကတော့ အလွယ်ဆုံးသောနည်းလမ်းပဲဖြစ်ပါတယ်။ ဖုန်းကို Pattern, PIN, Password စသည်တို့ဖြင့် ပိတ်ထားနိုင် သလို လက်ဗွေဖြင့်လည်း ပိတ်ထား နိုင်ပါသေးတယ်။ Pattern နဲ့ပိတ်ထားခြင်းက သင့်အတွက် လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် PIN သို့မဟုတ် လက်ဗွေတွေနဲ့ နှိုင်းစာလျှင်တော့ လုံခြုံမှုအားနည်းလှပါတယ်။ တကယ်လို့ သင့်အနေဖြင့် ပိုမိုလုံခြုံ စေဖို့ဆို လျှင်တော့ အခြားသူများခန့်မှန်းနိုင်ဖို့ ခဲယဉ်းသော password ကို အသုံးပြု သင့်ပါတယ်။ အဲဒါကရိုက်ထည့်ရာမှာ အချိန် ပိုကြာမှာဖြစ်ပေမယ့် တွဲစပ် နိုင်သော စာလုံးတွဲအရေအတွက် များလေလေ ပိုမိုခန့်မှန်းရခက်လေလေ ဖြစ်တဲ့အတွက် လုံခြုံမှု အရှိဆုံးလို့ ဆိုရမှာပါ။မည်သည့်နည်းလမ်းကိုပဲ အသုံးပြု သည်ဖြစ်စေ Screen အား Lock ချထားဖို့အတွက် iOS မှာတော့ Setting> Touch ID & Passcode သို့သွားပြီး Passcode အတွက်ဆိုလျှင် ဂဏန်း ၆ လုံး ပါရှိသော code ကိုရိုက်ထည့်ကာ lock ချထားနိုင်မှာဖြစ်ပါ တယ်။ အခြားသော ရွေးချယ်မှုများကိုလည်းတွေ့ရှိနိုင်မှာဖြစ်ပြီး Passcode Options သို့မဟုတ် Add a Fingerprint ကို တို့ထိ ကာ lock ချထားနိုင်မှာ ဖြစ်ပါတယ်။ Android အတွက်ဆိုလျှင်တော့ သင့်ရဲ့ device အမျိုးအစား ပေါ်မူတည်ပြီး ကွဲပြားခြားနားမှု တွေရှိနိုင်ပေမယ့် များသောအားဖြင့် Settings menu ထဲက Security သို့မဟုတ် Lock Screen Security စတာတွေမှာ ၀င် ရောက်ပြီး လုပ်ဆောင်ထားနိုင်မှာဖြစ်ပါတယ်။

(၇) Public Network များကို မသုံးပါနှင့်

အခြားသောသူများက သင့်ရဲ့ device သို့မဟုတ် data များကို access လုပ်နိုင် တဲ့ နည်းလမ်းတစ်ခုကတော့ လုံခြုံစိတ်ချ ရမှုမရှိသော Wi-Fi network များပဲ ဖြစ်ပါတယ်။ ကော်ဖီဆိုင်၊ ပန်းခြံ၊ လေဆိပ် အစရှိသော Public Wi-Fi network များဟာ သင့်ရဲ့အချက်အလက်တွေကို လွယ်ကူစွာခိုးယူနိုင်တဲ့ နေရာတွေပဲ ဖြစ်တဲ့အတွက် Wi-Fi free ရလို့ အဆိုပါနေရာများမှာအသုံး ပြုလျှင်တောင် အရေးကြီးအချက်အလက်များ ပါဝင်တဲ့သုံးစွဲမှုတွေကို မသုံးသင့်ပါဘူး။ ဥပမာ email သုံးတာ၊ ဘဏ်နဲ့သက်ဆိုင် တာတွေအသုံးပြုတာ၊ ဈေးဝယ်တာ စတာ တွေကို မလုပ်ဆောင်သင့်ပါဘူး။ 4G စနစ်မှာတော့ ပိုမိုလုံခြုံမှုရှိပါတယ်။ သင့်ရဲ့ အိမ်တွင်း broadband လိုင်းကနေ Wi-Fi လွှင့်ပြီး သုံးတဲ့အခါ လုံခြုံမှု ရှိနိုင်စေဖို့ password ခံပြီး WPA2 ကဲ့သို့ လုံခြုံမှုရှိသော encryption စနစ် များကိုအသုံးပြုသင့်ပါတယ်။ အများစုသော routers တွေမှာတော့ ယင်းကဲ့ သို့လုပ်ဆောင်ထားနိုင်သော standard security option များပါဝင်ပါတယ်။

(၈) ဆက်သွယ်မှုများလုပ်ဆောင်သည့်အခါ encrypt လုပ်၍သုံးပါ

အကယ်၍ သင်ဟာလုံခြုံရေးနဲ့ပတ်သက်ပြီး အမှန်တကယ်ပဲ ဂရုစိုက်ပါက သင့်ရဲ့ Wi-Fi ကွန်ရက်ကို encrypt လုပ်ပြီး သုံးရုံမျှမကဘဲ သင့်ရဲ့ ဆက်သွယ်မှု တွေမှာလည်း encrypt လုပ်ပြီး သုံးစွဲရမှာဖြစ်ပါတယ်။ Messaging apps တွေဖြစ်တဲ့ iMessage တို့ WhatsApp တို့အပါအ၀င် အများစုသော နာမည်ကျော် messaging apps တွေဟာ အဆိုပါ encrypt လုပ်ထား တဲ့ ၀န်ဆောင်မှုကို standard တစ်ခုအဖြစ် ပံ့ပိုးပေးထားကြပါတယ်။
Email တွေမှာလည်းအလားတူစွာပဲ encrypt လုပ်ပြီး သုံးနိုင်ပါတယ်။ Encrypt လုပ်ဆောင်မှုကို အထူးပြုပေးထားတဲ့ email app တစ်ခုကတော့ ProtonMail ပဲဖြစ်ပြီး အရေးကြီးအချက်အလက်များ ပို့လွှတ်လေ့ရှိသူများအဖို့ data တွေ လုံးဝ ပေါက်ကြားမှုမရှိစေရန်အတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့ messages တွေ၊ emails တွေကို encrypt လုပ်ပြီး ပို့လွှတ်ခြင်းက အခြား သူများအဖို့ ကြားဖြတ်ဝင်ရောက်ပြီး ဖတ်ရှုနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် လည်း သင့်ရဲ့ဖုန်းကို ယူပြီးကြည့်မယ်ဆို လျှင်တော့ သင့်ရဲ့ messages တွေကိုဖတ်ရှုနိုင်မှာဖြစ်တဲ့အတွက်တွဲဖက်ပြီး လုပ်ဆောင်သင့်တာကတော့ သင့်ရဲ့ messages တွေကို အမြဲဖျက်ပစ်ဖို့ပါပဲ။ Bleep ဆိုတဲ့ app ကတော့ သင့်ရဲ့ ဆက်သွယ်မှုတွေမှာ encrypt လုပ်ပေးရုံမျှမက messages များကို ဖတ်ရှုပြီးပါကတစ်ခါတည်းဖျက်ပစ်ပါတယ်။

(၉) သင့်ရဲ့ဖုန်းအား အဝေးတစ်နေရာမှ ခြေရာခံနိုင်အောင် လုပ်ဆောင် ထားပါ

သင့်ရဲ့ဖုန်းဟာ ပျောက်ဆုံးတာ၊ ဒါမှမဟုတ် ခိုးယူခံရတဲ့အခါတွေမှာ ဘယ်နေရာမှာရှိသလဲဆိုတာကို ခြေရာခံနိုင်ဖို့ အတွက် Android မှာရော iOS မှာပါ လုပ်ဆောင်နိုင်ပါတယ်။ Android အတွက်ကတော့ Android Device Manager website သို့သွားပြီးသော်လည်းကောင်း အဆိုပါ app ကို တင်ပြီး သော်လည်းကောင်း အသုံးပြုကာသင့်ရဲ့ Google account နဲ့ log in ၀င်ပြီး ခြေရာခံနိုင်ပါတယ်။ အဝေးကနေပြီး တည်နေရာ ကြည့်ရှုနိုင်သလို အသံမြည် စေတာ၊ lock ချပစ်တာ၊ သင့် device ကို အခြားသူအသုံးမပြုနိုင်အောင် data တွေကိုဖျက်ပစ်တာတွေ လုပ်ဆောင်နိုင်ပါတယ်။ iOS မှာလည်း အလားတူစွာပဲ လုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာမှာ iCloud ကို log in ၀င်ပြီးသော် လည်းကောင်း၊ Find My iPhone app ကို သုံး၍သော်လည်းကောင်း သင့်ရဲ့ handset ကိုခြေရာခံခြင်း၊ Message ဖော်ပြခြင်း၊ lock ချခြင်းတို့ကို လုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ရှေးဦးစွာ သင့်ရဲ့ device မှာ iCloud ကို set up လုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ သင့်ရဲ့ Apple ID နဲ့ log in ၀င်ပြီး iCloud မှတစ်ဆင့် set up လုပ်ထားနိုင်မှာပါ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment