♪ HTC Bolt ၀ယ်ယူသူတိုင်းအတွက် HeadPhone Adapter ထည့်သွင်းပေးမယ် လို့ HTC ကြေငြာခဲ့ ♫


ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကမှ စတင်သတင်းထွက်ပေါ်လာခဲ့ပြီး ယခုလ အတွင်းမှာပဲ သုံးစွဲရနိုင်တဲ့ HTC Bolt ကို ၀ယ်ယူသူတွေအားလုံးကို HTC box ထဲမှာ HeadPhone Adapter ကို အခမဲ့ ထည့်သွင်းပေးမယ် လို့ HTC ရဲ့ PR Head ဖြစ်သူ Jeff Gordon က Twitter မှာ မှတ်ချက်ရေးသားထားခဲ့ပါတယ်။
.
Jeff Gordon ရဲ့ ပြောစကား အရ  ထည့်သွင်းပေးမယ့် Adapter ဟာ Head Phone Jack Adapter ဖြစ်ပြီး ၃.၅ မီလီမီတာ ရှိတဲ့ USB-C ကြိုးပါရှိတယ် လို့ ဆိုပါတယ်။ အသစ်ထွက် iPhone 7 နဲ့ Moto Z တွေမှာ HeadPhone Jack ကို ဖြုတ်သိမ်းခဲ့ပြီးနောက် အခု USB-C ကိုတော့ အခမဲ့ ထည့်သွင်းပေးမယ် လို့ ဆိုပါတယ်။
.
လက်ရှိမှာ အမှာစာ အရ ရောင်းချပြီးခဲ့ပြီးဖြစ်တဲ့ အမှာစာပိုင်ရှင်တွေ ကတော့ အဲဒီ Adapter ကို မရရှိနိုင်သေးဘဲ အီးမေးလ်ကနေ တဆင့် အကြောင်းကြားသွားမှာ ဖြစ်ပြီး မူလ ၀ယ်ယူပြီးခဲ့ အရောင်းဆိုင်ကနေ တဆင့် တောင်းယူနိုင်တယ် လို့ ဆိုပါတယ်။ ဇန်န၀ါရီ လဆန်းလောက်မှာ မှ ဖြန့်ချိမှာ ဖြစ်တဲ့ အာရှ နဲ့ အရှေ့အာရှတ၀ိုက်မှာတော့ ဗူးထဲမှာတင် ထည့်သွင်းရောင်းချပေးသွားမယ် လို့ ဆိုပါတယ်။



Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment