♪ “Huawei Y6 Pro” ♫


Y6 Pro သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလက ထုတ်လုပ်ရောင်းချပေးထား ခြင်းဖြစ်ပြီး ရှေ့ပိုင်းတွင် ရိုးရိုး Y6 ကို ရောင်းချပေးထားပါသေးတယ်။ Y6 သည် 5 inches မျက်နှာပြင်အကျယ်ရှိပြီး Multitouch စနစ်၌ Emotion 3.1 UI ကိုသုံးစွဲနိုင် ပါမယ်။ အဓိကကင်မရာသည် 8MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာ ငယ်ကတော့ 2MP စွမ်းရည်ဖြစ်ပါတယ်။

မှတ်ဥာဏ်ပမာဏ အပိုင်းတွင် 8GB ထည့်သွင်းပေးထားပြီး RAM အပိုင်းတွင်တော့ 1 / 2 GB ဆိုပြီး နှစ်မျိုးရှိပါမယ်။ CPU စွမ်းရည်ကတော့ Quad Core 1.1 GHz ဖြစ်ကာ ဘက်ထရီအမျိုးအစား သည် Li-Po 2200 mAh ဖြစ်ပါတယ်။ Y6 Pro ကို Honor Play 5X (သို့) Enjoy 5 လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 143.1 × 71.8 × 9.7 mm ဖြစ်ကာ အလေးချိန်မှာ 160g ရှိပါတယ်။

ဖုန်းသည် Dual Sim အမျိုးအစားဖြစ်ကာ ထည့်သွင်းအသုံးပြုရမယ့် ဆင်းကတ် အရွယ်အစားမှာ Dual Sim ပါ။ IPS LCD Capacitive Touch Screen ရဲ့ အကျယ်အ၀န်းပမာဏကတော့ 5 inches ဖြစ်ပါတယ်။ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 720 × 1280 ဖြစ်ကာ တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 294 ppi ဖြစ်ပါ တယ်။ Multitouch စနစ်တွင် EMUI 3.1 ကို သုံးစွဲနိုင်ပါမယ်။

အဓိက ကင်မရာသည် 13 MP, f/2.0 အမျိုးအစား ဖြစ်ကာ ရှေ့ကင်မရာငယ် ကတော့ 5 MP, f/2.2 အမျိုးအစားပါ။ 1080P စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့်ကို 1080 P နှုန်း ရရှိပါမယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 2GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 16GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အများဆုံးတိုးချဲ့နိုင်မယ့် မှတ်ဥာဏ်ပမာဏက တော့ 256 GB အထိပါ။ ထည့်သွင်းပေးထားသော Chipset အမျိုးအစားမှာ Mediatek MT 6735P ဖြစ်ပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားကတော့ Li-Po 4000 mAh ဖြစ်ပါတယ်။

<Specification>
Network - GSM/ HSPA/ LTE
Memory - 16 GB
CPU - QC 1.3GHz
Camera - 13MP
Screen - 5 inches
OS - Android OS, v5.1.1
Contact - 01-381035
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment