♪ “OPPO F1s” ♫


စမတ်ဖုန်းဈေးကွက်ထဲတွင် နိုင်ငံများစွာမှအမှတ်တံဆိပ်မျိုးစုံတို့သည် သူတို့၏ ဟန်းဆက်များပိုမိုရောင်းချနိုင် ရန်၊ ဈေးကွက်ဝေစုပိုမိုရရှိနိုင်ရန် နည်းလမ်း အမျိုးမျိုးဖြင့် ဆောင်ရွက်နေကြပါသည်။ ပြည်တွင်းဈေးကွက် ထဲတွင် ရောင်းချပေးနေ သောစမတ်ဖုန်းအများစု အခြေပြုရာနိုင်ငံကတော့ တရုတ် နိုင်ငံဖြစ်ပါသည်။ တရုတ်နိုင်ငံထုတ်ဟန်းဆက်များသည် ရွေးချယ်စရာ များပြားပြီး၊ ဈေးနှုန်းအမျိုးမျိုးရှိသောကြောင့် သုံးစွဲ သူအများစုအတွက် အဆင်ပြေစေပါသည်။ ပြည်တွင်းဈေးကွက်ထဲတွင် အချိန်တိုအတွင်း လူသိများ ထင်ရှားခဲ့သော အမှတ်တံဆိပ်တစ်မျိုးကတော့ OPPO ဖြစ်ပါသည်။

အခုအခါ OPPO ဖုန်းများကို သုံးစွဲသူ အများစုက ကင်မရာဖုန်းအဖြစ် အသိများကြပါ သည်။ OPPO ဟာ သုံးစွဲသူများ၏ လိုအပ်ချက်များကို စူးစမ်းလေ့လာ၍ သူ၏ဖုန်း များတွင် အကောင်းဆုံး စွမ်းရည်များကိုထည့်သွင်းပေးထားခြင်း ဖြစ်ပါသည်။ OPPO ရဲ့ လူသိများသည့် အစောပိုင်းဖုန်းတစ်လုံး ကတော့ N1 ဖြစ်ပါသည်။ ကင်မရာကို လှည့်လည်သုံးစွဲနိုင်သည့် အဆိုပါဖုန်းဟာ သုံးစွဲသူ များ၏ စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး၊ အထူးသဖြင့် မည်သည့်အနေအထားမှပင် ဓာတ်ပုံရိုက်ကူးပါစေ ကင်မရာစွမ်းရည်တူညီသောကြောင့် ဓာတ်ပုံရိုက်ခြင်းကို ခုံမင်သူများ (Selfie ပုံများရိုက်ကူးခြင်းကို ၀ါသနာပါသူများ) အကြိုက် တွေ့ခဲ့ ပါသည်။ အရွယ်အစားသေးငယ်သော ဖုန်းကိုသုံးချင်သူများ အတွက်လည်း OPPO ဟာ N1 mini ကို ထုတ်လုပ်ရောင်းချခဲ့ပါသေးသည်။

ရှေ့နောက်လှည့်လည်နိုင်သော ဟန်းဆက်ကို နှစ်သက်သူများအတွက် OPPO ဟာ ပိုမိုကောင်းမွန်သော နောက်ထပ်မျိုးဆက်သစ်ဖုန်းကို N3 ဟုအမည် မှည့်ခေါ်၍ ထပ်မံထုတ် လုပ်ခဲ့ပါသေးသည်။ N3 တွင်ကင်မရာကို လှည့်လည် သုံးစွဲနိုင်မှုအပိုင်းဟာ ပိုမိုအဆင့်မြင့်ပြီး ကောင်းမွန်လာပါသည်။ ထို့နောက် ပိုင်းတွင် OPPO သည် ဈေးနှုန်း သင့်တင့်သောဟန်းဆက်များကို မိတ်ဆက် ရောင်းချခဲ့ပါသည်။ OPPO မှ ယခုနောက်ဆုံးရောင်းချ ပေးထားသော ဟန်းဆက်ကတော့ F1s ဖြစ်ပါသည်။ နောက်ထပ်ဟန်းဆက်သစ်တစ်မျိုး ကိုလည်း မကြာမီ ရောင်းချပေးနိုင်ဖို့ ဆောင်ရွက်နေပါသည်။OPPO ဟာ F Series ဟန်းဆက်များကို ထုတ်လုပ်ရောင်းချပေးထားပါသည်။ OPPO F1 ကို ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလက မိတ်ဆက်ပေးထားပြီး၊ မျက်နှာပြင်အကျယ် 5 inches ရှိကာ၊ Gorilla Glass 4 တပ်ဆင်ပေးထားပါသည်။ အဓိကကင်မရာမှာ 13MP, f/2.2 စွမ်းရည်ရှိပြီး၊ ရှေ့ကင်မရာငယ်ကတော့ 8MP, f/2.0 စွမ်းရည် ရှိပါသည်။ ROM ပမာဏ 16GB နှင့် RAM ပမာဏ 3GB ပါရှိပါသည်။ Octa Core CPU စွမ်းရည်နဲ့ဖုန်းကို သုံးစွဲနိုင်မှာဖြစ်ပြီး၊ အားသွင်းရမည့် ဘက်ထရီ အမျိုးအစားကတော့ Li-Po 2500 mAh ဖြစ်ပါသည်။ F1 Plus ကိုတော့ ၂၀၁၆ ခုနှစ်၊ မတ်လမှာမိတ်ဆက်ပေးထားပြီး၊ ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်း ကတော့ 5.5 inches ရှိကာ၊ Gorilla Glass 4 တပ်ဆင်ပေးထားပါသည်။ အဓိက ကင်မရာမှာ 13MP,f/2.2 စွမ်းရည်ရှိပြီး၊ ရှေ့ကင်မရာငယ်ကတော့ 16MP, f/2.0 စွမ်းရည်ရှိပါသည်။ ဖုန်းတွင်းမှတ်ဥာဏ်ပမာဏ 64GB ပါရှိကာ၊ RAM ပမာဏ 4GB ထည့်သွင်းပေးထားပါသည်။ Octa Core CPU နှင့် Li-Po 2850 mAh ဘက်ထရီတို့ တပ်ဆင်ပေးထားပါသည်။

OPPO F1s ကို တော့ ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှာမိတ်ဆက်ပေးထားခြင်း ဖြစ်ပါသည်။ ပြည်တွင်းမှာ ပင်ခမ်းခမ်းနားနားမိတ်ဆက်ခဲ့ပြီး၊ အဆိုပါ ဖုန်းကို Selfie Expert လို့ ညွှန်းဆိုထားပါသည်။ F1s ရဲ့ ဖုန်းကိုယ်ထည်ဟာ ကိုင်ဆောင် အသုံးပြုသည့်အခါတွင် ပေါ့ပါးမှုရှိပါသည်။ ဖုန်း၏ဘေးဘောင် အနားသတ်ဟာ လှပပြီး၊ ကိုယ်ထည်ရဲ့ထောင့်စွန်းများသည် အ၀န်းအ၀ိုက် ပုံစံရှိပါသည်။ ဖုန်း၏ ဘေးတစ်ဖက်တွင်ပါဝါခလုတ်ကို တပ်ဆင်ပေးထားပြီး၊ အခြားတစ်ဖက်တွင် အသံအတိုး၊ အကျယ်ခလုတ်ကိုတပ်ဆင်ပေးထား ပါသည်။ အောက်ဘက်မှာတော့ home button ဟာ သတ္တုအနားသတ်ဖြင့် ကျယ်ပြန့်စွာနေရာယူထားပါသည်။အဓိက ကင်မရာသည် ဖုန်း၏ အနောက်ဘက် ထောင့်စွန်းတွင် အ၀ိုင်းပုံစံတည်ရှိပြီး၊ ဘေးဘက်မှာတော့ Flash မီးက နေရာယူထားပါသည်။ ဆင်းကတ်နှင့် SD Card ထည့်သုံးရမည့် နေရာကတော့ ပါဝါခလုတ်၏အပေါ်ဘက်တွင် တည်ရှိပါသည်။ ဖုန်း၏ အောက်နားဘောင်တွင် နားကြပ်ပေါက်၊ USB ပေါက်နှင့် စပီကာတို့ကို နေရာပေးထားပါသည်။ 2G, 3G, 4G Network အထောက်အပံ့ ပေးစွမ်းမည့် ဖုန်း ဖြစ်ပြီး၊ ဆင်းကတ်နှစ်ကတ်နှင့် SD Card တစ်ပြိုင်တည်းထည့်သွင်း သုံးစွဲနိုင်ပါမည်။ အသုံးပြု ရမည့် ဆင်းကတ်အမျိုးအစားကတော့ Nano Sim ဖြစ်ပါသည်။ ဖုန်းကိုယ်ထည်အရွယ်အစားပမာဏကတော့ 154.5 x 76 x 7.4 mm ဖြစ်ပြီး၊ အလေးချိန်မှာ 160g ရှိပါသည်။ ဖုန်းမျက်နှာပြင်အတွက် IPS LCD capacitive touchscreen ကို အသုံးပြုပေး ထားပြီး၊ မျက်နှာပြင် အကျယ်အ၀န်းကတော့ 5.5 inches ရှိပါသည်။

F1s ရဲ့ မျက်နှာပြင်ဟာ ကျယ်ပြန့်သည့်အမျိုးအစားဖြစ်သောကြောင့် ဖုန်းကိုအသုံးပြုသည့်အခါတွင် မြင်ကွင်း ရသပိုင်းအတွက် အဆင်ပြေစေမှာ ဖြစ်ပါသည်။ ပုံရိပ်များဖော်ပြသည့်အခါတွင် လည်း ကြည်လင်စေရန် 720x1280 pixels ပမာဏဖြင့် ထောက်ပံ့ပေးထားပါသည်။ တစ်လက်မမှာရှိ မည့် pixel ပမာဏ သိပ် သည်းဆကတော့ 267ppi ပါ။ ဖုန်းမျက်နှာပြင် အကြမ်းခံ နိုင်စေဖို့အတွက်လည်း Gorilla Glass 4 ဖုံးအုပ်ပေးထားပါသေး သည်။ လက်ဗွေရာဖတ်စနစ်အသုံးပြုမှုတွင်ကျယ်နေခြင်းကြောင့် OPPO သည် F1s တွင်လည်း Fingerprint စနစ် အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးထားပါ သည်။ အလွန်မြန်ဆန်သော 0.22s ဖြင့်ဖုန်းကို unlock လုပ်နိုင်မှာဖြစ်ပါသည်။
F1s ရဲ့အဓိက ကင်မရာမှာ 13MP,f/2.2 စွမ်းရည်ရှိပြီး၊ ညဘက် ရိုက်ကူးသည့် အခါ အံ့အားသင့်ဖွယ်လှပသော ပုံရိပ်များကို ပေးစွမ်းမှာဖြစ်ပါသည်။ Ultra HD, GIF, Double Exposure, Expert Mode, Various Filters စသဖြင့် မိမိလိုချင်သလို ချိန်ညှိရိုက်ကူးနိုင်ပါသည်။ F1s ရဲ့ ထူးခြားမှုဖြစ်သော ရှေ့ကင်မရာငယ်ရဲ့စွမ်းရည်မှာ 16MP,f/2.0 ဖြစ်ပါသည်။ အဆိုပါ စွမ်းရည် သည်အချို့သော စမတ်ဖုန်းကောင်းများ၏ အဓိကကင်မရာစွမ်းရည်နဲ့ တူညီပါသည်။ အရှေ့ဘက်ကင်မရာငယ်ဖြင့် ရိုက်ကူးသည့် အခါတွင်လည်း အလင်းစနစ်ကို ချိန်ညှိရိုက်ကူးနိုင်ပါမယ်။ အရှေ့ဘက်ကင်မရာငယ်အတွက် GIF,Various Filters နှင့် Double Exposure စနစ်တို့ကိုထည့်သွင်းပေးထားပါ သည်။

အရှေ့ဘက်ကင်မရာငယ်ကို အသားပေးတီထွင်ပေးထားခြင်းကြောင့် ပုံများ ရိုက်ကူးသည့်အခါ ပိုမိုတောက်ပပြီး၊ အသေးစိတ်ကျလှပစေရန် Beautify 4.0 ကို ထည့်သွင်းပေးထားပါသေးသည်။ ပုံမှန် ရိုက်ကူးနိုင်ရုံသာမက တို့ထိခြင်း၊ အသံပေးခြင်း၊လက်ဝါးထောင်ပြခြင်းတို့ဖြင့်ပါ ဓာတ်ပုံများရိုက်ကူးနိုင်ပါမည်။ ဖုန်းကိုကြည့်၍ cheese ဟုအသံပြုပါက ပုံများ ရိုက်ကူးပေးမှာဖြစ်ပါသည်။ ဓာတ်ပုံရိုက်ကူးရန်အတွက်အချိန်ကိုလည်း 3s, 5s, 8s စသဖြင့် ကြိုက်နှစ်သက် သလိုအချိန်ပေးထားနိုင်ပါသည်။ ပုံများကို Standard, Rectangle, Full Screen စသဖြင့် နှစ်သက်သလို မှတ်တမ်းတင်နိုင်ပါသည်။ သိမ်းဆည်းမှု အပိုင်းတွင်လည်း Normal save နှင့် Flip save ဆိုပြီးရွေးနိုင်ပါသေးသည်။ Double Exposure စနစ်သည် ပုံနှစ်ပုံကိုပေါင်းစပ်ပေးသောကြောင့် ဆန်းသစ် သောပုံစံဖြင့် ဓာတ် ပုံရိုက်လိုသူများအကြိုက်တွေ့ပါလိမ့်မည်။ Video ရိုက်ကူး နိုင်မည့် စွမ်းရည်မှာ 1080p ဖြစ်ပြီး၊ နှုန်းမှာတစ်စက္ကန့်ကို 30frames ဖြစ်ပါသည်။

အသုံးပြုနိုင်မည့် Android version ကတော့ 5.1 ဖြစ်ပါသည်။ OPPO ရဲ့ Color OS 3.0 နဲ့တွဲဖက်သုံးရမှာဖြစ်ပါသည်။ ထည့်သွင်းပေးထားသော chipset အမျိုးအစားကတော့ Mediatek MT6750 ပါ။ CPU ရဲ့ စွမ်းရည်မှာ Octa Core 1.5GHz Cortex-A53 ဖြစ်သောကြောင့် ဖုန်းသုံးစွဲသည့်အခါတွင်လျင်မြန် သည့်တုံ့ပြန်မှုများကို ရရှိနိုင်ပါသည်။ ထည့်သွင်းပေးထားသော GPU ကတော့ Mali-T860MP2 ဖြစ်ပါသည်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 3GB ထည့်သွင်းပေးထားပြီး၊ ဖုန်းတွင်း မှတ်ဥာဏ်ပမာဏအဖြစ် 32GB ပါရှိအောင် ဆောင်ရွက်ပေးထားပါသည်။ ထိုပမာဏဟာ အချက်အလက်အများအပြား သိမ်းဆည်းရန် လုံလောက်သော်လည်း အချို့သောသူများအနေဖြင့် မှတ်ဥာဏ် ပမာဏကိုချဲ့ထွင်သိမ်းဆည်းလိုကြပါသည်။ ထိုအတွက်လည်း Card slot စနစ်သုံးစွဲနိုင်အောင် လုပ်ဆောင်ပေးထားပြီး၊ အများဆုံးတိုးချဲ့နိုင် မည့် မှတ်ဥာဏ်ပမာဏကတော့ 128GB အထိဖြစ်ပါသည်။ F1s တွင် Virus Scanner စနစ်ပါရှိသောကြောင့် ဖုန်းကိုလုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါမည်။ သုံးစွဲသူ၏ မျက်လုံးကိုအကာအကွယ်ဖြစ်အောင်လည်း Eye Protection စနစ် ထည့်သွင်းပေးထားပါသေးသည်။ ဖုန်း၏ မျက်နှာပြင်တွင် O ပုံစံ၊ V ပုံစံများ ရေးဆွဲ၍ မိမိလိုချင်သောစနစ်ကို တိုက်ရိုက်ဖွင့်သုံးစွဲနိုင်မည့် Gesture & Motion စနစ်လည်း ပါရှိပါသည်။ Bluetooth version ကတော့ 4.0 ပါ။ အားသွင်းရမည့် ဘက်ထရီအမျိုးအစားမှာ Li-Po 3075 mAh ဖြစ်သောကြောင့် ဖုန်းကို အချိန်ကြာမြင့်စွာ သုံးစွဲနိုင်ပါမည်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment