♪ အိမ်ပုံစံတွေက အစ ရေးဆွဲနိုင်စေမယ့် Drawing Tablet ♫


အိမ်သုံး၊ အသေးသုံး အီလက်ထရာနစ် gadget လောကကို တစိမ့်စိမ့်ဝင်ရောက်လာနေပြီး အောင်မြင်မှုတွေ အထိုက်အလျောက်ရရှိနေတာက Walcom ပဲ ဖြစ်ပါတယ်။
.
Winodw 10 အခြေပြု တက်ဘလက်ဖြစ်ပြီး Walcom Mobile Studio Pro လို့ အမည်ရှိပါတယ်။ သုံးစွဲသူရဲ့ ရုပ်ပိုင်းဆိုင်ရာ Control ကို ပိုမိုတိုးတက်စေဖို့အတွက် ၊ ပုံရိပ်ရေးဆွဲတဲ့အချိန်မှာ ရှိတတ်တဲ့ ပြသနာတွေ ပြေပျောက်စေဖို့ ဆော့ဖ်ဝဲ နဲ့ Tools အကောင်းစားတွေက ထောက်ပံ့ပေး ထားပါတယ်။

တကယ့်ပြင်ပကမ္ဘာမှာ ဘော့လ်ပင် နဲ့ ရေးဆွဲရသလိုမျီုး အနီးစပ်ဆုံး ဆင်တူနေမယ့် Walcom ရဲ့ နည်းပညာ အသစ် ထည့်သွင်းထားတဲ့ ProPen 2 ကို သုံးစွဲထားပါတယ်။ 2D သရုပ်ဖော်ပုံတွေ နဲ့ လုပ်ဆောင်တွေအပြင် 3D မော်ဒယ်၊ အိမ်ပုံစံ့ ဒီဇိုင်း၊ Animation လုပ်ဆောင်မှု တွေအတွက် ရှေ့ပြေး ပုံရိပ်တွေကို အကောင်းဆုံး ရေးဆွဲနိုင်စေမယ့် တက်ဘလက်တစ်ခု လည်း ဖြစ်ပါတယ်။ ပန်းချီဆရာ၊ ဒီဇိုင်းနာ ၊ ကျောင်းဆရာ ၊ အင်ဂျင်နီယာတွေ နဲ့ ပုံဆွဲ၊ ဒီဇိုင်း တွေ နဲ့ မကင်းလွတ်သေးတဲ့ ပညာရှင်တွေအားလုံး အကြိုက်တွေ့မယ့် တက်ဘလက်လေးတစ်ခုလည်း ဖြစ်ပါတယ်။
.
၁၃.၃ လက်မ နဲ့ ၁၅.၆ လက်မ နှစ်မျိုး ထုတ်လုပ်ထားပြီး ၁၃.၃ လက်မ Tablet မှာ ပုံထွက်အရည်အသွေး 2.5K နဲ့ ၁၅.၆ လက်မ အတွက်မှာတော့ 4K resolution ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲ နဲ့ hardware ကို မောင်းနှင်ဖို့ အတွက် Intel ပရိုဆက်ဆာတွေကိုပဲ သုံးစွဲထားပြီး 4GB RAM နဲ့အတူ 512 GB အထိ အဆင့်မြှင့်တင်ပေးနိုင်စေမယ့် SSD သုံးစွဲထားပါတယ်။

Tablet အရည်အသွေး ပိုမိုကောင်းမွန်စေဖို့ Intel ကုမ္ပဏီပိုင် Real Sense camera Tools ကို ထောက်ပံ့ပေးထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀၀ ၀န်းကျင် နဲ့ စတင်ဈေးကွက်တင် ရောင်းချ သွားမယ် လို့ ဆိုပါတယ်။



Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment