♪ “နာမည်ကြီးဖဲဂိမ်း Microsoft Solitaire ကို iOS နှင့် Android အတွက်လည်း ရရှိဆော့ကစားနိုင်ပြီ “ ♫


Microsoft က သူ့ရဲ့ကျော်ကြားတဲ့ အရာတစ်ခုကို iOS နဲ့ Android အတွက် ယူဆောင်လာပါပြီ။ Microsoft Solitaire Collection ဟာ PC ရဲ့ Windows ပေါ်မှာ အခြေစိုက်နေရာမှ ယခုအခါ ကျွန်တော်တို့ အိတ်ကပ်ထဲမှာရှိတဲ့ စမတ်ဖုန်းတွေဆီကို ခြေချလိုက်ပါပြီ။  အကောင်းဆုံးကတော့ အခမဲ့ download ပေးထားခြင်း ဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ Microsoft ရဲ့ Klondike ၊ Spider solitaire ၊ Freecell စတာတွေကို မကစားဖူးဘူးဆိုရင်တော့ သင်ဟာ အငယ်တန်းအဆင့်သာ ရှိပုံပေါက်ပါတယ်။ ကုမ္ပဏီက ဒါဟာ ကမ္ဘာ့နံပါတ်တစ် solitaire ဂိမ်းဖြစ်ကြောင်း၊ “အချိန်တိုင်းကစားနေတဲ့ ဂိမ်းထဲက တစ်ခု” ဖြစ်ကြောင်း ကြွေးကြော်ထားပါတယ်။ ဒါပေမယ့်လည်း ဒါဟာ Windows မဟုတ်တဲ့ platform ပေါ်မှာရရှိတာကတော့ ပထမဆုံး ဖြစ်ပါတယ်။

အခမဲ့ရရှိမယ့်အထဲမှာ ဂိမ်းအမျိုးအစား ငါးခု ပါဝင်မှာဖြစ်ပါတယ်။ Klondike မှာ timeless နဲ့ classic versions ဆိုပြီးနှစ်မျိုးရှိပါတယ်။ traditional ဒါမှမဟုတ် Vegas scoring ကြိုက်နှစ်သက်ရာနဲ့ ကစားနိုင်ပါတယ်။ လုပ်ရမှာကတော့ တစ်ကတ် ဒါမှမဟုတ် သုံးကတ်ဆွဲပြီး ကတ်တွေအားလုံးကို ရှင်းရမှာပါ။


Spider solitaire ကတော့ ကော်လံရှစ်ခုမှာ ကတ်တွေကို စီရမှာဖြစ်ပြီး ကစားသူကတော့ အားလုံးကို အစီအစဉ်အတိုင်း စီပေးရမှာဖြစ်ပါတယ်။ single suit ဒါမှမဟုတ် four suit ဆိုပြီးတော့ အဆင့်အမျိုးမျိုးရှိပါတယ်။ Freecell ကလည်း ခဏတာ စီနိုင်တဲ့နေရာလေးခုသာပါဝင်ပြီး အထက်ကနဲ့ အတူတူပဲ ဖြစ်ပါတယ်။

ဂိမ်းငါးခုထဲမှာ Tripeaks နဲ့ Pyramid ကတော့ လူသိနည်းပါတယ်။ ကတ်စီရတဲ့ဂိမ်းဖြစ်တာနဲ့အညီ Tripeaks မှာ ဖဲချပ်ဝေမှု အကန့်အသတ်ရှိပြီး Pyramid ကတော့ ကတ်တွေကို ဆယ့်သုံးထက်များအောင် တွဲဖက်ရမှာ ဖြစ်ပါတယ်။ Microsoft ကတော့ အဲဒီဂိမ်းငါးခုမှာ daily challenges တွေပါဝင်မှာဖြစ်ကြောင်း၊ အဆင့်လေးဆင့်ပါဝင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အောင်ခဲ့ရင်တော့ ဆုတံဆိပ်တွေ၊ ဆုတွေလည်း ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

Solitaire Collection ကို ၂၁ရာစုကို ယူဆောင်လာသလို သင့်မှာ အကောင့်ရှိတယ်ဆိုရင်တော့ Xbox Live support ရှိပါသေးတယ်။ ဒါဟာ အခြားသူတွေကစားထားတဲ့ အမြင့်ဆုံး အမှတ်တွေကို ပြသပေးမှာဖြစ်ပြီး ဂိမ်းရဲ့အဆင့်ကို သိမ်းပေးထားတဲ့အတွက် တခြားဖုန်းမှာလည်း ဆော့ကစားနိုင်ဦးမှာပါ။ ကံမကောင်းတာကတော့ macOS version အတွက် မရှိတာပါပဲ။

အခုဂိမ်းတွေဟာ အခမဲ့ပေးထားတာ ဖြစ်သော်လည်း Microsoft က ၀ယ်ယူနိုင်ဖို့လည်း စီစဉ်ထားပေးပါတယ်။ “Premium Edition” ကတော့ daily challenges တွေကို အောင်မြင်တဲ့အခါမှာ သာမန်ထက် coin နှစ်ဆရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်လကို $1.99 ကုန်ကျမှာ ဖြစ်ပါတယ်။


MORE Apple App StoreAndroid Play
Aung Phyo Oo (Myanmar Mobile app)





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment