♪ Huawei ဖုန်းတွေကို အခြားဖုန်းတွေနဲ့ လဲလှယ်နိုင်ပြီ ♫


Smart Com ဖုန်းဆိုင်များနဲ့ Huawei Showroom များမှာ Huawei ရဲ့ Android OS သုံး ဘယ်ဖုန်းကို အဆို Huawei အပါအဝင် အခြားဖုန်းတွေနဲ့ အလိုက်ပေးပြီးလဲယူနိုင်ပြီဖြစ်တယ် လို့ သိရပါတယ်။

“Huawei ရဲ့ Android ဖုန်း ဘယ်ဖုန်းမဆို လဲလှယ်နိုင်ပေမယ့် သတ်မှတ်ချက်တွေတော့ရှိ ပါတယ်။ ဖုန်းကပါဝါဖွင့်လိုရရမယ်၊ အတွင်းပစ္စည်းစုံရမယ်၊တကယ်လို ဘထ္တရီ မရှိဘူးဆိုရင်ကျွန်တော်တို့ ဆီမှာ ရှိတဲ့ စက်ကရိယာတစ်ခုနဲ့ ထောက်ပြီး ပါဝါပွင့်နိုင်တဲ့ အနေအထား ဆိုရင်တော့လဲလိုရတယ်။

 ရေဝင်သွားရင်တော့ လဲလိုမရဘူးပေါ့နော်။Huawei Showroom တွေမှာ Huawei Brand အချင်းချင်းပဲ လဲလို့ ရပြီး  Smart Com ဖုန်းဆိုင်တွေမှာဆိုရင်တော့ Huawei Brand မဟုတ်ပဲ Samsung, Oppo,Vivo နဲ့ အခြား Brand များကိုလည်း လဲယူနိုင်ပါတယ်” လို့ Smart Com မှ မမြတ်သူဇာ နဲ့ ကိုကျော်မျိုးအောင် ဆို့က ပြောကြားခဲ့ပါတယ်။

Huawei မှ GR 5(2017) ကိုဒီဇင်ဘာလဆန်း ထွက်မယ်လို လဲသိရှိခဲ့ပါတယ်။


Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment