♪ “Vivo က Xplay6 ကိုမိတ်ဆက်” ♫


တရုတ် စမတ်ဖုန်းထုတ်လုပ်သူ Vivo က X9 နဲ့ X9 Plus စမတ်ဖုန်းများကို မိတ်ဆက်ခဲ့တဲ့အပြင် Xplay6 စမတ်ဖုန်း ကိုလည်းမိတ်ဆက်ခဲ့ပါတယ်။ Vivo Xplay6 စမတ်ဖုန်းမှာ ၅.၄၆ လက်မ QHD AMOLED Display တပ်ဆင် ထားပါ တယ်။ Qualcomm Snapdragon 820 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 

6GB RAM နဲ့ 128GB Internal Storage ထည့်သွင်း ထားပါတယ်။ Dual-SIM Smartphone ဖြစ်ပြီး 4G LTE ကိုလည်းအထောက်အပံ့ပေးပါတယ်။ လျင်မြန် စွာအားသွင်းနိုင်တဲ့ နည်းပညာပါတဲ့ 4080mAh Battery ပါရှိပါတယ်။ Android 6.0 Marshmallow ကိုအခြေပြုထားတဲ့ Vivo Funtouch OS 3.0 ထည့်သွင်းထားပါတယ်။ Vivo Xplay6 ရဲ့ အနောက်ဘက်မှာကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ 

12Megapixel Sony IMX362 Camera မှာ Optical Image Stabilization နဲ့ Phase Detection Autofocus နည်းပညာများပါရှိပါ တယ်။ ၀.၀၃ စက္ကန့်အတွင်းမှာ Focus ပြုလုပ်ပေးနိုင်ပါတယ်။ ဒုတိယ အနောက်ဘက် ကင်မရာမှာ 5 Megapixel Camera ဖြစ်ပြီး အသေးစိတ်ကျတဲ့ ပုံရိပ်များကိုဖမ်းယူပေးနိုင်ပါတယ်။ အနောက်ဘက်မှာ Dual-Tone LED Flash ကိုလည်း တပ်ဆင်ထား ပါတယ်။ အရှေ့ဘက်မှာ Selfie ဓါတ်ပုံများရိုက်ကူးဖို့ အတွက် 16 Megapixel Camera တပ်ဆင်ထားပါတယ်။ 

 လက်ဗွေရာ စစ်ဆေး တဲ့ ကိရိယာကိုလည်းတပ်ဆင်ထားပါတယ်။ တရုတ်မှာဒီဇင်ဘာလ ၁၂ ရက် နေ့တွင် ယွမ် ၄၄၉၈ ( ဒေါ်လာ ၆၅၁ ) ဖြင့် ရောင်းချပေးမှာဖြစ်ပါတယ်။ ရွှေနဲ့ နှင်းဆီရွှေရောင်များထုတ်လုပ်ပေး ထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment