♪ “Vivo က X9 နဲ့ X9 Plus ကို မိတ်ဆက်” ♫


Vivo က အရှေ့ကင်မရာ ၂ လုံးပါတဲ့ X9 နဲ့ X9 Plus တို့ကိုမိတ်ဆက်လိုက် ပါတယ်။ အရှေ့ကင်မရာ ၂ လုံးမှာ 20MP နဲ့ 8MP တို့ ဖြစ်ပြီး 8MP က အသေးစိတ်ပုံရိပ်များကိုဖမ်းယူပေးနိုင်သလိုထူးခြားတဲ့ Selfie Effect များကို ဖန်တီးပေးနိုင်ပါတယ်။ X9 မှာ ၅.၅ လက်မ Full HD Supre AMOLED Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 625 SoC က စွမ်းဆောင်ရည်သင့် အမျိုးအစားဖြစ်ပါ တယ်။

4GB RAM, 64GB or 128GB Storage တပ်ဆင်ထားပါတယ်။ 128GB ဟာ နိုင်ငံတကာ ဗားရှင်းဖြစ်ပါတယ်။ အနောက်ဘက်မှာ PDAF နည်းပညာပါတဲ့ 16MP Camera တပ်ဆင်ထားပါ တယ်။ 4G LTE, VoLTE, Dual SIM တို့ကိုထောက်ပံ့ပါတယ်။ လက်ဗွေရာ စစ်ဆေးတဲ့ကိရိယာနဲ့ 3050mAh Battery ပါပါတယ်။ Vivo X9 Plus မှာ 5.88” Full HD Super AMOLED Display တပ်ဆင်ထားပါတယ်။ ပိုမို စွမ်းရည် ပြည့်တဲ့ Snapdragon 653 Chipset, 6GB RAM, 128GB Storage ထည့်သွင်း ထားပါတယ်။ 4000mAh Battery ပါပါတယ်။ အခြား Specifications များမှာ တူညီကြပါတယ်။

ဖုန်း ၂ လုံးစလုံးအတွက် ရွှေနဲ့ နှင်းဆီရွှေရောင်များ ရွေးချယ် နိုင်ပါတယ်။ X9 ( 64GB ) Model ကိုတရုတ်မှာဒေါ်လာ ၄၀၆ ၀န်းကျင်နဲ့ X9 ( 128GB ) Model ကိုဒေါ်လာ ၄၃၅ ၀န်းကျင် သတ်မှတ် ထားပါတယ်။ Vivo X9 Plus ရဲ့ ဈေးနှုန်းကိုဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ကြေညာမယ်လို့ Vivo က ပြောပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment