♪ ဘာသာစကား မျိုးစုံကို နားလည်စေမယ့် တတိယ နား ♫


သိပ္ပံပညာရှင်တစ်စု ဟာ လွန်ခဲ့တဲ့ ၂ နှစ်ပတ်ဝန်းကျင်ကတည်းက ဘာသာစကားမျိုးစုံကို တတ်ကျွမ်းနားလည်သွားစေမယ့် တတိယနား လို့ အမည်ပေးထားတဲ့ Third Ear ကိရိယာတစ်ခု ကို တီထွင်ထုတ်လုပ်လျက်ရှိခဲ့ရာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ တတိယပတ်အတွင်းမှာပင် အကြမ်းထည် အဆင့် ပြီးမြောက်အောင်မြင်ခဲ့တယ် လို့ သိရပါတယ်။
.
Third Ear (တတိယနား) ရဲ့ ဖွဲ့စည်းတည်ဆောက်မှုမှာ အခန်းကြီး ၂ ခန်း အဓိက ပါဝင်လျက်ရှိပြီး ပထမပိုင်းဟာ Circular Film အပိုင်းဖြစ်ပြီး ဒုတိယပိုင်းကတော့ Earphone audio processor အဖြစ် တည်ဆောက်ထားကြောင်း သိရပါတယ်။ Circular Film မှာ အသံပိုင်းဆိုင်ရာ စစ်ဆေးချက်ပေါင်း သန်းချီထည့်သွင်းထားတဲ့ ချစ်ပ်ပြားအသေးလေးတွေ ပါရှိမှာ ဖြစ်ပါတယ်။ ဒုတိယအပိုင်းကတော့ ဘာသာစကားတွေကို လက်ခံပေးပြီး တုန်ခါနှုန်း နဲ့ Circular Film ကို ပို့လွှတ်မှာ ဖြစ်ပါတယ်။ Circular Film က လက်ခံရရှိတဲ့ ဘာသာစကားတွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပေးမှာဖြစ်ကြောင်း ကုမ္ပဏီရဲ့ ၀က်ဆိုဒ်မှာ သူရဲ့ လုပ်ဆောင်ချက်ကို ထုတ်ဖော်ရေးသားထားပါတယ်။
.
ခန့်မှန်းခြေအားဖြင့် ၂၀၁၈ ခုနှစ် CES ပွဲမှာ ထုတ်ဖော်ပြသဖို့ ရည်ရွယ်ထားပေမယ့် Circular Film က လက်ခံရယူပြီး ပရိုဆက်ဆာဆီကို ပြန်လည်ရွှေ့ပြောင်းမှု အပိုင်းမှာ ပြစ်ချက်အနည်းငယ် ရှိနေသေးရင်တော့ ထုတ်ကုန်ဟာ ထင်ထားတဲ့အချိန်ထက် အများကြီးေ နာက်ကျသွားဖို့ လည်း ဖြစ်နိုင်တယ် လို့ သိရပါတယ်။



Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment